http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

ငလျင်လှုပ်ခဲ့ရင် ဘယ်ကိုပြေးမှာလဲ?




သဘာဝဘေးအန္တရာယ်ထဲမှာ ငလျင်ကလည်း ကြောက်စရာကောင်းလှပါတယ်။ ကျနော်တို့ကတော့ ကံကောင်းနေကြသေးလို့ ကိုယ်တိုင်မကြုံဖူး မခံစားမိသေးဘူး။ အကယ်၍ ငလျင်လှုပ်ခဲ့ရင် ခုံအောက် ကုတင်အောက်ပဲ ပြေးပုန်းမှာလား၊ ဒါမှမဟုတ် တံခါးပေါက်ဝမှာပဲ ရပ်နေမှာလား? ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာလား? အဲဒီလို တွေးကြည့်စဉ်းစားမိကြပါသလား? အောက်ကစာကို ဆက်ဖတ်သွားကြည့်ပါ တစ်နေ့နေ့ ခင်ဗျားအသက်ကို ကယ်တင်နိုင်မယ်လို့ ထင်ပါတယ်။

အလွယ်ဆုံးရှင်းပြရရင် အဆောက်အအုံတစ်ခု ပြိုကျတဲ့အခါ မျက်နှာကျက်အလေးချိန်ဟာ အောက်မှာရှိတဲ့ ပရိဘောဂများ အရာဝတ္ထုများကို ကျိုးပဲ့ပျက်စီးစေပြီး အဲဒီဘေးမှာ တြိရိဂံနေရာလေး ဖြစ်ပေါ်စေပါတယ်။ တြိရိဂံနေရာက ပရိဘောဂရဲ့ ဘေးမှာနော် အောက်မှာမဟုတ်ဘူး။ အဲဒီတြိရိဂံနေရာကို ကျနော်က “Triangle of Life” လို့ ခေါ်ပါတယ်။ အောက်ဖက်က ပရိဘောဂပစ္စည်းဟာ ကြီးမားခိုင်မာလေ ဘေးကဖြစ်စေနိုင်တဲ့ တြိရိဂံနေရာလွတ်ဟာ ပိုကြီးမားမယ်၊ ဒါကြောင့် အဲဒီလိုနေရာကို အသုံးပြုပြီး ပုန်းခိုတဲ့လူဟာ ထိခိုက်ဒဏ်ရာရမှာ မဟုတ်ပါဘူး။

နောက်တစ်ခါ တီဗွီသတင်းထဲမှာ ပြိုကျနေတဲ့ အဆောက်အအုံတွေကို မြင်ရင် တြိရိဂံလိုနေရာ ဘယ်နှစ်ခုတွေ့နိုင်မလဲဆိုတာ ရှာကြည့်ပါ၊ အများကြီးတွေ့ရမှာပါ။ ကဲ ငလျင်ဖြစ်လာရင် အသုံးတကယ်ဝင်မဲ့ ဆောင်ရန်ရှောင်ရန်နည်းတချို့ကို ပေးလိုက်ပါတယ်။

၁။ လူတိုင်းလိုလို ခုံအောက်မှာ ကားထဲမှာ ၀င်ပုန်းကြတယ်၊ အဲဒီလိုနေရာမှာ ပုန်းကြတဲ့လူတွေ ဖိမိပြီးသေကြရတယ်။





၂။ ငလျင်လှုပ်ချိန်မှာ အပြင်ပြေးထွက်ဖို့ အချိန်မရှိခဲ့ရင် ဆိုဖာခုံ၊ ကုတင်၊ စားပွဲကြီး၊ ရေခဲသေတ္တာ စတဲ့ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုခုရဲ့ ဘေးကပ်လျက်မှာ ပုဇွန်တုပ်ကွေး ကွေးပြီးနေရင် တြိရိဂံပုံနေရာလွတ်လေးက သင့်ကို ကယ်တင်နိုင်မှာပါ။





၃။ ငလျင်လှုပ်တဲ့အခါ သစ်သားအိမ်တွေကတော့ အလုံခြုံဆုံး အိမ်ပုံစံဖြစ်ပါတယ်။ ပြိုကျခဲ့ရင် နေရာလွတ်အများကြီး ဖြစ်စေပါတယ်။ အုတ်နဲ့ဆောက်ထားတဲ့အိမ်တွေ ပြိုကျရင် အုတ်ခဲတွေတစ်ခုစီကွဲကုန်ပြီး ဒဏ်ရာများစွာရစေပါတယ်။ ဒါပေမဲ့ ကွန်ကရစ်အိမ်လို ခန္ဓာကိုယ်တွေကို ဖိညှပ်ကျေပျက်စေခြင်း မရှိပါဘူး။



၎။ အကယ်၍ ညဖက်အိပ်နေချိန်မှာ ငလျင်လှုပ်ခဲ့ရင် အလွယ်တကူ ကုတင်ဘေးကို လှိမ့်ချလိုက်ပါ။ တြိရံဂံနေရာလွတ်ဟာ ကုတင်ဘေးကပ်လျက် မှာ ရှိလာမှာပါ။


၅။ အဆောက်အအုံပြိုကျတဲ့အခါ အိမ်တံခါးပေါက်ဝမှာ ပုံးနေတဲ့လူက တံခါးမကြီးဟာ အတွင်းဖက် သို့မဟုတ် အပြင်ဖက်ကိုလှဲကျပြီး အပေါ်ကမျက်နှာကြက် ပြိုကျဖိမိပြီး သေကြရပါတယ်။

၆။ ငလျင်လှုပ်တဲ့အခါ လှေကားပေါ် လုံးဝမသွားပါနဲ့။ ငလျင်ကြောင့် လှေကားပျက်မကျခဲ့ရင်တောင် လူတွေအများရဲ့ အလေးချိန်နဲ့ နောက်ပိုင်းမှာ ပြိုကျနိုင်ပါတယ်။ အဆောက်အအုံ မပျက်စီးခဲ့ရင်တောင် လှေကားကို ထပ်မံစစ်ဆေးသင့်ပါတယ်။

၇။ အပြင်ဆုံးအိမ်နံရံဖက် သို့မဟုတ် အိမ်အပြင်ဖက်ကို နီးနိုင်သမျှ အရောက်သွားနေပါ။ အိမ်အတွင်းထဲမှာနေသူဟာ အပြင်ထွက်ဖို့လမ်းကြောင်း ရှာဖွေနိုင်ဖို့ ပိုမိုခက်ခဲပါတယ်။

၈။ ကားမောင်းနေရင်း ငလျင်လှုပ်တဲ့အခါ ကားအတွင်းမှာပဲ နေကြသူများဟာ အပေါ်ကလမ်းတွေ ပြိုကျဖိမိပြီး အားလုံးသေကြရတယ်။ ၁၉၈၉ ခုနှစ် ဆန်ဖရန်စစ်စကို ငလျင်မှာ Nimitz Freeway လမ်းမကြီးပေါ်မှာ အဲဒီလို ဖြစ်ခဲ့တယ်။ ကားထဲမှာနေနေကြတဲ့လူတွေ အားလုံးသေကြတယ်။ အကယ်၍ သူတို့က ကားထဲကထွက်ပြီး မိမိရဲ့ကားဘေးမှာပဲ ထိုင်နေရင် သို့မဟုတ် လှဲနေရင် အလွယ်တကူ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ကရစ်တိုင်လုံးကြီး ကားပေါ်တည့်တည့် ထက်ချိုးကျတဲ့ ကားတွေကလွှဲရင် ပျက်စီးကြေမွှသွားတဲ့ ကားတွေရဲ့ဘေးမှာ ၃ ပေအမြင့်နေရာလွတ်တွေ ရှိခဲ့ပါတယ်။


၉။ ကျနော့်အတွေ့အကြုံအရ ပြိုကျသွားတဲ့ သတင်းစာတိုက်လို စက္ကူတွေအများကြီးရှိတဲ့ အဆောက်အအုံထဲမှာ စက္ကူထုတ်တွေရဲ့ဘေးနားမှာ နေရာလွတ်အများကြီး ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
“The triangle of live saves lives” ဆိုတာလေးကို ထပ်မှတ်ထားလိုက်ပါ။ ဒီစာလေးကို လက်ဆင့်ကမ်းရင်း လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ကြပါစေလို့…။






http://myitkyinaonline.com မှ ကူးယူပါသည် ရေးသားသူ - ကျော်ကျော်
အပြည့်အစုံဖတ်ရန်...

Amazing Water Therapy

Amazing Water Therapy လို့ ပေးထားပြီး ရေးသားသူက Dr.Mahmoud Hussian (IBN SINA Company) ဖြစ်ပါတယ်။ ပျောက်ကင်းနိုင်တဲ့ ရောဂါများကတော့…


-Blood Pressure/ Hyper Tension (သွေးတိုး)

-Anemia (Blood Shortage) (သွေးနီဥနည်းခြင်း)

-Rheumatism (Pain in joints/ muscles) (လေးဘက်နာ)

-General Paralysis (လေဖြတ်ခြင်း)

-Obesity (အဝလွန်ခြင်း)

-Arthritis (အဆစ်အမြစ် နာကျင် ရောင်ရမ်းခြင်း)

-Sinusitis (နှာစေးခြင်း)

-Tachycardia (နှလုံးခုံမြန်ခြင်း)

-Giddiness (မူးဝေခြင်း)

-Cough (ချောင်းဆိုး)

-Leukemia (သွေးဖြူဥများခြင်း/ သွေးကင်ဆာ)

-Asthma (အသက်ရှူမဝခြင်း)

-Bronchitis (လေပြွန်ရောင်ခြင်း)

-Pulmonary Tuberculosis (တီဘီရောဂါ)

-Meningitis (ဦးနှောက်အမြေးရောင်)

-Kidney Stones (ကျောက်ကပ် ကျောက်တည်ခြင်း)

-Urogenital Diseases (ဆီးလမ်းကြောင်း ရောဂါများ)

-Hyper Acidity (အက်ဆစ်ဓါတ်များခြင်း)

-Dysentery (အူရောင်ငန်းဖျား)

-Gastroenteritis (အူရောင်ငန်းဖျား)

-Uterus Cancer (သားအိမ်ကင်ဆာ)

-Rectal Prolapse (လိပ်ခေါင်းရောဂါ)

-Constipation (ဝမ်းချုပ်ခြင်း)

-Hostorthobics

-Diabetes (ဆီးချိုရောဂါ)

-Eye Diseases (မျက်လုံးနှင့် ပတ်သတ်သောရောဂါများ)

-Ophthalmic Hermorrhage & Opthalmia (Reddish eye)

-Irregular Menstruation (ပုံမှန်မဟုတ်သည့် ဓမ္မတာလာခြင်း)

-Breast Cancer (ရင်သားကင်ဆာ)

-Laryngitis (အသံအိုး ရောင်ခြင်း)

-Headache (ခေါင်းမူး/ ခေါင်းကိုက်ခြင်း)


သူရဲ့နည်းလမ်းက အထူးအဆန်းတော့ မဟုတ်ပါဘူး။ မနက်အိပ်ယာ ထထခြင်း (သွားမတိုက်သေးခင်) ရေသောက်ပေးဖို့ပါ။ ပမာဏကတော့ ၁.၅လီတာ.. ဖန်ခွက် ၅ ခွက်ကနေ ၆ခွက်ကြားပါ။ (ကျွန်တော်ကတော့ အအေးဗူးခွံ ၁.၅လီတာ ဗူးထဲ ထည့်သောက်ပါတယ်) ပြီးမှ.. မျက်နှာသစ်၊ သွားတိုက် အလုပ်ကို စနိုင်ပါပြီတဲ့။

ဒီနေမှာ.. အရေးကြီးတဲ့ အချက်တစ်ချက် ဂရုပြုဖို့ကတော့ တခြားအရည်များ (ကော်ဖီ၊ လဘ္ကရည်စသည်..) နှင့် အစာများကို ဤရေပမာဏမသောက်သုံးခင်နဲ့ သောက်သုံးပြီး တစ်နာရီအတွင်းမှာ မစားမိဖို့ပါပဲ။

အစပိုင်းတော့ အဲဒီလောက်ရေပမာဏကို တစ်ခါတည်းနဲ့ သောက်ရတာ မလွယ်ကူဘူးခင်မျ.. ဒါပေမယ့် တဖြည်းဖြည်း အလေ့အကျင့်ရလာပါလိမ့်မယ်… (ကျွန်တော်လည်း ကျင့်နေဆဲ ကာလပေါ့..) လေ့ကျင့်ခါစမှာ ဖန်ခွက် ၂ ခွက်စီကို ၂မိနစ်လောက် ခွဲသောက်ကြည့်နိုင်ပါတယ်။ ၁နာရီအတွင်းမှာတော့ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ရှူရှူး ပေါက်ချင်မှာ ဖြစ်ပါတယ်။


လေ့လာချက်တွေအရ.. အောက်ပါရောဂါတွေကို ဖော်ပြထားတဲ့ ရက်တွေအတွင်းမှာပင် ကုသနိုင်တာတွေ့ရပါတယ်..


-Constipation - 1 day (ဝမ်းချုပ်ခြင်း၊ ၁ ရက်)

-Acidity - 2 days (အက်ဆစ်ဓါတ်များခြင်း၊ ၂ ရက်)

-Diabetes - 7 days (ဆီးချို၊ ၇ ရက်)

-Cancer - 4 weeks (ကင်ဆာ၊ ၄ပတ်)

-Pulminory TB - 3 months (တီဘီ၊ ၃လ)

-BP & Hypertension - 4 weeks (သွေးဖိအားများခြင်း၊ ၄ပတ်)


မှတ်ချက်။ ။ ကျွန်တော်တော့ ကုသနိုင်တယ်ဆိုတာ သက်သာနိုင်တဲ့ အခြေအနေလို့ပဲ ယူဆပါတယ်. လူတစ်ဦးနဲ့ တစ်ဦးအပေါ် မူတည်ပြီး ကွဲပြားနိုင်မယ် ထင်တယ်။

လေးဘက်နာနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း အစရှိတဲ့ ရောဂါ ခံစားနေရသူများအတွက်တော့ ဒီ နည်းလမ်းကို မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နဲ့ ညတစ်ကြိမ်၊ (သို့မဟုတ်) တစ်နေ့နှစ်ကြိမ်ဖြစ်စေ အစာမစားမီ တစ်နာရီခွာပြီး အသုံးပြုနိုင်တယ်..

ကုထုံးရဲ့ အလုပ်လုပ်ပုံကတော့

ထိုကဲ့သို့ ရေကို နည်းလမ်းမှန်ကန်စွာ သောက်သုံးခြင်းအားဖြင့် လူ၏ ခန္ဓာကိုယ်ကို သန့်စင်စေပါတယ်.. အစာအိမ်နဲ့ ဆက်စပ်နေတဲ့ အူမကြီးကနေ သွေးအသစ် ထုတ်လုပ်ခြင်းကို ပိုမိုအကျိုးပြုပေးပါတယ်. ဆေးပညာအရ “Heamatopaises” လိုခေါ်တွင်ပါသတဲ့။ အူများအတွင်းမှာရှိတဲ့ Mucousal fold လို့ခေါ်တဲ့ အကျိအချွဲများဟာ အဓိက သွေးအသစ်ကို ဖြစ်ပေါ်စေတာ ဖြစ်ပြီး (သီအိုရီအရ) သူတို့ကို ရေအလုံလောက်ပေးခြင်းအားဖြင့် အလုပ်ပိုမိုတွင်ကျယ်စေခြင်း ဖြစ်ပါတယ်။

အူမကြီးဟာ သန့်စင်နေမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ် အကြိမ်များစွာ စားသုံးနေသမျှကို ကောင်းစွာ စုပ်ယူနိုင်မှာ ဖြစ်ပြီးတော့ သွေးအသစ်ဖြစ်ပေါ်မှုကို အထောက်အကူပြုမှာ ဖြစ်ပါတယ်.။ ခန္ဓာကိုယ်အတွင်း ရောဂါကုသခြင်းနဲ့ ကျန်းမာခြင်းအတွက် ထိုသွေးအသစ်ဖြစ်ပေါ်ခြင်းဟာ အလွန်အရေးပါတာကြောင့် ဤနည်းလမ်းကို နေ့စဉ်ပုံမှန် လိုက်နာသင့်ကြောင်းပါ.။

ဒါကတော့ ကျွန်တော် တတ်သလောက် ဘာသာပြန်လေးပေါ့။ တချို့ ဆေးပညာဆိုင်ရာ အသုံးအနှုန်းလေးတွေ (အထူးသဖြင့် ရောဂါနာမည်တွေ) ဘာသာပြန်ရာမှာ လွဲကောင်းလွဲနေနိုင်ပါတယ်။ ဒါပေမယ့် အဓိက ဆိုလိုရင်း ရည်ရွယ်ချက်ကိုတော့ မထိခိုက်အောင် ဂရုစိုက်ထားပါတယ်။ အောက်မှာတော့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ ပါ။

နေ့စဉ် အချိန်လေးနည်းနည်းစိုက်ပြီး ပိုက်ဆံလည်း အပိုမကုန်ဘဲ အကျိုးဖြစ်ထွန်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် လိုက်နာသင့်တယ်လို့ ထင်မိပါတယ်...

အားလုံး ကျန်းမာသုခ ရစေသောဝ်



**************************************************************

- Drink six (6) glasses of water (1.5 litres) everyday and avoid medicine, tablets, injections, diagnosis, doctor fees, etc.

- You can never believe before practicing.


List of Diseases that can be cured by water tharapy

-Blood Pressure/ Hyper Tension

-Anemia (Blood Shortage)

-Rheumatism (Pain in joints/ muscles)

-General Paralysis

-Obesity

-Arthritis

-Sinusitis

-Tachycardia

-Giddiness

-Cough

-Leukemia

-Asthma

-Bronchitis

-Pulmonary Tuberculosis

-Meningitis

-Kidney Stones

-Urogenital Diseases

-Hyper Acidity

-Dysentery

-Gastroenteritis

-Uterus Cancer

-Rectal Prolapse

-Constipation

-host orthobics Hostorthobics

-Diabetes

-Eye Diseases

-Ophthalmic Hermorrhage & Opthalmia (Reddish eye)

-Irregular Menstruation

-Breast Cancer

-Laryngitis

-Headache


Therapy Procedure

-Early morning, after you get up from bed, (without even brushing your teeth) drink 1.50 litres of water i.e., 5 to 6 glasses. You may wash you face thereafter.

-Here it is very essential to note that nothing else, neither drinks nor solid food of any sort should be taken within 1 hour before and after drinking these 1.5 litres of water.


-If required, boiled and filtered water may be used for this purpose.

-It is difficult to drink 1.5 litres of water at one time, but you will get used to it gradually.

-Initially, while practicing you may drink four glasses first and to balance two glasses after a gap of two minutes.

-You may find the necessity to urinate 2 to 3 times within an hour, but it will become normal after quite some time.


By Research and Experience

-The following diseases are observed to be cured within this therapy within the indicated days as below:

-Constipation - 1 day

-Acidity - 2 days

-Diabetes - 7 days

-Cancer - 4 weeks

-Pulminory TB - 3 months

-BP & Hypertension - 4 weeks


Note: It is advised that persons suffering from Artheritis or Rheumatism should practise this therary thrice a day, i.e. morning, midday and night, 1 hour before meals for one week; and twice a day subsequently until the disease disappears.


How does pure water act ?

- Consuming ordinary drinking water by the right method purifies human body. It renders the colon more effective by forming new fresh blood, known in medical terms as "Heamatopaises". That the mucousal folds of the colon and intestines are activated by this method. is an undisputed fact, just as the theory that new fresh blood is produced by the mucousal fold.

- If the colon is cleansed then the nutrients of the food taken several times a day will be absorbed and by the action of the mucousal folds they are turned into fresh blood. The blood is all important in curing ailments and restoring health and for this water should be consumed in a regular pattern.
အပြည့်အစုံဖတ်ရန်...

အရွယ်တင်နုပျိုနည်း ၅ နည်း




သင်အရွယ်တင်နုပျို လိုပါသလား။ နုပျိုလိုတယ်ဆိုရင် ပိုက်ဆံတပြားမှ မကုန်တဲ့ နည်းလေး  ၅ ခု ရှိတယ်။




လေ့ကျင့်ခန်းလုပ်ပါ - လေ့ကျင့်ခန်းသည် အရွယ်တင်နုပျိုခြင်း၏ လျို့ဝှက်ချက် ဖြစ်ပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်လက်ပြောပြမည်။ အ၀တ်အစားနှင့် ဖက်ရှင် catalog များ မဂ္ဂဇင်းများတွင် လှပပြီး ကိုယ်လုံပြေပြစ်သည့် အမျိုးသမီးများ၏ ဓာတ်ပုံများ ပါတတ်ပါသည်။ သူတို့ ကိုယ်လုံးတွေဟာ လေ့ကျင့်ထားလို့ရတာ။ ငါလည်း လေ့ကျင့်ရင်ရမှာပဲလို့ စိတ်သွင်းကာ လေ့ကျင့်ခန်း လုပ်သင့်သည်။


အိပ်ခြင်း - အိပ်ခြင်းအတွက် အခကြေးငွေ ပေးစရာမလိုပေ။ ထိုအရာကို အကျိုးရှိရှိ အသုံးချသင့်သည်။ ကိုယ်ခန္ဓာသည် အိပ်ပျော်နေပါက ကျွန်တော်တို့ကို နုပျိုစေသော ဟော်မုန်းများ ထုတ်လွှတ်ပါသည်။ ဟော်မုန်းတွေကို အလကားရနေမှတော့ ပိုက်ဆံပေးပြီး သွေးဆေးတွေ ဟော်မုန်းဆေးတွေ ဘာလို့ ၀ယ်နေတော့မှာလဲ။




ရေများများသောက်ပါ - ရေသည် ကိုယ်ခန္ဓာမှာ အဆိပ်အတောက်များကို စွန့်ပစ်ပေးသည်။






များများရယ်ပါ - ပျော်ရွှင်ပြီး ရယ်မောတတ်သူများသည် အရယ်နည်းသူများထက် နှလုံးရောဂါ အဖြစ်နည်းသည်ကို တွေ့ရပါသည်။



တရားထိုင်ပါ - သတိကပ်ပြီး တရားထိုင်ခြင်းသည် ကိုယ်ခန္ဓာကို သွေးလည်ပတ်မှုကောင်းစေပြီး သက်ရှည်ကျန်းမာစေသည်။


Reference: Reader's Digest
အပြည့်အစုံဖတ်ရန်...

သွားတိုက်ဆေး အသုံးဝင်ပုံ

(၁)ရေစက်ခေါင်းတွေ ပြောင်လက်တောက်ပချင်ရင် အဝတ်စမှာ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ပွတ်တိုက်ပေးနိုင်ပါတယ်။

(၂)မျက်နှာသစ်ဘေစင်၊ ရေချိုးဘေစင်တွေပြောင်လက်ချင်ရင် ဖောမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ဆေးကြောပေးနိုင်ပါတယ်။

(၃)အဝါရောင်သမ်းနေတဲ့ အိမ်သုံးပစ္စည်းတွေကို အဝတ်စမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ပွတ်တိုက်ပေးရင် အရောင်လက်စေပါတယ်။

(၄)မီးဖိုပေါ်က မည်းညစ်နေတဲ့ ဆီချေးတွေကို ရေနွေးနဲ့အရင်လောင်းပြီး သွားတိုက်ဆေးထည့်ထားတဲ့ အဝတ်စနဲ့ပွတ်တိုက်ပေးနိုင်ပါတယ်။

(၅)ငါးကိုင်ပြီးနောက် လက်မှာငါးညှီနံ့တွေ စွဲနေရင် သွားတိုက်ဆေးနဲ့ ဆေးပေးနိုင်ပါတယ်။

(၆)လက်မှာဆီချေး၊ ဆေးကြောရခက်တဲ့ ဆီ၊ မင်တွေစွန်းပေခဲ့ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောနိုင်ပါတယ်။

(၇)အင်္ကျီလက်ဝ၊ ကော်လံတွေမှာ ချေးတွေပေးပြီး ဆေးကြောရခက်ခဲ့ရင် သွားတိုက်ဆေးအရင်ပွတ်ပေးပြီး ဆေးကြောပေးနိုင်ပါတယ်။

(၈)စီးတာကြာလို့ အဝါရောင်သမ်းလာတဲ့ ဖိနပ်အဖြူရောင်တွေကို အရင်ဆေးကြောပြီး သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။

(၉)လက်နှိပ်ဓာတ်မီး အသုံးကြာလို့ အလင်းပြန်တဲ့မျက်နှာပြင် ဝါသွားခဲ့ရင် သွားတိုက်ဆေး ၃~၅မိနစ်ခန့် ပွတ်ထားပြီး အဝတ်စနဲ့သုတ်ပေးနိုင်ပါတယ်။

(၁ဝ)မတော်တဆအပူလောင်တဲ့ ဒဏ်ရာကို သွားတိုက်ဆေးပွတ်ပေးရင် အနာသက်သာစေနိုင်ပါတယ်။ သွေးထွက်တဲ့ဒဏ်ရာတွေကို သွားတိုက်ဆေးနဲ့ အရင်ဆေးကြောပြီး ထပ်ပွတ်ထားပေးရင် အနာခြောက်လွယ်စေပါတယ်။

(၁၁)တူးနေတဲ့မီးပူအောက်ခြေ ပြောင်လက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၂)ရောင်အမ်းတဲ့ အနာတွေ အရောင်လျော့ချင်ရင် သွားတိုက်ဆေး လိမ်းထားပေးနိုင်ပါတယ်။

(၁၃)မိုးဒဏ်၊ လေဒဏ်ကြောင့် အရောင်လွင့်နေတဲ့ ကားတံဆိပ်တွေ ပြောင်လက်ချင်ရင် သွားတိုက်ဆေး ပွတ်တိုက်ပေးနိုင်ပါတယ်။ ခြစ်ရာရှိတဲ့ ကားမှန်၊ ကားဘော်ဒီတွေကိုလည်း သွားတိုက်ဆေးပါတဲ့အဝတ်နဲ့ မိနစ်အနည်းငယ်ကြာပွတ်တိုက်ပေးပြီး အဝတ်သန့်နဲ့ ထပ်ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၄)အိမ်နံရံပေါ်က ကလေးတွေဆွဲခြစ်ထားတဲ့ ခဲတံ၊ ဘောလ်ပင်၊ မြေဖြူ အရစ်အကြောင်းခြစ်ရာတွေ ဖျက်ချင်ရင် အဝတ်စမှာ သွားတိုက်ဆေးထည့်ပြီး အလွယ်တကူဖျက်နိုင်ပါတယ်။

(၁၅)လက်ပတ်နာရီမှန်ခွက်ပေါ်က အရစ်အကြောင်းပျောက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်သလို စီတီခွေမျက်နှာပြင်က အရစ်အကြောင်းတွေကိုလည်း သွားတိုက်ဆေးပွတ်ပြီး မိနစ်(၂ဝ)ကြာပွတ်တိုက်ပေးရင် အရစ်တွေပျောက်နိုင်ပါတယ်။

(၁၆) မည်းညစ်နေတဲ့ မှန်တွေကိုလည်း သွားတိုက်ဆေးနဲ့ ပွတ်တိုက်နိုင်ပါတယ်။

(၁၇) နံရံပေါ် ပန်းချီကားတွေကို သွားတိုက်ဆေးနဲ့ ကပ်ရင် ပိုခိုင်ခန့်တဲ့အပြင် နံရံကိုလည်း မပျက်ဆီးစေပါဘူး။ ပန်းချီကားကို နံရံပေါ်ကခွါချင်ရင် ကပ်ထားတဲ့နေရာကို ရေဆွတ်ပြီး အလွယ်တကူခွါနိုင်ပါတယ်။

သွားတိုက်ဆေးကို သွားဖြူဖွေးသန့်ရှင်းဖို့ အသုံးပြုရုံတင်မက အထက်ကနည်းအတိုင်းလည်း စမ်းသပ်အသုံးပြုနိုင်ပါတယ်။ လက်တွေ့မသုံးဖူးတော့ မှန်မမှန်မသိပါဘူး။ အီးမေးလ်ကရတဲ့ သွားတိုက်ဆေးအသုံးဝင်ပုံကို ဘာသာပြန်လိုက်ပါတယ်။ မေးလ်ပို့ပေးတဲ့ ထိုင်ဝမ်ကသူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။

နိုင်းနိုင်းစနေ
အပြည့်အစုံဖတ်ရန်...

သိထားသင့်တဲ့ စင်ကာပူ (၆)


About S'pore (Mr.Pooh, မောင်ပွတ်)သံလွင်အိပ်မက် မဂ္ဂဇင်းမှာ “သိထားသင့်တဲ့ စင်ကာပူ” ဆောင်းပါးတွေကို ထည့်သွင်း ဖော်ပြလာခဲ့တာ ဒီတစ်ကြိမ်နဲ့ဆို ၆ ကြိမ်ရှိ လာခဲ့ပါပြီ။ စင်ကာပူရဲ့ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ နေထိုင်မှု၊ အလုပ်အကိုင်  အခွင့်အလမ်း စတာတွေကို ဖော်ပြခဲ့ပြီးဖြစ်လို့ ဒီအပတ်မှာတော့ ငွေကြေးနဲ့ ဘဏ်တွေ အကြောင်း လက်လှမ်းမီသလောက် တင်ပြလိုက်ပါတယ်။


စင်ကာပူနိုင်ငံဟာ ၁၉၆၅ ခုနှစ်မှာ မလေးရှားနိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ခွဲထွက်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဧပြီလမှာ နိုင်ငံသုံး ငွေကြေးကော်မရှင်ဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီး ပထမဆုံးသော စင်ကာပူဒေါ်လာနဲ့ အကြွေစေ့တွေကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီ အချိန်တုန်းကတော့ စင်ကာပူဒေါ်လာဟာ မလေးရှားသုံး ရင်းဂစ်ငွေ၊ ဘရူနိုင်းသုံး ဒေါ်လာတွေနဲ့ တန်ဖိုးတူဖြစ်ပြီး လဲလှယ်အသုံးပြုနိုင်တဲ့ စာချုပ်ကိုလည်း သုံးနိုင်ငံ သဘောတူ ချုပ်ဆိုခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာတော့ အဲဒီစာချုပ်ကနေ မလေးရှားက နှုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်အထိ ဘရူနိုင်းနဲ့ စင်ကာပူနိုင်ငံသုံး ငွေကြေးကတော့ တန်းဖိုးဆ တူဖြစ်နေဆဲပဲဖြစ်ပါတယ်။ စင်ကာပူမှာ အောက်ပါငွေစက္ကူနဲ့ အကြွေစေ့တွေ သုံးစွဲပါတယ်။


Singapore Bank Notes (Currnecy)ငွေစက္ကူ - $1, $2, $5, $10, $50, $100, $1000 (အသုံးနည်းသောငွေစက္ကူများ - $20, $25, $500, $10000)
အကြွေစေ့ - 1ct, 5ct, 10ct, 20ct, 50ct, $1
ငွေစက္ကူတွေရဲ့ မျက်နှာစာမှာတော့ စင်ကာပူရဲ့ ပထမဆုံး နိုင်ငံတော်သမ္မတ Yusof bin Ishak ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေထားပါတယ်။
စင်ကာပူမှာ အဓိကအနေနဲ့ UOB (United Overseas Bank), OCBC (Oversea-Chinese Banking Corporation Limited), DBS (The Development Bank of Singapore Limited), POSB (Post Office Savings Bank), ဗြိတိန် အခြေစိုက် HSBC (Hongkong and Shanghai Banking Corporation), အမေရိကန်ပိုင် CITI Bank နဲ့ မလေးရှားဘဏ်ကြီးဖြစ်တဲ့ MAY Bank တို့ဟာ လူသုံးအများဆုံးနဲ့ အတွင်ကျယ်ဆုံး ဘဏ်ကြီးတွေဖြစ်ပါတယ်။ RHB, Standard Charter တို့လို အခြားဘဏ်တွေရှိသေးပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ ဘဏ်တွေလောက် အသုံးမများကြပါဘူး။ အဲဒီဘဏ်တွေထဲမှာမှ UOB ဘဏ်ဟာ ၂၀၀၁ ခုနှစ်မှာ OUB ဘဏ်ကို အမေရိကန်ဒေါ်လာ ၅.၇ ဘီလျံနဲ့ ဝယ်ယူပြီးနောက် အကြီးဆုံး ပြည်တွင်းဘဏ်ကြီးအဖြစ် ရပ်တည်နေပါတယ်။ DBS နဲ့ POSB ဘဏ် ၂ ခုဟာလည်း ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်းပြီးဖြစ်လို့ ဘဏ်တစ်ခုတည်းအနေနဲ့ စဉ်းစားနိုင်ပါတယ်။


စင်ကာပူနိုင်ငံသားတွေရော၊ လာရောက် အလုပ်လုပ်ကြသူတွေ၊ ကျောင်းတက်ကြသူတွေ အားလုံးမှာ အနည်းဆုံး Savings ဘဏ်အကောင့် (ဘဏ်စာရင်း) တစ်ခုစီတော့ ရှိကြရပါတယ်။ စင်ကာပူမှာ  ငွေသားကိုင်ပြီး သုံးစွဲတာ အတော်နည်းပြီး အသေးသုံးငွေက အစ  NETS လို့ခေါ်တဲ့ ဘဏ်ကဒ်နဲ့ ပေးလေ့ရှိပါတယ်။  NETS နဲ့ သုံးလို့ရတဲ့ အနည်းဆုံး တန်ဖိုးတွေကတော့ ဆိုင်တွေပေါ်မှာ မူတည်ပြီးပြောင်းတတ် ပါတယ်။ ဥပမာ တချို့ဆိုင်များမှာ ၂ဒေါ်လာက စပြီး NETS နဲ့ပေးလို့ရပြီး တချို့ဆိုင်များမှာတော့ အနည်း ၁၀သုံးမှ NETSနဲ့ ပေးလို့ရမှာ ဖြစ်ပါတယ်။  NETS & ATMNETS (Network for Electronic Transfers) ကဒ်တွေကို ဘဏ်မှာ အကောင့်ဖွင့်တဲ့အခါ တခါတည်းပေးလေ့ရှိပါတယ်။ အချို့ဘဏ်တွေ (ဥပမာ HSBC ဘဏ်) ကတော့ NETS ကဒ်ရယ်လို့ သီးသန့်မရှိဘဲ Debit ကဒ် ဒါမှမဟုတ် Credit ကဒ်တွေကို NETS အနေနဲ့ သုံးနိုင်ပါတယ်။ NETS ကဒ်ကို အသုံးပြုဖို့ ဂဏန်း ၆ လုံး သို့မဟုတ် ၅ လုံးပါတဲ့ လျှို့ဝှက်နံပတ် (PIN Number) ရှိရပါတယ်။ NETS ကဒ်တွေကို နိုင်ငံအဝှမ်းက ငွေပေးချေမှုမျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ ငွေပေးချေမှုတစ်ခု လုပ်လိုက်တာနဲ့ ပေးချေတဲ့ တန်ဖိုးငွေပမာဏကို ကိုယ့်ရဲ့ ဘဏ်စာရင်းထဲကနေ ချက်ချင်းနှုတ်ယူလိုက်တဲ့ စနစ်ဖြစ်ပါတယ်။ NETS စနစ်ရှိနေတာကြောင့် ငွေသားများများ ကိုင်ဆောင်ထားစရာမလိုသလို ပျောက်ဆုံးသွားမှာ၊ ခိုးယူခံရတာ အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကနေလည်း ကင်းလွတ်နိုင်ပါတယ်။ တကယ်လို့ ငွေသားလိုတယ်ဆိုရင်တော့ NETS ကဒ်ကို အသုံးပြုပြီး ATM (Automated Teller Machine) တွေမှာ ငွေသားထုတ်ယူနိုင်ပါတယ်။ ထုတ်ယူနိုင်တဲ့ ပမာဏကတော့ ဘဏ်ပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။ ATM စက်တွေကို ရထားဘူတာ၊ ဈေး၊ Shopping Mall စတဲ့ လူစည်ကားရာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ POSB နဲ့ DBS ဘဏ်တွေရဲ့ ATM စက်တွေကို အများဆုံးတွေ့နိုင်ပြီး UOB ATM တွေက ဒုတိယနေရာက ရှိပါတယ်။ တယ်လီဖုံးဘီလ်၊ ရေဖိုး၊ မီးဖိုး၊ ဒဏ်ကြေးငွေ အစရှိတဲ့ ငွေပေးချေမှုတွေကိုလည်း NETS ကဒ်အသုံးပြုပြီး အလွယ်တကူပေးနိုင်ပါတယ်။
ဘဏ်တွေနဲ့ ဆက်စပ်ပြီး ရယူနိုင်သေးတဲ့ အခြားကဒ်တစ်မျိုးကတော့ Credit ကဒ်ပဲဖြစ်ပါတယ်။ အကြွေးဝယ်ကဒ်လို့လည်း မြန်မာမှုပြုကြပါတယ်။ Credit ကဒ်အသုံးပြုသူတွေအနေဲ့ အဲဒီကဒ်နဲ့ ငွေပေးချေမှု လုပ်တဲ့အချိန်မှာ ကိုယ်ပိုင်ပိုက်ဆံ ဘဏ်ထဲမှာ ရှိနေစရာမလိုပါဘူး။ ပေးချေးမှုပုံစံကိုလိုက်ပြီး လကုန်တဲ့အခါ ဒါမှမဟုတ် သတ်မှတ်အချိန်ကာလတစ်ခုမှာ ငွေတောင်းခံလွှာလာမှ ပြန်ပေးရတာဖြစ်ပါတယ်။ စင်ကာပူမှာ Credit Card လျှောက်ထားလိုသူတွေဟာ ဘဏ်တွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အဓိက လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ နိုင်ငံသား(သို့) အမြဲတမ်းနေထိုင်ခွင့် (PR) ကဒ် ၊ လစာဝင်ငွေ အထောက်အထားပြစာရွက်တွေဖြစ်တဲ့ လစဉ်ဝင်ငွေပြ Pay Slip (သို့) စင်္ကာပူအခွန်ကြီးကြပ်ရေးရုံးမှ ရရှိထားသော အခွန်ပြေစာ (သို့မဟုတ်) CPF အတွင်းသို့ လစဉ်ထည့်သွင်းထားငွေ စာရင်း တစ်ခုခု ပြရန်လိုအပ်ပါတယ်။ ဘဏ်တော်တော်များများရဲ့ သတ်မှတ်ထားတဲ့ တစ်နှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ သုံးသောင်းပြည့်မှီမှသာ Credit card များကို ထုတ်ပေးပါတယ်။ ဒါပေမယ့် ဘဏ်တွေအပေါ်လည်းမူတည်ပါသေးတယ်။ UOB နဲ့ Citi bank တို့ဟာ credit card ကို လွယ်လွယ်ကူကူနဲ့ ထုတ်ပေးပြီး တခြားဘဏ်များက ရရှိရန်ခက်ခဲတယ်လို့လည်း ကြားသိရပါတယ်။ Credit ကဒ်တွေရဲ့ ချေးယူနိုင်သော ပမာဏမှာ မိမိ၏ လစာပေါ်မူတည်၍ စင်္ကာပူဒေါ်လာ သုံးထောင်မှ တစ်သောင်းကျော်ထိရရှိကြပါတယ်။ ပုံမှန်လစဉ် နှစ်ထောင့်ငါးရာ လစာ ၀င်သူတွေအတွက် credit limit က စင်္ကာပူဒေါ်လာ ငါးထောင် ၀န်းကျင်ရှိပါတယ်။ စင်္ကာပူမှာ အဓိကသုံးတဲ့ credit card တွေကတော့ ဘဏ်တော်တော်များများ ချိတ်ဆက်ထားသော Master, VISA, Diner နဲ့ Amex တို့ ဖြစ်ကြပြီး JCB, Discover တို့မှာ အလွန်အသုံးနည်းပါတယ်။ နှစ်စဉ်ဝင်ငွေ သုံးသောင်းပြည့်မှီခြင်းမရှိတဲ့သူတွေအတွက် Citi bank မှ ပေးသော Credit card တစ်ခုရှိပြီး အဲဒီ card ရဲ့ credit limit ဟာ စင်္ကာပူဒေါ်လာ ငါးရာသာ ရရှိပါတယ်။ Debit ကဒ်ကတော့ Credit ကဒ်လိုပဲ လက်မှတ်ထိုး အသုံးပြုနိုင်ပေမယ့် ကိုယ့်ဘဏ်စာရင်းထဲမှာ ငွေရှိနေရမှာဖြစ်ပါတယ်။ Debit ကဒ်ကို ဘဏ်တော်တော်များများမှာ လွယ်လင့်တကူပဲ လျှောက်ထားနိုင်ပါတယ်။


နောက်ထပ်သိထားသင့်တဲ့ ငွေကြေးကိစ္စတစ်ခုကတော့ ဘဏ်ချေးငွေကိစ္စပဲဖြစ်ပါတယ်။ စင်ကာပူမှာ အိမ်ဝယ်၊ ကားဝယ်လုပ်ကြတဲ့အခါ၊ ကျောင်းတက်ကြတဲ့အခါမျိုးမှာ ဘဏ်တွေကနေ အတိုးနှုန်းတစ်ခုနဲ့ ချေးယူနိုင်ကြပါတယ်။


အိမ်ဝယ်တဲ့အခါ HDB Loan နဲ့ Bank Loan ဆိုပြီး နှစ်မျိုးရှိပါတယ်။ တနည်းအားဖြင့် HDB Loan ဆိုတာဟာ အစိုးရဆီမှ ချေးငွေဖြစ်ပြီး Bank Loan ကတော့ ပုဂ္ဂလိကဘဏ်များကနေ ချေးငွေဖြစ်ပါတယ်။ ငွေချေးလိုသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ နှစ်စဉ်ဝင်ငွေ၊ မိသားစုအခြေအနေတွေ ပေါ်မူတည်ပြီး  အိမ်တန်ဖိုးရဲ့ ၈၀% ကနေ ၉၀% ခန့်ထိ ချေးယူနိုင်ပါတယ်။ အဲဒီချေးငွေကို ယေဘုယျအနေနဲ့ အများဆုံး နှစ်သုံးဆယ်အတွင်း အရစ်ကျ ပြန်ပေးရမှာဖြစ်ပါတယ်။ အတိုးနှုန်းတွေကတော့ ဘဏ်ပေါ်မူတည်ပြီး အမျိုးမျိုးရှိတတ်ပါတယ်။ တစ်နှစ်ကို ချေးငွေရဲ့ ၂% ကနေ ၄% ခန့်အထိ လောက် ပေးရတတ်ပါတယ်။


ကားဝယ်ချင်လို့ ချေးယူတဲ့ Car Loan တွေမှာလည်း အထက်မှာ ဖော်ပြခဲ့သလို စီပွားရေးအခြေအနေပေါ်မူတည်ပြီး ဘဏ်တွေက ကားတန်ဖိုးရဲ့ ၁၀၀% ဒါမှမဟုတ် ၉၀% ခန့်အထိကို ကားဝယ်ယူသူ (ငွေချေးလိုသူ) ကိုယ်စား ကားကုမ္ပဏီကို ကြိုတင်ပေးထား ပေးကြပါတယ်။ အဲဒီချေးငွေကို အကြာဆုံး ၁၀ နှစ်အတွင်း အရစ်ကျပြန်ဆပ်လို့ရပါတယ်။ အတိုးနှုန်းကတော့ များသောအားဖြင့် ၂.၄၅% ခန့်ရှိပါတယ်။ ဒီ Housing Loan နှင့် Car Loan တွေ ချေးယူနိုင်ဖို့ စင်ကာပူနိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိထားသူဖြစ်ဖို့လိုအပ်ပြီး ၀င်ငွေအထောက်အထားတွေကိုလည်း ခိုင်ခိုင်မာမာပြဖို့ လိုအပ်ပါတယ်။


ကျောင်းတက်ဖို့ ချေးယူလိုတဲ့ Education Loan ကိုတော့ နိုင်ငံခြားသားများကပါ ချေးယူခွင့်ရှိပြီး အထူးသဖြင့် အစိုးရပိုင်ကျောင်းတွေကို တက်ရောက်ခွင့်ရတဲ့ ကျောင်းသားတွေအတွက် တော်တော်လေး လွယ်လွယ်ကူကူ ချေးယူလို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ချေးယူထားတဲ့ ငွေရဲ့ အတိုးကို ကျောင်းပြီးတဲ့အခါမှ စယူလေ့ရှိပါတယ်။ ဒါ့ကြောင့် ကျောင်းတက်နေတဲ့ ကာလတလျှောက် အတိုးရော အရင်းပါ ပေးစရာမလိုသေးဘဲ ကျောင်းပြီးသွားမှသာ စတင်ပြီး ပေးရပါမယ်။ အခုလို အသုံးများတဲ့ ဘဏ်ချေးငွေတွေအပြင် မင်္ဂလာဆောင်အတွက် ချေးယူနိုင်တဲ့ Marriage Loan ၊ မိမိ၏ အိမ်ကို ပြုပြင်ရန်အတွက်ချေးယူနိုင်တဲ့ Renovation Loan ၊ မိမိလိုအပ်လျှင် လိုအပ်သလို ငွေသားသက်သက် ချေးယူနိုင်သော Personal Loan စတာတွေလည်း ရှိပါသေးတယ်ဆိုတာကို တင်ပြရင်း သိထားသင့်တဲ့ စင်ကာပူ (၆) ကို အဆုံးသတ်လိုက်ရပါတယ်။


www.thanlwin.com  မှ ကူးယူဖော်ပြပါသည်.
အပြည့်အစုံဖတ်ရန်...

ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်

ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်





ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် အတွက် ကိုယ်ပိုင် အလေ့အထ ရိုးရာများ ရှိလေ့ရှိပါသည်။ ထိုနိုင်ငံများထဲမှာ နိုင်ငံ ၁၅ ခုရဲ့ အ၀လွန်ခြင်းကို ကာကွယ်နည်းနှင့် ကိုယ်အလေးချိန် လျှော့ချနည်းများကို ဖော်ပြလိုက်ပါသည်။


၁။ ထိုင်း ဟင်းလျာတွင် ငရုတ်သီးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ငရုတ်သီးကို စားလိုက်ပါက ဖြစ်ပေါ်လာသောအပူသည် ဇီဝဖြစ်စဉ်ကို မြန်စေသည်။ ထို့အပြင် စပ်သောကြောင့် အစာစားသောနှုန်းထား နှေးသွားသည်။ အမေရိကန်တို့သည် အစာစား အရမ်းမြန်ကြသည်။ ထို့ကြောင့် သူတို့ဗိုက်ဝသောအချိန်တွင် လူက အလိုလိုနေရင်း အများကြီး စားမိနေပြီ ဖြစ်သည်။ ငရုတ်သီးစားပြီး အစာနှေးနှေးစားပါက ဗိုက်ပြည့်လွယ်သောကြောင့် အများကြီးမစားဖြစ်တော့ပေ။ (ထိုင်း နည်းလမ်း)




၂။ ဆီဖြင့်ကြော်ထားသော အာလူးကြော် အစရှိသည့် အစာများကို လျော့စားပါ။ ဆီအများစုသည် မည်မျှပင်သန့်စေကာမူ ကြော်လိုက်ပါက ပြည့်ဝဆီအဖြစ်သို့ ပြောင်းလဲသွားသည်သာ ဖြစ်သည်။ ထို့ပြင် အကြော်အများစုသည် ဆီဟောင်းများဖြင့် ကြော်သဖြင့် ပိုဆိုးပါသည်။ ထို့ကြောင့် ရှောင်နိုင်က အကောင်းဆုံး ဖြစ်ပါသည်။ (UK နည်းလမ်း)Joke of this week

သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့
အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”

သာဓု - “ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊ အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်”

သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

သာဓု - “ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”

သာဓု - “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”

သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”

သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”

သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”

သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”




၃။ နံနက်စာကို ဘိုစာတွေ ပေါင်မုန့်တွေ ယိုတွေ ကိတ်မုန့်တွေ စားမည့်အစား ထမင်းကြမ်းနှင့် ပဲကတ္တီပါကို နယ်ပြီး စားပါက အ၀လွန်ခြင်းကို ကာကွယ်နိုင်ပါသည်။ နေတိုင်းတော့ မည်သူမျှ မစားနိုင်ပါ။ သို့သော် ၀ိတ်ချသူများအတွက်တော့ ဆေးသောက်စရာမလိုသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
(Brazil နည်းလမ်း)




၎။ မူဆလင်ဘာသာဝင်တို့သည် ဥပုဒ်စောင့်သည့်အခါ မည့်သည့်အစာနှင့်ရေကိုမျှ မသောက်မစားဘဲ ဥပုဒ်စောင့်ကြသည်။ အင်ဒိုနီးရှားတွင်မူ ထမင်းနှင့် ရေကို သောက်လို့ရသည်။ ထိုသို့သောနည်းလမ်းဖြင့် ၀ိတ်လျော့ခြင်းကို ပညာရှင်တို့က အားမပေးသော်လည်း ရံဖန်ရံခါသုံးသင့်သည်ဟု အကြံပေးပါသည်။ (Indonesia နည်းလမ်း)




၅။ ပိုလန်းလူမျိုးတို့သည် သူတို့ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကိုသာ အိပ်ပြင်ပတွင် စားသောက်ခြင်းအတွက် အသုံးပြုကြသည်။ အမေရိကန်တွေကတော့ ၃၇ ရာခိုင်နှုန်းမျှ အသုံးပြုကြသည်။ သုတေသနပြုချက်အရ ပြင်ပတွင် အစာစားလေ့ရှိသူများသည် ကျန်းမာရေးနှင့် မညီညွတ်သည့် အစာများကို ပိုမိုစားလေ့ရှိပြီး ပိုမို၍လည်း ၀ သည်ကို တွေ့ရပါသည်။ အမေရိကန်တွင်အိမ်မှာ မိသားစု စုံညီထမင်းပွဲများ နည်းပါးလာသည်နှင့်အမျှ အ၀လွန်ရောဂါများလည်း တိုးပွားလာပါသည်။ (Poland နည်းလမ်း)




၆။ ဂျာမနီ လူမျိုး ၇၅ ရာခိုင်နှုန်းသည် နေ့စဉ် နံနက်စာကို ပုံမှန်စားသုံးပါသည်။ အမေ၇ိကန်တို့က ၄၄ ရာခိုင်နှုန်းသာ စားသုံးကြသည်။ သူတို့က အသားညှပ် ပေါင်မုန့်တွေ မစား၊ အသီးအနှံနှင့်ကွေကာအုပ်တို့ကို စားခြင်း ဖြစ်ပါသည်။ သိပ္ပံပညာရှင်များက နံနက်စာ၏အရေးကြီးမှုကို ပြောကြားခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း လိုက်နာသူနည်းပါးလှပါသည်။ နံနက်စာ မစားပါက နေ့လည်စာကို များစွာ စားသုံးတတ်သည်။ထိုအခါ ၀ လာလိမ့်မည်။ (Germany နည်းလမ်း)




၇။ Holland တွင် လူဦးရေ ၁၆ သန်း၌ စက်ဘီး ၁၈ သန်းရှိပါသည်။ Dutch များသည် အလုပ်သွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကိုပင် စက်ဘီးစီးကာ သွားကြသည်။ မီးပွိင့်များကလည်း စက်ဘီး၏ အရှိန်ဖြင့် တွက်ချက်ကာညှိထားကြသည်။ ကိုယ်အလေးချိန် ထိန်းသိမ်းရန် အလွန်ကောင်းသောနည်းလမ်းဖြစ်ပါသည်။ (Holland နည်းလမ်း)




၈။ မဆလာသည် မလေးရှား နှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် အသုံးများသော ဟင်းခက်အမွှေးအကြိုင်တစ်ခု ဖြစ်ပါသည်။ ၎င်းတွင် curcumin ဆိုသည့် ဓာတ်တစ်မျိုး ပါဝင်ပါသည်။ ကြွက်များတွင်စမ်းသပ်ကြည့်သောအခါ မဆလာ စားသည့်ကြွက်များသည် မစားသည့်ကြွက်များထက်ပိန်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် ပိန်လိုပါက မဆလာကို အသုံးပြုသင့်သည်။ (Malaysia နည်းလမ်း)




၉။ တောင်အာဖရိကမှာ rooibos ဆိုသည့် လက်ဖက်ရည်တစ်မျိုးကို နေရာတိုင်းတွင် ရနိုင်ပါသည်။ သဘာဝအချိုဓာတ်ရှိပြီး သကြားမလိုပါ။ အမေရိကတွင် ထိုလက်ဖက်ရည်ကြမ်းကို Frappuccino အစားထိုး အဖြစ်သောက်ကြသည်။ နေ့စဉ် သောက်နေကြသည့် လက်ဖက်ရည်နှင့် ကော်ဖီ အစားလက်ဖက်ရည်ကြမ်းကို အစားထိုးသောက်ပါက ကိုယ်အလေးချိန်ကျလာမည်မှာ အမှန်ပင်ဖြစ်သည်။ (South Africa နည်းလမ်း)




၁၀။ နော်ဝေတွင် မိသားစုမျာသည် sunday တိုင်း တောင်တက်ခြင်း စကိတ်စီးခြင်းတို့ကို ပြုလုပ်ကြသည်။ သူတို့ကဲ့သို့ ပြုလုပ်ပါက ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ (Norwayနည်းလမ်း)




၁၁။ ယောဂကျင့်ခြင်းသည် စိတ်ဖိစီးမှုလျော့စေပြီး စိတ်ဓာတ်ခွန်အား တိုးစေသည်ကို လူအများစု သိကြပါသည်။ လူသိနည်းသော အချက်တစ်ချက်မှာ ကိုယ်အလေးချိန်ကိုလည်း ကျစေခြင်းဖြစ်ပါသည်။ ဖြစ်နိုင်သော အကြောင်းပြချက်မှာ ယောဂ ကျင့်ပါကဗိုက်ချောင်ချိန်တွင် ကျင့်ရပြီး မိမိ၏ အနေအထားအပေါ်မူတည်၍ ကြွက်သားများကိုသန်မာအောင် လေ့ကျင့်လို့ရပါတယ်။ သတိလည်း ပိုမိုကောင်းမွန်လာသောကြောင့် အစာကို အလွန်အကျွံ မစားမိတော့ပေ။ (India နည်းလမ်း)




၁၂။ ဂျပန်တွင် လူအများစုသည် နေ့ခါ၌ မိနစ် ၂၀ ခန့် အိပ်လေ့ရှိသည်။ အလုပ်ပင်ပန်းပြီး ကာလကြာရှည် အိပ်ရေးပျက်ခြင်းကို ကာကွယ်ရန် အတွက် ဖြစ်ပါသည်။ ထိုသို့ အိပ်ပျော်ပါက သွေးထဲမှ leptin hormone level တက်လာသည်။ အဆိုပါ ဟော်မုန်းသည် ဗိုက်ပြည့်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် အလွန်အကျွံ အိမ်ခြင်းသည် အ၀လွန်စေသော်လည်း လုံလောက်သည်အထိသာ အိပ်ပါက အ၀လွန်ခြင်းကို ကာကွယ်နိုင်ပါသည်။ (Japan နည်းလမ်း)




၁၃။ Mexican လူမျိုးများသည် ညနေစာကို ၂ နာရီနှင့် ၄ နာရီ အကြားတွင် စားလေ့ရှိသည်။ ထိုသို့စားပါက ညဘက်တွင် ဗိုက်ဆာပြီး နံနက်စာ စောစော ထစားဖြစ်သည်။ နံနက်စောစောပါ ထဖြစ်သောကြောင့်အိပ်ချိန်ကို ကန့်သတ်ပြီးသား ဖြစ်သွားသည်။ ထို့ကြောင့် ကျန်းမာလိုပါကညစာကို နည်းနည်းသာစားပြီး နံနက်စာနှင့် နေ့လည်စာကို များများစားရန်ဖြစ်သည်။ (Mexico နည်းလမ်း)




၁၄။ ပြင်သစ်လူမျိုးအများစုသည် မိသားစုညစာကို အချိန်ကြာကြာယူကာ စားလေ့ရှိပြီး ထိုအချိန်တွင် စကားများများ ပြောလေ့ရှိသည်။ စကားပြောနေပါက အစာစားနှုန်းနှေးသွားပြီး ဗိုက်ပြည့်လွယ်သည်။ (France နည်းလမ်း)




၁၅။ ငါးများများစားခြင်းသည် ဂျပန်လူမျိုးများနှင့် Dutch လူမျိုးများ ၏ ဓလေ့တစ်ခုဖြစ်ပါသည်။ ငါးတွင် ပါဝင်သော omega 3 fatty acid များသည် သွေးအတွင်းရှိ ၀ခြင်းကို ဖြစ်စေသော cortisol ဟော်မုန်းကို ကျစေသည်။ ငါးသည် ဗိုက်ကို ပိုပြည့်စေပြီး ကယ်လိုရီပါဝင်မှု နည်းသောကြောင့် အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သည်။ (Holland and Japan နည်းလမ်း)

မူရင်းရေးသားသူ ။ ။ ဇီဝက (ဆေး-၂)
အပြည့်အစုံဖတ်ရန်...

အရေးကြီးတဲ့ အချက်

ကျွန်မတို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင်
ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊
လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ
လိုအပ်ပါတယ်ရှင်။ တစ်နေ့က ကျွန်မရဲ့ Mail Box ထဲကို ရောက်လာတဲ့ Forward
Mail တစ်စောင်ထဲက အကြောင်းအရာတွေကို ကြိုက်နှစ်သက်တာနဲ့ ဒီမှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်ရှင်။ အရေးကြီးတဲ့ အချက် 40 တိတိကို
ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward
လုပ်လိုက်ပါတဲ့။ ကျွန်မကတော့ တစ်ရက်ကို လူ ၁၀၀ ကျော်လောက် လာဖတ်နေကြတဲ့
ကျွန်မရဲ့ ဘလောဂ့်မှာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။



အပြည့်အစုံဖတ်ရန်...

ဝိရောဓိဘဝ

ဝိရောဓိဘဝ
>> ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့်
>> မိသားစုဝင်နည်းနည်းနဲ့။
>> အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
>> ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
>> ယေဘုယျအသိတွေ နည်းလာတယ်။
>>
>>
>> ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
>> ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
>> ပိုများလာတယ်။
>> ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
>>
>>
>> ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
>> ရယ်တာတော့ အတော်နည်းသွားပြီ။
>> ကားမောင်းတာ အတော်မြန်လာကြတယ်။
>> ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
>> အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
>> စာဖတ်တာ အတော်လေးနည်းတယ်။
>> ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
>>
>>
>> ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
>> ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
>> ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
>> လိမ်တာညာတာတော့ မကြာခဏပဲ။
>> ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
>>
>>
>> ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို
>> အသုံးမချနိုင်ဘူး။
>> ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
>> စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
>> ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
>> သေးသိမ်လာတယ်။
>>
>>
>> ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
>> ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့
>> အတော်နည်းတယ်။
>> ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
>> ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
>>
>>
>> ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
>> မပိုင်နိုင်ဘူး။
>> ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့
>> အာဂါတ တရားကို မဟုတ်ဘူး။
>> ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
>> စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
>>
>>
>> ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
>> မပါဘူး။
>> ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
>> စိတ်ဓါတ်တွေနဲ့။
>> ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
>> ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
>>
>>
>> ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
>> ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
>> နည်းနည်းနဲ့။
>> အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
>> လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
>>
>>
>> အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
>> အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
>> နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
>> လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
>>
>>
>>
>> ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး
>> ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့
>> နေ့ထူးနေ့မြတ်တွေပါပဲ။
>> အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
>> သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့
>> မြင်ကွင်းကို ခံစားကြည့်ပါ။
>>
>>
>> သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
>> သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
>> ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ
>> သက်သက်မဟုတ်ပါဘူး။
>> သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
>>
>>
>> နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
>>
>> သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို
>> ဖယ်ရှားလိုက်ပါ။
>> ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့
>> ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
>>
>>
>> သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို
>> နောက်မကျပါစေနဲ့။
>> နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
>> နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
>> အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင်
>> တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
>>
>>
>> ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
>>
>> ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။
>
> --
> Don't let the system get u down!
အပြည့်အစုံဖတ်ရန်...

ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်

ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။
ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။


သို့သော် . . . . .''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ'' ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည် ... စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။

ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။

ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည် လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။

သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် ... စသည် ... စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။

ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင်တပ်မက်မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာရတော့သည်။

မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။

ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။

ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာ သည့်အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်းစုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေ မသာ လည်းသွင်း၊ ပုရစ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။

'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။

ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည် အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။

ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်... ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရအောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။

အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။

ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ .. အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။

ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင်ကတည်းက မြန်မာလူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။

ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်... ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာလူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ - အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှင်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီလုပ်ငန်းမှ ဤသို့ မမြတ်နိုင်။

သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိ ဝမ်း တစ်ဝမ်း မိမိရှာဖွေစားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေး ကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲ မှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများ ပင် ဖြစ်တော့သည်။

ထို့ကြောင့် 'လူ့ဘုံ ထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော'့ ဟူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက်သားသမီးတို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။

(ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။)
Regards,
Thant zin
အပြည့်အစုံဖတ်ရန်...

ကမ္ဘာကြီးကို ထိန်းသိမ်းကြစို့


ကမ္ဘာကြီးဟာ တဖြည်းဖြည်း ပျက်ဆီးခြင်းဆီသို့ ဦးတည်နေပါသည်။ ကျွန်တော်တို့ ဒီဗွီဖန်သားပြင်ပေါ်မှာ တွေ့မြင်သည့်အတိုင်း ကမ္ဘာတစ်ဝှမ်းလုံး တစ်နိုင်ငံပြီး တစ်နိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုးကြီးကို တစ်နေ့ ပြီး တစ်နေ့ ကြုံတွေ့နေရပြီ ဖြစ်သည်။
သင်သည် ဤကမ္ဘာကြီးကို တတ်နိုင်သမျှကူညီနိုင်သောသူ တစ်ဦးဖြစ်ပါသည်။
ကမ္ဘာမြေကြီးကို ထိန်းသိမ်းကြပါစို့။။။

ကြည်လင်သောပုံ အကြီးကို ကြည့်ရှုနိုင်ရန် ပုံပေါ် နှိပ်၍ ၀င်ရောက် ဖတ်ရှုကြပါခင်ဗျာ။။။
အပြည့်အစုံဖတ်ရန်...

အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲ

အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊ ဒါပေမယ့် ကျွန်တော်ရဲ့လိုင်း (ကွန်ပျူတာ) နဲ့ တခြားလိုင်းတွေလည်း အခြေအနေ ကွာခြားတာမို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လည်း စုံစမ်း ထားသင့်ပါတယ်။

စင်္ကာပူမှာ ကျွန်တော်တို့ မြန်မာတွေအတွက် ဘာအလုပ်တွေ အဆင်ပြေနေလဲဆိုတော့၊ အိုင်တီကွန်ပျူတာသမားတွေ၊ အင်ဂျင်နီယာတွေ၊ စာရင်းကိုင်တွေ၊ AutoCAD ကျွမ်းတဲ့ Draft Man လို့ ခေါ်တဲ့ ရာထူးတွေ အလုပ်ပေါကြ ၀င်ငွေ ကောင်းကြပါတယ်။

အပြည့်အစုံဖတ်ရန်...

စင်္ကာပူနိုင်ငံသားခံယူခြင်းနှင့် ပတ်သက်သော သုံးသပ်ချက်

စကားဦး

အခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား အဖြစ် ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းလေးတစ်ခုဖတ်ရပါတယ်။ အချက်အလက်တွေဝေဝေဆာဆာသုံးပြီး စဉ်းစားစရာ ကောင်းအောင် ရေးသားနိုင်တာလည်းတွေ့ရတယ်။
သို့ပေမယ့် တချို့ချဉ်းကပ်ပုံနဲ့ နိဂုံးပိုင်းမှာ သဘောမတူစရာလေးတွေ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ Immigration Law နဲ့ပတ်သက်ပြီးလိုအပ်နေတာလည်းတွေ့ပါတယ်။ မှန်ကန်ပြီးလက်ခံနိုင်တဲ့ အချက်တွေ အများကြီးပါ ဝင်ပါတယ်။
အပြည့်အစုံဖတ်ရန်...

Singaporean ပြောင်းရန် စဉ်းစားနေသူများအတွက်

မိတ်ဆွေ၊ သင် - စ, လုံး ပြောင်းပြီးသွားပြီလား?

ပြောင်းပြီးသွားရင်-တော့ ဒီစာကို လုံးဝ ရှေ.ဆက်မဖတ်ပါနဲ.။ ဒီစာရဲ့ ရည်ရွယ်ချက်က- စလုံးမပြောင်းရသေး
သော်လည်း ပြောင်းရင် ကောင်းမလား စဉ်းစားနေတဲ့ သူများ အတွက်သာ ဖြစ်ပါတယ်။
ကျွန်တော်က စင်္ကာပူမှာ နေ-နေတဲ့မြန်မာ ပီ-အာ တစ်ယောက်ပါ။ မြန်မာ ပီအာ အချင်းချင်း တစ်ဦးနဲ. တစ်ဦး....
အပြည့်အစုံဖတ်ရန်...

သိထားသင့်တဲ့ စင်ကာပူ အကြောင်း

သယ်ယူပို့ဆောင်ရေး

စင်ကာပူ တစ်နိုင်ငံလုံးရဲ့ ဝင်ငွေကို တဘက်တလမ်းက အဓိက အထောက်အကူပေးနေတဲ့ ချန်ဂီ လေဆိပ်ကတော့ ကျော်ကြားလှပါတယ်။ Terminal သုံးခုရှိပြီး နောက်ဆုံးဖွင့်လိုက်တဲ့ Terminal 3 ကတော့ ခေတ်အမီဆုံးဖြစ်ပါတယ်။ ဗမာပြည်က လေယာဉ်တွေကတော့ Terminal 1 နဲ့ 2 မှာပဲ ရပ်ကြရပါတယ်။ သေးငယ်တဲ့ ကျွန်းနိုင်ငံဖြစ်တာနဲ့အတူ ပြည်တွင်း ရေလမ်းခရီးမရှိပါဘူး။ စင်ကာပူမြစ်ကလေးထဲမှာတော့ ကမ္ဘာလှည့်တွေ အနေနဲ့ ပျော်စီးချင်ရင် မော်တော် အသေးစားလေးတွေ စီးနိုင်ပါတယ်။ ကုန်းလမ်းခရီးအနေနဲ့တော့ MRT ( Mass Rapid Transit) လို့ ခေါ်တဲ့ နိုင်ငံပတ်ရထားနဲ့ Bus တွေသုံးပါတယ်။ စင်ကာပူရဲ့ MRT Service ကတော့ နာမည်ကျော်လှပါတယ်။ ကမ္ဘာအရပ်ရပ်က သုံးစွဲသူတွေပေးတဲ့ Customer Service အကောင်းဆုံးဆုကို ၂၀၀၇ အတွက် SMRT က ရခဲ့ပါတယ်။ ဒေသခံ စင်ကာပူတွေကတော့ Bus နဲ့ ရထားကို အဆင်ပြေသလို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပေမယ့် မြန်မာ အများစုကတော့ ရထားကိုသာ အားထားနေကြပြီး အိမ်ရှာတဲ့အခါမှာလည်း ဘူတာနဲ့နီးလား ဆိုတဲ့ မေးခွန်းက အဓိက ကျနေတာမို့ MRT အကြောင်းလေးကို နည်းနည်းချဲ့ ပြောပြချင်ပါတယ်။

အပြည့်အစုံဖတ်ရန်...

စင်္ကာပူကိုမလာခင် သိထားရမည့်အချက်များ

မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

အပြည့်အစုံဖတ်ရန်...

သိထားသင့်တဲ့ စင်ကာပူ (၁)

သိထားသင့်တဲ့ စင်ကာပူ (၁) - မောင်ပွတ်

ကျွန်တော် စင်ကာပူကို ပထမဆုံး ထွက်လာတော့မယ်လုပ်တော့ အဲဒီနိုင်ငံနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်အလက်လေးတွေ၊ သတင်းလေးတွေကို သူငယ်ချင်းတွေရဲ့ ဘလော့ဂ်မှာ၊ အခြား ဝက်ဘ်ဆိုက်တွေမှာရှာကြည့်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ စင်ကာပူနဲ့ ပတ်သတ်ပြီး ဗမာလိုရေးတာ၊ စုံစုံလင်လင်တင်ပြပေးတာတွေ အံ့သြစရာကောင်းလောက်အောင် နည်းပါးနေတာ သတိထားမိပါတယ်။ ကျွန်တော်အဓိက အားကိုးပြီး ကြည့်ခဲ့ရတာကတော့ ကိုဖြိုးဝေကျော်ရဲ့ “တွေ့မိမှတ်မိသမျှ” ဆိုတဲ့ ဘလော့ဂ်ပါပဲ။ ဓါတ်ပုံအကိုးအကားအစုံအလင်နဲ့ အသေးစိတ်ရေးသားပေးထားပြီး ကျွန်တော့်အတွက် အလည်တစ်ခေါက် ရောက်ဖူးခဲ့သလိုပဲ အသုံးဝင်လှပါတယ်။ စိတ်ထဲမှာလည်း တစ်နေ့ကိုယ်သိလာတဲ့အခါ ရထားတဲ့ ဗဟုသုတလေးတွေ ပြန်ရေးပေးဦးမယ်လို့ တွေးထားမိပါတယ်။ စင်ကာပူရောက်လို့ ၃ လလောက်နေတော့......
အပြည့်အစုံဖတ်ရန်...

သိထားသင့်တဲ့ စင်ကာပူ (၅)

သိထားသင့်တဲ့ စင်ကာပူ (၅)

ဧပြီလထုတ် သံလွင်အိပ်မက်မှာ “သိထားသင့်တဲ့ စင်ကာပူ (၄)” ကို အလုပ်အကိုင်အခွင့်အလမ်းများ အတွက် ရည်ရွယ်ပြီး ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ဖတ်မိကြတဲ့ စာဖတ်သူတွေဆီက ကျေးဇူးတင်ကြောင်းတွေ လက်ခံရရှိခဲ့သလို ထပ်သိချင်သေးတယ်၊ မပြည့်စုံဘူးနော် ဆိုတာမျိုးတွေလည်း ရရှိခဲ့ပါတယ်။ ဆောင်းပါးရေးပြီးကတည်းကလည်း ကျွန်တော်ကိုယ်တိုင်က တချို့နေရာတွေမှာ ပိုပြီးပြည့်စုံသင့်တယ်လို့ ယူဆထားတာတွေရှိလို့ ဒီတပတ်မှာ “သိထားသင့်တဲ့ စင်ကာပူ (၅)” ကို အပိုင်း(၄) ရဲ့ အဆက်သဘောမျိုး ဖြည့်စွက်ရေးသားလိုက်ပါတယ်။ ဒီအပိုင်း (၅) မှာတော့ အလုပ်ရှာတဲ့ လူတွေအတွက် အင်တာဗျူးကို အောင်အောင်မြင်မြင် ဖြတ်သန်းပြီးတဲ့အခါ Pass တွေလျှောက်တာ၊ ကဒ်ပြားသွားထုတ်တာတွေနဲ့ ပတ်သက်တာလေးတွေ ဖြည့်စွက်ရေးသားလိုက် ပါတယ်။
အပြည့်အစုံဖတ်ရန်...

သိထားသင့်တဲ့ စင်ကာပူ (၄)

သိထားသင့်တဲ့ စင်ကာပူ (၄)

Thanlwin Ain Mat “သိထားသင့်တဲ့ စင်ကာပူ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စင်ကာပူနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ နေထိုင်မှုပုံစံနဲ့ ပညာရေးစနစ်တွေအကြောင်းကို လက်လှမ်းမီသလောက် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီတပတ် သံလွင်အိပ်မက်မှာ “အခွင့်အလမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သတ်တာတွေ အသာပေး ဖော်ပြမယ်ဆိုတာကြောင့် စင်ကာပူရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း စုစည်းတင်ပြလိုက်ပါတယ်။

စင်ကာပူမှာ ဘယ်လိုအလုပ်အကိုင်မျိုးတွေ ရနိုင်သလဲဆိုတာတွေ မပြောခင် အရေးအကြီးဆုံးဖြစ်တဲ့ နေထိုင်ခွင့် Pass တွေ အကြောင်း အရင်ဆုံးပြောပါရစေ။ ယေဘုယျအနေနဲ့ ပြောရရင်တော့ စင်ကာပူမှာ EP, S.Pass နဲ့ WP ဆိုပြီး ၃ မျိုးရှိပါတယ်။ ခုနောက်ပိုင်းမှာ ထပ်တိုးလိုက်နဲ့ PEP နဲ့ FDW နဲ့ပါဆိုရင် ၅ မျိုးလို့ အကြမ်းမျဉ်းသတ်မှတ်နိုင်ပါတယ်။ စင်ကာပူမှာ အလုပ်လာရှာလို့ အလုပ်ရပြီဆိုရင် အလုပ်ရှင်က Pass တစ်ခုခုလျှောက်ပေးရပါတယ်။ လျှောက်တဲ့အခါ လစာနဲ့ အလုပ်သမားရဲ့ ပညာအရည်အချင်း (အတန်းပညာနဲ့ အလုပ်အတွေ့အကြုံ) ပေါ်မူတည်ပြီး ဘာ Pass လျှောက်ပေးရမယ်ဆိုတာ ကွာခြားသွားတာဖြစ်ပါတယ်။ အလုပ်ရှင်က EP လျှောက်ထားပေးချင်ပေမယ့် အစိုးရရဲ့ စည်းကမ်းနဲ့ မကိုက်ညီလို့ S.Passပဲ လျှောက်ပေးရတာမျိုးတွေလည်းရှိလို့ ဘယ်လိုအနေအထားမျိုးဆို ဘယ် Pass ကို လျှောက်ထားခွင့်ရမယ်ဆိုတာကို အကျဉ်းချုံး ဖော်ပြချင်ပါတယ်။

Employment Pass (EP)


စင်ကာပူမှာ နေထိုင်အလုပ်လုပ်ပြီး လစာ (အချိန်ပို၊ ဆုကြေး၊ အထူးခံစားခွင့်များမပါ) စင်ကာပူဒေါ်လာ ၂၅၀၀ အထက်ရတဲ့ ပညာရှင်အဆင့် (မန်နေဂျာရာထူး၊ ပညာရှင်ရာထူး၊ အင်ဂျင်နီယာရာထူး) အလုပ်သမားတွေအတွက် EP လျှောက်ထားနိုင်ပါတယ်။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးက လစာပေါ် မူတည်ပြီး EP ကို ၃မျိုး ထပ်ခွဲပါတယ်။ ပညာအရည်အချင်း လိုအပ်ချက်ကတော့ EP တွေအားလုံး တန်းတူဖြစ်တယ်လို့ ဆိုပေမယ့် ဘွဲ့ရဖြစ်ရမယ်၊ ဘာလက်မှတ်ရှိရမယ်ဆိုတာ ကိုတော့ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။ ထပ်မံခွဲခြားထားတဲ့ EP ၃ မျိုးကတော့

(၁) EP - P1 (လစာ SGD ၇၀၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၂) EP - P2 (လစာ SGD ၃၅၀၀ နှင့် ၇၀၀၀ ကြားနှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၃) EP - Q1 (လစာ SGD ၂၅၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ) ဆိုပြီးတော့ ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရန်...

သိထားသင့်တဲ့ စင်ကာပူ (၃)

သိထားသင့်တဲ့ စင်ကာပူ (၃)

သံလွင်အိပ်မက် မဂ္ဂဇင်းမှာ စင်ကာပူနိုင်ငံနဲ့ ပတ်သတ်ပြီး သိထားသင့်တာတွေ၊ မလာခင်ကတည်းက သတိပြုသင့်တာလေးတွေကို ဆောင်းပါးရေးပြီး တင်ဆက်လာတာ အခုဆို အပိုင်း (၃) ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ တကယ်တော့ ဒီဆောင်းပါးတွေဟာ ကျွန်တော် သိလွန်း၊ တတ်လွန်းလို့ ဆရာလုပ်ရေးနေတာ မဟုတ်ဘူးဆိုတာကို နားလည်ပေးစေချင်ပါတယ်။ သိချင်တဲ့လူ၊ ဗဟုသုတလိုချင်လို့ ရှာဖွေ ဖတ်ရှုနေသူတွေများရှိခဲ့ရင် ဒီဆောင်းပါးတွေဟာ တဖက်တလမ်းက အကျိုးပြုပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ ကျွန်တော် ဒီဆောင်းပါးတွေ ရေးဖြစ်နေတာ ဖြစ်ပါတယ်။ ဒီလထုတ် သံလွင်အိပ်မက်မဂ္ဂဇင်းမှာ ပညာရေးအသားပေးကဏ္ဍတွေ ဦးစားပေး ဖော်ပြမယ်ဆိုတဲ့အတွက် ဒီမူနဲ့ ညီအောင်၊ မကြာခင်ပဲ ဆယ်တန်းဖြေပြီး ဘဝအတွက် ရည်ရွယ်ချက်ကြီးကြီးတွေ ထားကြတော့မယ့် ညီ၊ ညီမတွေ အသုံးဝင်အောင် စင်ကာပူနိုင်ငံရဲ့ ပညာရေးစနစ်ကို လက်လှမ်းမီသလောက် တင်ဆက်ပေးလိုက်ပါတယ်။

ပညာရေးစနစ်

ဝန်ကြီးချုပ်လီကွမ်ယူး လက်ထက်ကစပြီး နိုင်ငံကို ခေတ်အဆက်ဆက် အုပ်ချုပ်လာတဲ့ စင်ကာပူအစိုးရအဖွဲ့မှာ ပညာတတ်လူကြီး၊ လူငယ်တွေ အမြောက်အမြား ပါဝင်တာကြောင့် ပညာရေးကို အထူးပဲ အားပေးပါတယ်။ စင်ကာပူဟာ နိုင်ငံရဲ့ ပညာအဆင့်အတန်းနဲ့ အခြေခံပညာရေး အဆောက်အအုံတွေကို ဒေသတွင်း အဆင့်သာမက အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ မျှော်မှန်းပြီး ရေရှည်စီမံကိန်းတွေချမှတ် ပုံဖော်နိုင်ခဲ့တာကြောင့် လက်ရှိစင်ကာပူပညာရေးဟာ ကမ္ဘာကို ရင်ဘောင်တန်းပြီး အာရှမှာတော့ ထိပ်တန်းပညာရေး နိုင်ငံအဖြစ် ပုံဖော်နိုင်နေပြီ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်...

သိထားသင့်တဲ့ စင်ကာပူ(၂)


သိထားသင့်တဲ့ စင်ကာပူ(၂)

နေထိုင်မှုစနစ်


စင်ကာပူရဲ့ နေထိုင်မှုစနစ်ကတော့ အတော်ပဲ ရိုးရှင်းပြီး customize လုပ်ခွင့်နည်းပါးတာကို တွေ့ရပါတယ်။ နေရာတိုင်းမှာ တွေ့ရတတ်တဲ့ အစိုးရတိုက်ခန်း (HDB Flat) တွေ၊ ရန်ကုန်က ကွန်ဒိုတွေလောက် မခမ်းနားတဲ့ အဆင့်မြင့်တိုက်ခန်းကွန်ဒိုတွေနဲ့ လုံးချင်းအိမ် အနည်းအကျဉ်းသာ ရှိပါတယ်။ အထပ်မြင့်မြင့်တွေ ဆောက်ထားလေ့ရှိတဲ့ HDB တိုက်တွေတိုင်းမှာ ဓါတ်လှေခါး၊ အမှိုက်သွန်တဲ့စနစ်၊ Cable TV စနစ်၊ Gas ပိုက်လိုင်း၊ ဖုံး၊ ရေပူရေအေးစနစ် စတာတွေ အဆင်သင့်ပါတတ်ပြီး တော်တော်ဟောင်းတဲ့ တိုက်အချို့မှာသာ Gas ပိုက်လိုင်း မပါတာမျိုး ရှိတတ်ပါတယ်။ ဓါတ်လှေခါးဆိုလည်း အထပ်တိုင်းမှာ မရပ်တာမျိုးရှိတတ်ပါတယ်။ ကျန်တာတွေကတော့ တိုက်ခန်းမှန်ရင် အပြည့်အစုံ ပါတာတွေချည်းပါပဲ။ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်းပါတဲ့ တိုက်ခန်းတွေကို 2+1 လို့ သုံးနှုန်းကြပြီး 3+1 ဆိုရင် အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်း ၁ ခန်းပါ။ ဒီနေရာမှာ တိုက်ခန်းနဲ့ ပတ်သတ်ပြီး စင်ကာပူရောက် မြန်မာတွေ အခန်းငှားကြတာ၊ အတူစုပေါင်းနေကြတာလေးတွေကို ဖေါ်ပြချင်ပါသေးတယ်။

အိမ်ငှားကြတယ်ဆိုပေမယ့် တကယ်တော့ ကျောတခင်းစာ၊ လူတစ်ယောက်စာကိုပဲ အဓိကငှါးကြတာများပါတယ်။ အိမ်ငှားတဲ့အခါမှာ ကိုယ့်အလုပ်နဲ့နီးတဲ့နေရာကို အဓိက ဦးစားပေးရှာကြရသလို ဈေးနှုန်းသက်သာတဲ့ အိမ်ခန်း၊ လူသိပ်မများတဲ့ အိမ်ခန်းကိုလည်း ရွေးရပါတယ်။ အိမ်ရှင် စင်ကာပူလူမျိုး၊ မလေးရှားလူမျိုးတို့နဲ့ အတူနေရတဲ့ အခန်းတွေ ရှိသလို မြန်မာအိမ်ရှင်နဲ့ နေရတဲ့ အိမ်တွေလည်း ရှိပါတယ်။ အိမ်ရှင်တွေက Master Bedroom လို့ခေါ်တဲ့ ရေချိုးခန်းတွဲပါတဲ့ အခန်းတွေမှာ နေလေ့ရှိပြီး အိမ်ငှါးတွေကတော့ သာမန်အခန်းတွေမှာ ၂ ယောက်တစ်ခန်း၊ ၃ ယောက်တစ်ခန်း စသည်ဖြင့်နေကြပါတယ်။ တချို့မြန်မာတွေကတော့ အိမ်ရှင်ဆီကနေ တစ်အိမ်လုံးငှါးပြီး အခန်းလေးတွေကို ပြန်ငှါးတတ်ကြပါတယ်။ အဲဒီလူမျိုးကို သူကြီးလို့ ခေါ်ကြပြီး သူက အိမ်လခ၊ ရေဖိုး၊ မီးဖိုး စတာတွေကောက်ခံ စုဆောင်းပေးရလေ့ရှိပါတယ်။ ရံဖန်ရံခါ အိမ်ငှါးချင်းတက်တဲ့ ပြဿနာတွေကိုလည်း ရှင်းပေးရတတ်ပါတယ်။
အပြည့်အစုံဖတ်ရန်...