http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

၂၀၁၀ နှစ်ဦး လျှော့ဈေးအဖြစ် နှစ်ချို့ နှလုံးသားတစ်စုံ ရောင်းရန်ရှိသည်

အောက်ပါ အရည်အချင်းများကို ပိုင်ဆိုင်သည်။

၁။ မြန်မာပြည်ဖြစ် ကြင်နာတတ်သောနှလုံးသား တစ်စုံဖြစ်သည်။
၂။ ကျန်ရစ်မင်းနှင့် အမျိုးမကင်းသောကြောင့် ချိန်ပါ ခဏခဏဖြစ်ဖူးသည်ဟု ဝန်ခံထားသည်။
၃။ ချစ်မီးတဟုန်းဟုန်းတောက်လောင်နေသူ ဖြစ်၍ မီးသတ်ကားပင် မနိုင်ဟုဆိုကြသည်။
၎။ Handphone ရထားသော မျောက်ကဲ့သို့ တခါတလေ ဂဏာမငြိမ် ဖြစ်နေတတ်သည်။
၅။ လူပျိုကြီးဘဝမှ တမူပိုတိုးပြီး လူပျိုသိုးကြီး ဖြစ်မှာကို ကြောက်ဟန်တူသည်။
၆။ အဝေးမှ ကြည့်လျှင် ဗေလုဝထက် ပိုချောသည်ဟု ထင်ရသည်။
၇။ အရပ်အမောင်းအားဖြင့် ကိုချစ်စရာထက် လက်တစ်လုံးပိုဟန် ရှိသည်။
၈။ အသားအရည်မှာ ကိုငှက်ပျောကြော်ကဲ့သို့ ခန့် ညားသည်ဟု ကြွားလုံးထုတ်ထားသည်။
၉။ အစားအသောက်တွင် ဇီဇာကြောင်တတ်ပြီး ပွစိပွစိ ပြောတတ်သည်။
၁၀။ .............. .................... .....................

အသေးစိပ် သိလိုပါက ထိုလူပျိုကြီးအကြောင်းကို ဧဒင်ဥယျာဉ်မှAdminKOMYO ထံ စာရေးမေးမြန်းနိုင်သည်။

မှတ်ချက်။ ။ ဘဝတူ အပျိုကြီးများအား မရောင်းပါဟု မှတ်ချက်ပေးထားသည်။

herostar

2 comments: on "၂၀၁၀ နှစ်ဦး လျှော့ဈေးအဖြစ် နှစ်ချို့ နှလုံးသားတစ်စုံ ရောင်းရန်ရှိသည်"

Anonymous said...

နှစ်လုံးသားရောင်းတာနဲ့ မတူဘူး. မစွန်သိုးကြီးရောင်းနေတာ

Anonymous said...

နှစ်လုံးသားရောင်းတာနဲ့ မတူဘူး နှစ်ချို့ မစွန်သိုးကြီးရောင်းနေတာ. နဲ့ ပိုတူတယ် :)

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်