http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

ဘီပိုးကို နိုင်တဲ့ဆေး


ဘီပိုးကို နိုင်တဲ့ဆေး

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။

ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။

ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း*လို့ခေါ်တယ်။

အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။













သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။

နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။

ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။













*ဆေးသုံးစွဲနည်း*

(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။


ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။

ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။

*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

အနန္တစကြာဝဠာအတွင်း ရှိ အနန္တအရပ်မျက်နှာမှ အနန္တ သတ္တဝါ အနန္တ နတ်ဗြဟ္မာ အနန္တ သူတော်စင် သူတော်အပေါင်း တို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံပါ စေသား ။ ။
အပြည့်အစုံဖတ်ရန်...

ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန္တရာယ်မှုန့်အကြောင်း

ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန္တရာယ်မှုန့်အကြောင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ ထည့်ကြော်မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူသွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲက Bisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ရေသန့်ဘူး ကိစ္စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘ၀င်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။



အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဥာဏ် မဲ့ရာ ရောက်ပါတယ်)

အချိုမှုန့် ဆိုတာ ဘာလဲ။
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။



အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။


(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။


(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။


(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)



(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။



(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

Written by : ဒေါက်တာသီဟသစ် Last Updated at 2010-11-15 on 07:32:04 472 Hits

ကျန်းမာရေး ဗဟုသုတကို မျှဝေခြင်သော စေတနာဖြင့်.....

REF:  http://www.mmdailynews.com/viewnews.php?id=289  မှ ကူးယူဖော်ပြလိုက်ပါသည်။
အပြည့်အစုံဖတ်ရန်...

မြန်မာနိုင်ငံတွင်ပလိပ်ရောဂါလူသို့ စတင်ကူးစက်နေသည်ဟု ကြားသိရ

ကြွက်သန်းမှ တဆင့် ကူးစက် တက်သော ပလိပ်ရောဂါမှာ မြန်မာနိုင်ငံရှိ
လူတချို့သို့ ကူးစက်ပျံ့ပွား နေပြီ
ဖြစ်ကြောင်း နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။


ပလိပ်ရောဂါ ကူးစက်ခံရသော လူနာတချို့ကို ရန်ကုန်မြို့တော်တွင် ဇွန်လအတွင်း တွေ့ရှိရခြင်းဖြစ်ပြီး ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသည်နှင့် ကျန်းမာရေးဝန်ကြီးဌာနက
အချိန်မီဆေးကုသမှုများ ပေးခဲ့သည့် အတွက် လူအသက် ဆုံးရှုံးမှု မရှိခဲ့ကြောင်း
နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါဆိုင်ရာ
အထူးကုဆရာဝန်ကြီးတဦးက ပြောသည်။

“ရန်ကုန်မှာ ပလိပ်ရောဂါဖြစ်တဲ့ လူနာတချို့ လွန်ခဲ့တဲ့ လအတွင်း တွေ့ရလို့ အရေးပေါ် ဆေးကုသမှုတွေ ပေးခဲ့ရတယ်။
ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် ရန်ကုန်မှာ
ဒီရောဂါပြန်တွေ့တာ” ဟု ကျန်းမာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမြဦးနှင့်
နီးစပ်သူ အရာရှိကြီးတဦးက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနသည် ပလိပ်ရောဂါကူးစက်ခြင်း သတင်းကြောင့် လူအများ ထိတ်လန့် တုန်လှုပ်မှု
မဖြစ်ပေါ်စေရန်အတွက် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ ပိတ်ပင်ထားသည်ဟု
သိရသည်။

ရန်ကုန်မြို့ခံ တဦးကမူ ပလိပ်ရောဂါဖြစ်ပွားသည့် သတင်းကို ပြည်သူများဆီသို့ ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ဖုံးကွယ်ထားခြင်းမှာ
မသင့်လျှော်ကြောင်း၊ ပြည်သူလူထု တရပ်လုံးနှင့် တိုက်ရိုက်ပတ်သက်သည့်
ကျန်းမာရေး ကိစ္စများတွင် ပွင့်လင်းသော သဘောထား ရှိရန်လိုအပ်ကြောင်း
ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာန အပါအ၀င် အစိုးရ၀န်ကြီးဌာနများ အနေဖြင့် ပလိပ်ရောဂါ မဖြစ်ပွားစေရန် ကြွက်နှိမ်နင်းခြင်း လုပ်ငန်းများ
အရှိန်အဟုန်မြှင့်တင်၍ စီမံချက်ဖြင့် အကောင်အထည်ဖော်လျက် ရှိသည်ဟု
နေပြည်တော် ၀န်ထမ်းအချို့က ပြောသည်။

“ဌာနဆိုင်ရာ တွေမှာတော့ သိုသိုသိပ်သိပ် စီမံချက်နဲ့ ကြွက်နှိမ်နင်းရေးတွေ လုပ်ကြတယ်” ဟု နေပြည်တော်
ကျန်းမာရေး အရာရှိက ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြွက်နှိမ်နင်းရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး
ကြွက်အကောင်ရေ သောင်းချီ၍ နေ့စဉ် သုတ်သင်ရှင်းလင်း ဖျက်ဆီးလျက် ရှိသည်ဟု
မြို့တော်စည်ပင် အရာရှိတဦးက ဆိုသည်။

စစ်အစိုးရ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင်လည်း ကြွက်အုပ်များ ထောင်သောင်းချီကာ
ကားလမ်းမကြီးများကို ဖြတ်သန်း ရွှေ့ပြောင်းနေပြီး တချို့ကြွက်များမှာ
ကားများဖြတ်ကြိတ်မိ သည့်အတွက် သေဆုံးခဲ့ကြောင်း၊ ကြွက်သေများကို ယူပြီး
ဓာတ်ခွဲခန်းတွင် စစ်ဆေးကြည့်သည့်အခါ ပလိပ်ရောဂါ ဖြစ်ပွားစေသည့်
ဘက်တီးရီးယားပိုးများ သယ်ဆောင်ထားသည်ကို
တွေ့ရှိရကြောင်း၊ ယခုအခါ နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနသည် ပလိပ်ရောဂါ ကာကွယ်တားဆီးရေးနှင့်
ဖြစ်ပွားလျင် ကုသမှုပေးရန် ပြင်ဆင်မှုများဖြင့် အလုပ်များနေသည်ဟု စုံစမ်းသိ
ရှိရသည်။

နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရ၀န်ထမ်းများကိုလည်း ပလိပ်ရောဂါ အသိပညာပေးမှုများ ပြုလုပ်လျက် ရှိသည်ဟု
နေပြည်တော်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ကြွက်သန်းမှတဆင့် ကူးစက်တတ်သော ပလိပ်ရောဂါသည်
ကပ်ရောဂါအသွင် ကျရောက် လာနိုင်သည့်အတွက် သတိထားကြရန် နှိုးဆော်ထားပြီး
လူသို့ ကူးစက်ခဲ့သည်ဆိုသော သတင်း အချက်အလက်ကိုမူ
ထည့်သွင်းဖော်ပြခြင်းမပြုပေ။

၁၉၀၀ ပြည့်နှစ်ကျော် ကိုလိုနီခေတ်ဦးပိုင်း ကာလများက ပလိပ်ရောဂါသည် ကပ်ရောဂါအသွင်ဖြင့်
လူအများကို ကူးစက်သေဆုံးစေခဲ့သော်လည်း ယခုအခါတွင်မူ ပလိပ်ရောဂါသည် အချိန်မီ
ကုသပျောက်ကင်းနိုင်ကြောင်း ရန်ကုန် အထူးကု ဆရာဝန်တဦးက ရှင်းပြသည်။

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အရာရှိတဦးက ကြွက်သေများတွေ့ရှိလျှင်
နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လာရောက်အပ်နှံပြီး
ပလိပ်ရောဂါ ရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးနိုင်သည်ဟု ပြောသည်။

ပလိပ်ရောဂါသည် ကူးစက်ခံရချိန်တွင် ကိုယ်ပူရှိန် မြင့်တက်အဖျားကြီးပြီး
နောက်ဆုံး လူကိုယ်ခန္ဓာကိုယ်အတွင်း သွေးယိုစီးကာ ကူးစက်မြန်သည့် ကပ်ရောဂါ
ကြီးတစ်ခုဖြစ်သည်ဟု ရန်ကုန်ဆရာဝန်များက ရှင်းပြကြသည်။

(အထက်ပါ သတင်းသည် Myanmar Journalist Network မှ ကိုမြင့်မြတ်ဖြူ ၏ သတင်းကို ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်)


ပလိပ်ရောဂါ ဖြစ်စေတဲ့ Yersinia pestis ပိုးပါ


အဲဒီပိုးကို သယ်ဆောင်တဲ့ ကြွက်သန်း ပုံပါ


၁၉ရာစုတုန်းက ပလိပ်ရောဂါကြောင့် ဥရောပမှာ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပုံ ပန်းချီကားပါ

င်္Forever Friends Blog မှ ကူးယူဖော်ပြပါသည်.
အပြည့်အစုံဖတ်ရန်...

အမျိုးသားအမျိုးသမီးများအတွက်ကင်ဆာရောဂါ ကာကွယ်ကုသဆေးဆိုတာလည်း ပေါ်လာခဲ့ပါပြီ




ရင်သားကင်ဆာ၊ အူလမ်းကြောင်းကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အတော်များများကို ဆေးထိုးကုသရုံဖြင့် ပျောက်ကင်းစေနိုင်မည့် ဆေးတစ်မျိုးကို Middlesex University မှ ဆေးသိပ္ပံပညာရှင်များမှ
တီထွင်လိုက်နိုင်ပြီ ဖြစ်သည်။ အဆိုပါဆေးကို ဇူလိုင်လ ၁၂ ရက်နေ့က တရားဝင်
ထုတ်ပြန်ကြေငြာနိုင်ခဲ့သည်။

ယခုစမ်းသပ်အောင်မြင်သွားသော ဆေးသည် ကင်ဆာအလုံးအကျိတ်များကို ရှုံ့တွကြေပျက် သွားစေပြီး ပျံ့ပွားမှုကိုလည်း
ရပ်တန့်စေနိုင်သည်အထိ အစွမ်းထက်မြက်မှု ရှိသည်ဟု သိရသည်။
ထိုဆေးသည် စဖြစ်ခါစ လူနာများတွင် ကာကွယ်ဆေးအနေနှင့်ပါ သုံးနိုင်မည်ဟု သိရပြီး
ကင်ဆာရောဂါကြောင့် သေဆုံးမှု ထောင်ပေါင်းများစွာကို အကာအကွယ်
ပေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုဆေးကို ဖန်တီးသူ ပါမောက္ခ Ray Iles
က ၀မ်းသာဂုဏ်ယူစွာ ပြောပြသည်။

ထိုဆေးကို ကမ္ဘာတစ်ဝန်း ဆေးဈေးကွက်တွင် ကျယ်ပြန့်စွာ လွယ်လင့်တကူ ရောင်းချနိုင်ရန်အတွက်
အစီအစဉ်များ စီစဉ်ဆောင်ရွက်နေသော်လည်း တွင်ကျယ်စွာ နေရာတိုင်းတွင်
သုံးနိုင်ရန် အတွက်မူ နှစ်နှင့်ချီ၍တော့ စောင့်ဆိုင်းရဦးမည်ဟု သိရသည်။

(မည်သို့ပင် ဆိုစေကာမူ လက်ရှိကမ္ဘာ့အန္တရာယ်အကြီးဆုံး ရောဂါကြီး ဖြစ်သော ကင်ဆာရောဂါများကို ကာကွယ်ကုသ ပျောက်ကင်းနိုင်မည် ဖြစ်သော
ဆေးပေါ်လာခြင်းသည် ဤကမ္ဘာကြီးအတွက် မင်္ဂလာသတင်းတစ်ပုဒ် ဖြစ်ပါသည်။
ကမ္ဘာ့ဟောကိန်းပညာရှင်များ ဟောခဲ့သည့် “၂၀၅၀ မတိုင်ခင်
ကင်ဆာရောဂါကုသနိုင်သောဆေး ပေါ်ပေါက်မည်” ဆိုသော အချက်တစ်ချက်လည်း
မှန်ကန်ခဲ့ပြီဟု ဆိုနိုင်ပါသည်)
လက်ရှိ ကမ္ဘာ့လူသားများ၏ ဓာတုပစ္စည်းများနှင့် နေ့စဉ်ထိတွေ့နေရသော
လူနေမှုပုံစံကြောင့် ဆေးပညာမည်မျှပင် တိုးတက်နေပါသည်ပြောပြော
ကင်ဆာရောဂါများကြောင့် သေဆုံးမှုသည် နှစ်စဉ် ဆတိုးမြင့်တက် လာနေသည်သာ
ဖြစ်ပါသည်။ ဥပမာ ဆိုရလျှင် အမျိုးသားများတွင် အဖြစ်အများဆုံး
ကင်ဆာများထဲမှ စတုတ္ထအဖြစ်အများဆုံး ဆီးအိမ်ကင်ဆာကြောင့်
ဗြိတိန်တစ်နိုင်ငံတည်းတွင်ပင် နှစ်စဉ်အမျိုးသား ၅၀၀၀ သေဆုံးနေကြရသည်။
ထိုကင်ဆာမျိုးသည် ရောဂါရှိကြောင်း စသိရပြီဆိုလျှင်ဖြင့် အလွန်ဆုံး
နောက်ထပ်နေရလျှင်မှ ၅ နှစ်သာ ဖြစ်သည်။

အမျိုးသားတွေ စတုတ္ထအဖြစ်အများဆုံးကင်ဆာ ဖြစ်တဲ့ ဆီးကျိတ်ကင်ဆာကို စကုတ်ကြည့်ထားတဲ့ ပုံတွေပါ ထို့အတူ ပန်ကရိယကင်ဆာကြောင့်ပင် နှစ်စဉ် ဗြိတိန်လူမျိုး ၇၆၀၀ ခန့် သေဆုံးနေရသည်ဟု စာရင်းဇယားများ အရ သိရသည်။ ထိုရောဂါ၏
မျှော်မှန်းသက်တမ်းသည်လည်း အလွန်ဆုံး ၃ နှစ်သာ ဖြစ်ပြီး လပိုင်းအတွင်းပင်
အသက်ဆုံးနိုင်ပေသည်။ ဗြိတိန်နိုင်ငံ၏ အဖြစ်အများဆုံး ဖြစ်သော
ရင်သားကင်ဆာသည်လည်း နှစ်စဉ် အမျိုးသမီး ၄၅,၀၀၀ ခန့်တွင်
တွေ့ရှိအတည်ပြုနေရပြီး တစ်လလျှင် လူတစ်ထောင်နှုန်း သေဆုံးသည်အထိ
ဆိုးဝါးမြင့်တက်နေရာ ယခုဆေးသည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်းစုံမှ
လူသားပေါင်းများစွာအတွက် မည်မျှတန်ဖိုးရှိမည်ကို မှန်းဆနိုင်သည်။

ကင်ဆာဆဲလ်နဲ့ ရိုးရိုးဆဲလ် နှိုင်းယှဉ်ပြထားပုံပါ
ကိုယ်တွင်းကလီစာကင်ဆာ အချို့သည် ကိုယ်ဝန်ဆောင်များတွင်မှ ထုတ်သော
human Chorionic Gonadotropin(hCG) ခေါ် ဟော်မုန်းတစ်မျိုးကို
လိုက်ထုတ်ကြသည် ဟူသော အချက်ကို အခြေခံ၍ ယခုဆေးကို တီထွင်နိုင်ခဲ့ခြင်း
ဖြစ်သည်။ (ကိုယ်ဝန်ရှိမရှိ ဆီးစမ်းပစ္စည်း ဆိုသည်မှာ hCG
ရှိမရှိကိုစစ်ခြင်း ဖြစ်သည်) ရင်သား၊ဆီးအိမ်၊ပန်ကရိယ၊အူ၊သား

ဥအိမ်နှင့် သားအိမ်ခေါင်းကင်ဆာများတွင် hCG ဟော်မုန်းကို ထုတ်ကြောင်း နှင့် ထိုဟော်မုန်းသည် ကင်ဆာဆဲလ်များ
ကြီးထွားရေးနှင့် ပျံ့ပွားရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း Middlesex
University သုတေသီတစ်ဦးဖြစ်သော ပါမောက္ခ Ray Iles က တွေ့ရှိခဲ့သည်။
ထို့ကြောင့် ခုခံစားစနစ်ကို ပြောင်းလဲ ကောင်းမွန်စေကာ hCG ဟော်မုန်းကို
ဖျက်ဆီးဟန့်တားနိုင်သော ထိုးဆေးတစ်မျိုးကို တီထွင်နိုင်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။ ထိုဆေးသည် hCG ဟော်မုန်း၏ သတ္တိကို ပိတ်ပင်တားဆီး
လိုက်သောကြောင့် ကင်ဆာဆဲလ်များကို ရှုံ့တွသေဆုံးသွားစေပြီး
ရောဂါပျံ့နှံ့ခြင်းကိုလည်း ထိရောက်စွာ ပိတ်ပင်တားဆီးနိုင်သော
အစွမ်းရှိကြောင်း တွေ့ရှိရသည်။

ကင်ဆာဆဲလ်တွေ ပျံ့နှံ့ပုံကို ပန်းချီနဲ့ သရုပ်ဖော်ထားတာ ဖြစ်ပါတယ် ကျွန်တော်တို့ နေထိုင်နေသော ကမ္ဘာကြီးပေါ်တွင် နှစ်စဉ် လူပေါင်း ၁၅၅,၀၀၀ သည် ကင်ဆာရောဂါများကြောင့် သေဆုံးနေရခြင်း ဖြစ်ပြီး အများဆုံးသေဆုံးရသော
အကြောင်းရင်းမှာ စဖြစ်သော ခန္ဓာကိုယ် အစိတ်အပိုင်းမှ ကင်ဆာကြောင့် မဟုတ်ဘဲ
ကင်ဆာဆဲလ်များပျံ့နှံ့ခြင်း (Metastasis) ကြောင့် ဖြစ်ပါသည်။ ထိုဆေးသည်
ထိုအချက်ကို မည်သည့် အတိုင်းအတာအထိ တားဆီးနိုင်မည်ကို ကျွန်တော်တို့
စောင့်ကြည့်ရဦးမည်သာ ဖြစ်ပါသည်။
တိရိ စ္ဆာန်များတွင် စမ်းသပ်စစ်ဆေးမှုများအရ လွန်စွာအစွမ်းထက်သည် 'extremely good' ဟူသော
ရလဒ်ရရှိခဲ့ပြီး လူသားများနှင့် စမ်းသပ်မှုတွင်လည်း ဘေးကင်းသည်ဟူသော
အခြေရရှိခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ဗြိတိန်တွင် ဆီးအိမ်ကင်ဆာ
စတွေ့တွေ့ချင်း လူနာ ၆၀ ကို ဤဆေးနှင့် စတင်ကုသနေပြီ ဖြစ်ပြီး အမေရိကန်တွင်
ရင်သားကင်ဆာတအတွက် စတင်သုံးစွဲနေပြီဟု ပြီးခဲ့သော ရက်ပိုင်းက
သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိခဲ့သည်။
ဤဆေးသည် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းတစ်မျိုး ဖြစ်သော hCG ကို ဟန့်တား
ဖျက်ဆီးသောကြောင့် ဘေးထွက်ဆိုးကျိုး အနေဖြင့် အမျိုးသမီးများ၏
ကလေးရနိုင်စွမ်းကို ယာယီဟန့်တားထားမည် ဖြစ်သော်လည်း ကုသမှု
ပြီးဆုံးပြီးလျှင် တစ်နှစ်အတွင်း ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း
သိရသည်။
(ကင်ဆာဟုသာ ခြုံ၍ ခေါ်သော်လည်း ကင်ဆာရောဂါအချို့သည် ဖြစ်ရသော အကြောင်းအရင်း၊
ရောဂါပုံစံ၊ ပျံ့ပွားပုံ စသော အချက်တော်တော်များများ၌ တစ်မျိုးတစ်ဘာသာ
ကွဲထွက်နေရာ မည်မျှ အစွမ်းထက်သည် ဖြစ်စေ ကင်ဆာဆေး တစ်မျိုးတည်းနှင့်တော့
လူသားများ၏ ကင်ဆာရောဂါမျိုးစုံ ၁၀၀% ကို ကုသပျောက်ကင်းနိုင် ဖို့ရာတော့
မလွယ်ကူလှကြောင်း ဗဟုသုတအဖြစ် ဖော်ပြအပ်ပါသည်)

င်္Forever Friends မှ ကူးယူဖော်ပြပါသည်.
အပြည့်အစုံဖတ်ရန်...

ညာဖက်လက်သူကြွယ် ရှည်လျားသော အမျိုးသားများနှင့် ဆီးကျိတ်ကင်ဆာအန္တရာယ်






နောက်ဆုံးပေါ် လေ့လာချက်အသစ် တစ်ရပ်အရ ညာဖက်လက်သူကြွယ် ရှည်လျားသော
အမျိုးသားများသည် ဘ၀တွင် ဆီးကျိတ်ကင်ဆာဖြစ်ရန် အခြားသူများထက် ၃ ဆ
ပိုမိုနီးစပ်ကြောင်း သိရသည်။

အကြောင်းရင်းမှာ ထိုသို့ ညာဖက်လက်သူကြွယ် ရှည်လျားသော မျိုးရိုးဗီဇရှိသူ အမျိုးသားများတွင်
ဆီးကျိတ်ကင်ဆာ ဖြစ်လျှင် သွေးထဲတွင် မြင့်မားစွာ ပေါ်နေတတ်သော prostate
specific antigen (PSA) ဆိုသည့် ဓာတုပစ္စည်းတစ်ခု ပုံမှန်အခြေအနေတွင်ပင်
မြင့်မားစွာ ရှိနေနိုင်သော မျိုးရိုးဗီဇနှင့် ဆက်စပ်ကြောင်း
သွေးဖောက်စစ်ဆေးချက်များ အရ တွေ့ရှိရသောကြောင့် ဖြစ်သည်။

သွေးထဲတွင် PSA မြင့်မားစွာ ရှိနေခြင်းသည် နောင်တစ်ချိန်တွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားလာနိုင်ကြောင်း
ရှေးယခင် ကတည်းက ကျန်းမာရေးပညာရှင်များ တွေ့ရှိအတည်ပြုထားခြင်း ဖြစ်ပြီး
အသက် ၅၀ ပြည့်ပြီး အမျိုးသားတိုင်း ဆီးကျိတ်ကင်ဆာအန္တရာယ်ကို ကြိုတင်
သိရှိနိုင်စေရန် စစ်ဆေးကြည့်သင့်ကြောင်း ကျန်းမာရေး ပညာရှင်များက အသိပေး
ပြောကြားထားသည်။
င်္ Forever Friend Blog မှ ကူးယူဖော်ပြပါသည်.
အပြည့်အစုံဖတ်ရန်...

Healthiest Foods on Earth


1. Berries
All berries are low in sugar and high in fiber. Blueberries have been shown to increase memory in lab studies, and raspberries and strawberries are loaded with ellagic acid, a powerful antioxidant that seems to have some anti-cancer properties, according to the American Cancer Society.

2. Beans
Beans are extremely high in fiber, which helps to control weight, prevent or manage diabetes and blood sugar, and may help prevent colon cancer and protect against heart disease. The National Institute of Medicine recommends 25-38 grams of fiber a day. The average American gets only 4-11 grams. One cup of beans provides 11-17 grams.

3. Nuts
Some of the largest and most important long-term studies of diet and health have shown that eating nuts several times a week is consistent with a risk of heart attack and heart disease that is 30%-50% lower than the general population. Just one ounce of nuts-almonds, macadamia, Brazil , walnuts, pecans-eaten three to five times a week seems to be the magic number. 4. Wild Salmon
Fish is the ultimate anti-aging food. Cold-water fatty fish like wild salmon, sardines, mackerel and herring contain omega-3 fats that protect the brain and the heart, improve mood, and lower blood pressure and triglycerides.

5. Raw Milk
Raw, organic milk nearly always comes from grass-fed cows and contains high levels of cancer-fighting CLA (conjugated linolenic acid) as well as a rich assortment of vitamins, minerals and beneficial bacteria (like Lactobacillus acidophilus)

6. Grass-Fed
Meat Meat from grass-fed cows has a much different fat profile than ordinary supermarket meat: high in omega-3s, lower in potentially harmful omega-6s and loaded with CLA, a kind of fat known for its anti-cancer activity. A superb source of protein and vitamin B12, it's also missing the antibiotics, steroids and hormones found in7. Eggs
Considered by many to be nature's most perfect food, the egg is high in protein and relatively low in calories. The yolk contains choline, one of the most important nutrients for the brain, as well as lutein and xeazanthin, two critical nutrients for eye health. Brassica Vegetables Cabbage, Brussels sprouts, broccoli and kale all contain plant compounds called indoles that help reduce the risk of cancer. In addition to a stunning range of vitamins and minerals, they also contain sulforaphane, an important plant chemical that helps the body detoxify health-damaging chemicals.

8. Apples
Not only do they keep the doctor away, they also appear to do the same for lung cancer, diabetes and asthma. An apple contains five grams of fiber and a rich blend of nutrients including the bone-building vitamin K and the anti-inflammatory nutrient quercetin. And there's no better way to control your appetite than an apple eaten about half an hour before a big meal.

9. Onions and Garlic
In an impressive number of published studies, the consumption of onions and garlic has demonstrated protective effects against stomach, prostate and esophageal cancer. Along with broccoli, tea and apples, onions and garlic are among a select group of foods found to reduce mortality from heart disease by 20%.

10. Pomegranate Juice
Called "a natural Viagra" by researchers at Tel Aviv University , pomegranate juice is loaded with antioxidants. Studies show it can reduce blood pressure and plaque in the arteries. New research indicates it also slows the progression of tumors.. Four to eight ounces a day is highly recommended.

11. Green Tea
Though all teas are great for you, green tea has a unique profile of plant chemicals that have anti-cancer activity. It's now fairly established that green tea may help prevent the following types of cancers in humans: bladder, colon, esophagus, pancreas, rectum and stomach. If that's not enough, it also appears to help with weight control. the meat that comes from feedlot farms.
အပြည့်အစုံဖတ်ရန်...

သွားဖုံးရောဂါနဲ့ ဦးခေါင်း လည်ချောင်း ကင်ဆာ ဆက်နွယ်

Periodontitis is a chronic inflammatory disease that affects the 
gums and bone supporting the teeth
Periodontitis is a chronic inflammatory disease that affects the gums and bone supporting the teeth
 လူတိုင်းဟာ အပြုံးလှ ပိုင်ရှင်ဖြစ်လိုပါတယ်။ ဒါကြောင့် နေ့စဉ် ညစဉ် သွားတိုက်ပြီး သွားဂရုစိုက်ကြပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေးဟာ သွားတိုက်ရုံတခုတည်းနဲ့ မပြီးပါဘူး။ သွားနဲ့ သွားဖုံးကို အသေအချာ ဂရုတစိုက် သန့်စင်ဖို့လိုပါတယ်။ ခံတွင်း မသန့်ရှင်းတာကြောင့် ကိုယ့်အတွက် အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့ အခြားကျန်းမာရေး ထိခိုက်မှုတွေရှိတာကြောင့် ခံတွင်း သန့်ရှင်းရေးဂရုစိုက်တာဟာ သွားနဲ့ခံတွင်းအတွက်တင်မဟုတ်ပဲ မိမိ အသက်အန္တရာယ်ကိုပါ ကာကွယ်ခြင်းဖြစ်တယ်လို့ သုတေသနပြုချက်အသစ် ရလဒ်တွေက ဖော်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားဖုံးရောဂါဟာ ကင်ဆာရောဂါတွေနဲ့ပါ ဆက်နွယ်နေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့တာကြောင့်ပါ။
တကယ်တော့ ခံတွင်းထဲမှာ ဘတ်တီးရီးယားပိုးတွေ အပြည့်ရှိပါတယ်။ ဒီ ဘတ်တီးရီယားပိုးတွေဟာ သွားဖုံးနဲ့ သွားရဲ့ အက်ကြောင်းနေရာ ကျဉ်းကျဉ်းလေးတွေထဲ ခိုအောင်းနေပါတယ်။ ဒါကြောင့် ဒီပိုးတွေကို ပုံမှန် ရှင်းလင်းတာမရှိရင် ဘတ်တီးရီယားကြောင့် ခံတွင်းမှာ ရောဂါရပါတယ်။ သွားဖုံးထဲက အရိုးနဲ့ သွားပတ်ပတ်လည်က တစ်သျှူးအသားနုစတွေကို ပျက်စီးစေပါတယ်။
ဒီလို Gum Disease သွားဖုံးရောဂါ ပြင်းထန်တဲ့လူမျိုးတွေမှာ ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများတာတွေ့ရတယ်လို့ အမေရိကန်ပြည်ထောင်စု Buffalo တက္ကသိုလ် သွားဖက်ဆိုင်ရာ ဆေးပညာရပ်ဌာနရဲ့ သုတေသနပြုချက်အချို့မှာ တွေ့ရပါတယ်။ ဦးခေါင်းနဲ့လည်ချောင်းပိုင်းဖြစ်တဲ့ ကင်ဆာရောဂါတွေနဲ့ သွားဖုံးရောဂါ ဆက်နွယ်တယ်ဆိုတဲ့ ရလဒ်တွေ့ခဲ့ရတာပါ။
အရင် လေ့လာချက်တွေမှာလည်း သွားဖုံးရောဂါနဲ့ နှလုံးရောဂါ ဆီးချိုရောဂါ ဆက်စပ်နေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရဖူးပါတယ်။
ဒါကြောင့် နေ့စဉ်သွားတိုက်နေရုံနဲ့ ခံတွင်းသန့်ရှင်းရေးမလုံလောက်ပါဘူး။ သွားကို နေ့စဉ်နှစ်ကြိမ်တိုက်တာအပြင် သွားနဲ့ ခံတွင်းကြား ညှပ်နေတတ်တဲ့ အစာဟောင်းတွေကိုထုတ်ဖို့ သွားဖုံးပွတ်ကြိုးအသုံးပြုတာ ပုံမှန်သွားဆရာဝန်နဲ့တွေ့ဆုံကုသတာမျိုးတွေ လုပ်ဖို့လိုပါတယ်။ အထူးသဖြင့် သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ သွားဖုံးယောင်တာမျိုးတွေရှိလာရင် အထူးသတိပြုရပါမယ်။
သွားဖုံးရောဂါနဲ့ ကင်ဆာဖြစ်ပွားမှု ဆက်နွယ်နေတယ်ဆိုတဲ့ နောက်ဆုံးတွေ့ရှိချက်ကို အခြေခံပြီး သွားဖုံးရောဂါအကြောင်း အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

နားဆင်နိုင်ပါတယ်။

VOA ကျန်းမာရေးသတင်းဌာနမှ ကူးယူဖော်ပြပါသည်။
အပြည့်အစုံဖတ်ရန်...

သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း

ဇီဝက ( ဆေး -၂ ) မှ ကူးယူဖော်ပြသည်


ဝမ်းချုပ်ခြင်းဆိုသည်မှာ လူတိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ ရောဂါတစ်ခုမဟုတ်သော်လည်း ၀မ်းပုံမှန်မသွားပါက ခေါင်းနောက်ခြင်း ခေါင်းမကြည်မလင်ဖြစ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နှင့် ညောင်းညာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လူတိုင်းလူတိုင်း မည်သည့် ၀မ်းချုပ်ဆေးမှ မသောက်ဘဲ တစ်နေ့ တစ်ကြိမ်တော့ သွားသင့်ပါသည်။ အောက်ပါ သဘာဝနည်းလမ်းများနှင့် အချက်အလက်တို့ကို လိုက်နာခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါသည်။

ရေသောက်ခြင်း
ရေသည် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် မရှိမဖြစ် သော အရာတစ်ခုဖြစ်ပါသည်။ သဘာဝကပေးသော အကောင်းဆုံး ၀မ်းပျော့ဆေးဖြစ်ပြီး ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ရေကို ခဏခဏသောက်ပေးခြင်းအားဖြင့် ကိုယ်စိတ်ကြည်လင်လန်းဆန်းသလို ၀မ်းမချုပ်အောင် ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မည်။ ပုံမှန်လူတစ်ယောက်အတွက် ၁ နေ့ကို အနည်းလုံး ရေသန့်ပုလင်း ၂ ပုလင်းစာမျှ သောက်သင့်ပါသည်။


ဝမ်းသွားချင်လျင် အောင့်မထားပါနှင့်

မိမိ၏ body မှ ၀မ်းသွားချင်ပြီးဆိုပါက သရိုးသရီ ဖြစ်သလိုလိုနှင့် လက္ခဏာများ ပြပါလိမ့်မည်။ အထူးသဖြင့် အိပ်ယာထထချင်းတွင် ပုံမှန်ဝမ်းသွားအောင် အကျင့်လုပ်ထားပါက အချိန်မှန်လာလျှင် ဗိုက်က အလိုလိုနေရင်း အောင့်လာတတ်သည်။ ထိုအခါမျိုးတွင် မဖြစ်မနေ ၀မ်းသွားသင့်ပါသည်။ သို့မဟုတ်ပါက တနေ့လုံး ၀မ်းချုပ်သွားတတ်သည်။ ၀မ်းဆိုသည်ကား အကျင့်လုပ်ထားပါက အချိန်မှန်သွားအောင် ပြုလုပ်လို့ရသည်။ ထိုသို့အကျင့်ကောင်းလေးတွေ မွေးထားခြင်းအားဖြင့် ကျန်းမာရေးကို ကောင်းအောင် ပြုလုပ်၍ ရပါသည်။


အမျှင်ဓာတ်ပါသော အစားအသောက်များကို စားပါ


အသီးအနှံများ၊ အရွက်များနှင့် အမြစ်အဖုတို့သည် အမျှင်ဓာတ်ကြွယ်ဝကြသည်။ ၀မ်းမှန်စေရုံသာမက အူလမ်းကြောင်းအတွင်းရှိ ကင်ဆာဖြစ်စေတတ်သော ဒြပ်ပေါင်းများကိုပါ တခါတည်း ဖယ်ရှာပေးတယ်။ ဒါကြောင့် သူ့လောက်ကောင်းတာ မရှိတော့ပေ။ သင်ဝမ်းချုပ်နေပါက အကျင့်ပျက်ခံပြီး ၀မ်းနှုတ်ဆေးသောက်နေမည့်အစား ကန်စွန်းပလိန်းတစ်ပွဲလောက်မှာပြီး တစ်ယောက်တည်းကုန်အောင် စားပစ်လိုက်ပါ။ ဗိုက်ပြည့်သလို ၀မ်းချုပ်ခြင်းကိုသာ တစ်ခါတည်း ကုသပြီးသား ဖြစ်သွားလိမ့်မည်။


ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း


တခါတလေကျတော့ အရွက်လည်း စားတယ်။ အသားတွေလည်း အဲဒီလောက်မစားဘဲနဲ့ ၀မ်းချုပ်နေတတ်တယ်။ တရားခံရှာလိုက်တော့ အလုပ်တွေ ရက်ဆက်ပြီး ရုံးမှာပဲ ထိုင်နေမိတာမျိုး ဖြစ်နေတတ်တယ်။ တစ်နေ့ကို ၁၅ မိနစ်မျှ ချွေးထွက်လောက်အောင် လမ်းလျှောက်တာပဲဖြစ်ဖြစ် အားကစားတစ်ခုခုလောက်ပဲ လုပ်လုပ် ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားဆိုလို့ အင်းယားကန်စောင်းကို ပြေးမြင်တာတို့၊ အားကစားရုံကို ပြေးမြင်တာတို့ ဖြစ်ပြီး ကိုယ် နဲ့ မနီးစပ်တဲ့အရာလို့ မတွေးလိုက်ပါနဲ့။ ရုံးအတွင်းမှာ လမ်းလျောက်တာကလည်း ကိုယ်လက်လှုပ်ရှားပဲ။ လှေကားအတက်၊ အဆင်း၊ ကလည်း ကိုယ်လက်လှုပ်ရှားပဲ။ မတ်တပ်ရပ်နေအုံးတော့ အကြောတွေ လျော့အောင် လေ့ကျင့်ခန်းလုပ်လို့ရတယ်။ ကြိုက်တာကိုလုပ်ပါ။ လုပ်ဖို့တော့လိုပါတယ်။ တတ်နိုင်သူတွေကတော့ ယောဂကျင့်ကြတယ်။


အိမ်သာထိုင်ခြင်း


စောင့်ကြောင့်ထိုင်ပြီး အိမ်သာသွားခြင်းက ဗိုလ်ထိုင်ကြွေအိမ်သာတွင် သွားခြင်းထက် ၀မ်းသွားရတာ ပိုလွယ်တယ်လို့ ပြောကြတယ်။ သို့သော် အသက်ကြီးသူများအတွက် ဒူးခေါင်းနာကျင်ပြီး အထိုင်အထ ခက်ခဲနိုင်သောကြောင့် ဒီနည်းလမ်းကိုတော့ မညွှန်းတော့ပါ။

ရေးသားသူ - ဇီဝက (ဆေး-၂)
ကိုးကား - http://ezinearticles.com/?Natural-Tips-For-Curing-Constipation&id=3817000
အပြည့်အစုံဖတ်ရန်...

သားဆက်ခြားနည်းများ (Birth Spacing Methods)


contraception
သားဆက် ခြားနည်းများ အကြောင်း ရေးသား ရတဲ့ ရည်ရွယ် ချက်ကတော့ အိမ်ထောင် ရှင်များ သင့်တော်သော သားဆက်ခြား နည်းကို အသုံး ပြုခြင်း အားဖြင့် မိခင်ကော ကလေးပါ ကျန်းမာ စေရန် နှင့် သားသမီး မလိုချင် သေးချိန် တားဆီး ထားရန်၊ အိမ်ထောင် မပြု ရသေး သူများ အတွက် လည်း မလိုလား အပ်တဲ့ ကိုယ်ဝန် ဆောင်မှု ကို ရှောင်ရှား နိုင်စေရန်၊ အကြောင်း အမျိုးမျိုး ကြောင့် လိင် အကြမ်း ဖက်မှု ခံရသူများ အတွက် အရှက် တကွဲ အကျိုးနဲ မဖြစ်ပေါ် စေရန် ရည်ရွယ် ရေးသား ရပါတယ်...။
သားဆက် ခြားနည်း များကို အဓိက အားဖြင့် (၂) မျိုး ခွဲခြား ထားပါတယ်..
  1. ဟော်မုန်းအသုံးပြု သားဆက်ခြားနည်းများ (Hormonal Methods)
  2. ဟော်မုန်း မသုံးသော သားဆက်ခြားနည်းများ (Non-hormonal Methods)
တို့ ဖြစ်ပါတယ်..။

ဟော်မုန်းအသုံးပြု သားဆက်ခြားနည်းများ (Hormonal Methods)
  • နေ့စဉ်သောက်သန္ဓေတား စားဆေးလုံးများ (Combined Oral Contraceptives)


    • ယင်းဆေးလုံး များတွင် Ethinylestradiol 0.03 to 0.05 mg (အီစထရိုဂျင်) နှင့် Levonorgestrel 0.15 mg (ပရိုဂျက်စတင်) ပါဝင် ပါတယ်.. နေ့စဉ် အချိန်မှန် စနစ်တကျ သောက်ပါက ကိုယ်ဝန်ကို ၉၉.၉ % ထိ ကာကွယ် နိုင်စွမ်း ရှိပြီး စတင် သုံးစွဲ သူများ အဖို့ ရာသီ စပေါ်တဲ့ နေ့မှာဘဲ စတင် သုံးစွဲ ရပါမယ်.. နို့တိုက် မိခင်များ သုံးစွဲ မိပါက နို့တွင် နိုက်ထရိုဂျင် နဲ့ ပရိုတိန်း ပါဝင်မှု လျော့ကျ စေ၍ နို့ထွက် နည်းစေပြီး ကလေး ကြီးထွားမှု ကိုလည်း နှောင့်နှေး စေတတ် သဖြင့် ကလေး အသက် ၆ လ ကျော်မှ သုံးစွဲ သင့်ကြောင်း WHO မှ အကြံပြု ထုတ်ပြန် ထားပါတယ်.. နေ့စဉ် သောက် တားဆေး ကဒ်ကို သုံးစွဲ ခြင်းဖြင့် လစဉ် ရာသီသွေး မှန်မှန် ပေါ်ခြင်း၊ ရာသီ လာစဉ် ကိုက်ခဲမှု သက်သာ စေခြင်း၊ သားသမီး ပြန်လို ချင်ပါက ဆေးရပ်ပြီး မကြာခင် ပြန်ရ နိုင်စေခြင်း၊ သားအိမ် နဲ့ သားဥအိမ် ကင်ဆာ ဖြစ်ပွား မှု လျော့နည်း စေခြင်း စတဲ့ အကျိုး ကျေးဇူး များရရှိ စေပါတယ်.. ဘေးထွက် ဆိုးကျိုး များ အနေဖြင့် ပျို့ခြင်း၊ ခေါင်းကိုက် တတ်ခြင်း၊ ရင်သား နာကျင် တတ်ခြင်း၊ ကိုယ် အလေးချိန် အနည်းငယ် တိုးတတ်ခြင်း၊ သွေး အနည်းငယ် ဆင်းတတ်ခြင်း တို့ဖြစ် ပေါ်တတ် ပါတယ်.. တရုတ် နိုင်ငံ မှ ထုတ်လုပ် သော တစ်လခံ သန္ဓေတား ဆေးလုံး (China Pink Pill) ဟာ Estrogen ပါဝင်မှု အလွန်များ သဖြင့် သုံးစွဲ ရန် မသင့်တော် ကြောင်း WHO မှ ထုတ်ပြန် ထားပါတယ်..
  • တစ်လခံ သန္ဓေတားထိုးဆေး (One month Injection)


    • တစ်လခံ ထိုးဆေး တွင် Estradiol Valerate 5 mg (အီစထရိုဂျင်) နှင့် Norethisterone Enantate 50 mg (ပရိုဂျက်စတင်) ပါဝင် ပါတယ်.. နေ့စဉ်သောက် တားဆေး ကဲ့သို့ ဟော်မုန်း နှစ်မျိုး ပါဝင်ပြီး အာနိသင် အကျိုးမှာ လည်း အားလုံး လိုလို တူညီ ပြီး မှန်ကန်စွာ သုံးစွဲ ပါက ကိုယ်ဝန်ကို ၉၉.၉ % ထိ ကာကွယ် နိုင်စွမ်း ရှိပါတယ်.. တစ်လခံ ထိုးဆေး ကို ရာသီ လာတဲ့ နေ့မှ ၅ ရက် အတွင်း ထိုးရ ပြီး ၄ပတ် (၂၈ ရက်) တစ်ကြိမ် ထိုးရပါမယ်.. သားသမီး ပြန်လို ချင်ပါက အများ စုမှာ ဆေးရပ်ပြီး ၃ လ အတွင်း ကိုယ်ဝန် ပြန်ရ တတ်ပါတယ်.. ဘေးထွက် ဆိုးကျိုး များ အနေဖြင့် နေ့စဉ်သောက် တားဆေး ကဲ့သို့ ပျို့ခြင်း၊ ခေါင်းကိုက် တတ်ခြင်း၊ ရင်သား နာကျင် တတ်ခြင်း၊ ကိုယ် အလေးချိန် အနည်းငယ် တိုးတတ်ခြင်း၊ သွေး အနည်းငယ် ဆင်းတတ်ခြင်း တို့ဖြစ် ပေါ်တတ် ပါတယ်.. နေ့စဉ်သောက် ဆေးလုံးနဲ့ တစ်လခံ ထိုးဆေး စတင် သုံးစွဲ လို့ အောက်ပါ လက္ခဏာ တွေ ပြခဲ့ရင် ဆရာဝန် နဲ့ တိုင်ပင် ကုသ ရပါမယ်..


      • ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်း၊
      • ခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊
      • မျက်စိမှုန်ဝါးခြင်း - ကွယ်ခြင်း၊
      • ပေါင်ခြေသလုံး ကြွက်သား ပြင်းထန်စွာ နာကျင်ခြင်း တို့ ဖြစ်ပါတယ်..
  • ၃လခံ သန္ဓေတားထိုးဆေး (3 month Injection)


    • ၃လခံ ထိုးဆေး တွင် Medroxyprogesterone Acetate 150 mg ပါဝင် ပါတယ်.. နေ့စဉ် သောက်ဆေး၊ တစ်လခံ ထိုးဆေး နည်းတူ မှန်ကန် စွာ စနစ် တကျ သုံးစွဲ ပါက ကိုယ်ဝန်ကို ၉၉.၇ % ထိ ကာကွယ် နိုင်စွမ်း ရှိပါတယ်.. ရာသီ လာတဲ့ နေ့မှ ၅ ရက် အတွင်း ထိုးရ ပြီး ၁၂ပတ် (၈၄ ရက်) တစ်ကြိမ် ထိုးရ ပါမယ်.. ၃လခံ ထိုးဆေး ဟာ နို့တိုက် မိခင်များ သုံးစွဲ ပါက နို့ထွက်မှု နှင့် နို့အရည် အသွေး ကို ထိခိုက် ခြင်း မရှိ သဖြင့် ကလေး မီးဖွား ပြီး ၆ ပတ် အကြာ တွင် စတင် သုံးစွဲ နိုင်ပါတယ်.. သုံးစွဲ နေစဉ် ကာလ အတွင်း ရာသီ သွေး လစဉ် မပေါ် ဘဲ ထိန်နေ တတ်ပါတယ်..
  • အရေးပေါ် သန္ဓေတားဆေး (Emergency Contraception - EC)


    • အရေးပေါ် သန္ဓေတားဆေး ကို အကာ အကွယ်မဲ့ လိင်ဆက်ဆံ မှုပြုပြီး လျှင်သော်၎င်း၊ လိင်အကြမ်း ဖက်မှု ခံရ လျှင်သော်၎င်း သုံးစွဲ ရမယ့် နည်းလမ်း ဖြစ်ပါတယ်.. အရေးပေါ် သန္ဓေ တားနည်း တွင် သောက်ဆေး နှင့် သားအိမ် တွင်းထည့် ပစ္စည်း (IUD) ဆိုပြီး (၂)မျိုး ရှိပါတယ်.. သောက်ဆေးတွင် (၂) မျိုးရှိ၍ ဟော်မုန်း တစ်မျိုး တည်းပါ (Progestin only EC) သောက်ဆေး နဲ့ ဟော်မုန်း နှစ်မျိုးပါ (Estrogen + Progestin EC) သောက်ဆေး တို့ ဖြစ်ပါတယ်.. ဟော်မုန်း တစ်မျိုး တည်းပါ (Progestin only EC) သောက်ဆေး တစ်လုံးတွင် Levonorgestrel 0.75 mg ပါဝင်ပြီး အကာ အကွယ်မဲ့ လိင်ဆက် ဆံမှု ပြုပြီး ၅ ရက် (၁၂၀ နာရီ) အတွင်း စောနိုင် သမျှ စောအောင် သောက်သင့် ပါတယ်.. စောစီးစွာ သောက်သုံး ပါက ကိုယ်ဝန်ကို တားဆီး ပေးနိုင်မှု ရာခိုင်နှုန်း များပြီး နောက်ကျ သောက် ပါက တားဆီး နိုင်မှု ရာခိုင်နှုန်း တဖြည်းဖြည်း ကျဆင်း လာပါတယ်.. ဆေး ၂ လုံး ကို တပြိုင်နက် သောက်ရ မှာဖြစ်ပြီး အကယ်၍ သောက်ပြီး ၂ နာရီ အတွင်း အန်ပါက နောက်ထပ် အလားတူ ဆေး ၂ လုံး ကို ထပ်မံ သောက်ရ ပါမယ်.. ပျို့အန်ခြင်း သက်သာ စေရန် အစာစား ပြီးမှ သောက်သင့် ပါတယ်.. ဟော်မုန်း နှစ်မျိုးပါ အရေးပေါ် သောက်ဆေး တစ်လုံး စီတွင် Ethinylestradiol 0.1 mg (အီစထရိုဂျင်) နှင့် Levonorgestrel 0.5 mg (ပရိုဂျက်စတင်) ပါဝင် ပါတယ်.. သုံးစွဲ နည်းမှာ ပထမ တစ်လုံးကို အကာ အကွယ်မဲ့ လိင်ဆက် ဆံမှု ပြုပြီး ၃ ရက် (၇၂ နာရီ) အတွင်း သောက်ရ မှာဖြစ်ပြီး ဒုတိယ တစ်လုံးကို ၁၂ နာရီ ခြားပြီး ထပ်မံ သောက်ရ မှာဖြစ် ပါတယ်.. ဟော်မုန်း တစ်မျိုး တည်းနှင့် နှစ်မျိုးပါ အရေးပေါ် တားဆေး များကို နှိုင်းယှဉ် ကြည့်ပါက ကိုယ်ဝန် တားဆီး နိုင်မှု ၈၅% နှင့် ၇၅% ၊ ပျို့အန် ခြင်းဟာ ဟော်မုန်း နှစ်မျိုး ပါ သောက်ဆေး သုံးပါက ပိုမို ဖြစ်ပွား တတ်သော ကြောင့် ဟော်မုန်း တစ်မျိုးတည်း ပါဆေးကို ရွေးချယ် သုံးစွဲ သင့်ပါတယ်.. မြန်မာ နိုင်ငံ တစ်ဝှမ်း ရှိ 'နေ' ဆေးခန်း (Sun Clinics) များတွင် ဟော်မုန်း တစ်မျိုး တည်းပါ (Progestin only EC) သောက်ဆေး ကို OK EC တံဆိပ် အနေဖြင့် အရည် အသွေးပြည့် ဆေး ရရှိ နိုင်ပါတယ်.. သားအိမ် တွင်းထည့် ပစ္စည်း (IUCD) ကို အကာ အကွယ်မဲ့ လိင်ဆက် ဆံမှု ပြုပြီး ၅ ရက် (၁၂၀ နာရီ) အတွင်း ထည့်ခြင်း ဖြင့် အရေး ပေါ် သန္ဓေ တားနည်း အဖြစ် သုံးစွဲ နိုင်ပါတယ်..
  • အရေပြားအောက် သန္ဓေတားပစ္စည်း ထည့်ခြင်း (Contraceptive Implant)


    • အသုံးများ သော ပစ္စည်းမှာ Norplant-2 (Jadelle) ဖြစ်ပြီး (2.5 mm × 43 mm) အရွယ် စီလီကွန် အိတ်လေး (Silicone rods) နှစ်ခု ပါရှိ ပါတယ်.. တစ်ခုစီ တွင် levonorgestrel 75 mg (ပရိုဂျက်စတင်) ပါရှိပြီး လက်မောင်း အရေပြား အောက်ထည့် သွင်း ရပါတယ်.. ထည့်ပြီး ၂၄ နာရီ တွင် အာနိသင် အစွမ်း ရရှိ စေပြီး တစ်ခါ ထည့်ထား လျှင် ၅ နှစ်ထိ အာနိသင် ရှိပါတယ်.. သားသမီး ပြန်လို ချင်တဲ့ အခါ (သို့) အခြား သားဆက် ခြားနည်း ပြောင်းသုံး ချင်တဲ့ အခါ အချိန် မရွေး ပြန်ထုတ် နိုင်ပါတယ်..


ဟော်မုန်း မသုံးသော သားဆက်ခြားနည်းများ (Non-hormonal Methods)
  • သားအိမ် တွင်းထည့် ပစ္စည်း (Intrauterine Contraceptive Device - IUCD @ IUD)


    • သားအိမ် တွင်းထည့် ပစ္စည်း အမျိုး အစား (၂) မျိုးရှိ ပါတယ်.. တစ်မျိုးမှာ ဟော်မုန်း မပါ ရှိဘဲ သန့်စင် သောကြေးနီ ၀ါယာများ ရစ်ပတ် ထားသော T ပုံသဏ္ဌာန် ပစ္စည်း ဖြစ်ပြီး နောက်တစ်မျိုး မှာ Levonorgestrel (ပရိုဂျက် စတင်) ဟော်မုန်း ပါဝင်သော ပစ္စည်း တို့ဖြစ် ပါတယ်.. အသုံး အများ ဆုံးမှာ ဟော်မုန်း မပါသော ပစ္စည်း ဖြစ်ပြီး တစ်ခါ ထည့်ထား လျှင် ၅ နှစ်ထိ ကာကွယ် နိုင်စွမ်း ရှိပါတယ်.. သားဥ အိမ်ကင်ဆာ ရှိသူများ၊ လိင်မှ တစ်ဆင့် ကူးစက် ရောဂါ ရှိသူများ (STIs)၊ ပိုးဝင် သားလျှော ခြင်းဖြစ် ပွားသူများ၊ သွေးဆင်း များသူများ၊ သားအိမ် ခေါင်း ကင်ဆာ ဖြစ်ပွား သူများ၊ သားအိမ် တွင်း ကင်ဆာ ဖြစ်ပွား သူများ၊ သားအိမ် မူမမှန် ဖြစ်နေ သူများ၊ သားအိမ် ၀န်းကျင် တီဘီ ရောဂါ ပျံ့နှံ့ ကူးစက် သူများ ဟာ သားအိမ် တွင်း သန္ဓေတား ပစ္စည်း ထည့်ရန် မသင့်တော် သူများ ဖြစ်ပါတယ်..
  • ကွန်ဒုံး အသုံးပြုခြင်း (Condom)


    • ကွန်ဒုံး အသုံး ပြုခြင်းဟာ သားဆက် ခြားခြင်း အတွက် တွင်သာမက လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါ များကို လည်း ကာကွယ် ပေးနိုင်သော ပစ္စည်း ဖြစ်ပါတယ်.. မှန်ကန် သော နည်းလမ်း ဖြင့် စနစ် တကျ သုံးစွဲ ပါက အထက်ပါ လုပ်ငန်း (၂) မျိုးလုံးကို ထိရောက် စွာ ကာကွယ် နိုင်ပါတယ်.. ကွန်ဒုံး တွင် အမျိုးသား သုံး ကွန်ဒုံး နှင့် အမျိုးသ မီးသုံး ကွန်ဒုံး ဆိုပြီး (၂) မျိုး ရှိပါတယ်..အခြေ အနေ ပေါ်မူ တည်၍ တစ်ဦးဦး က သုံးစွဲ သင့်ပြီး နှစ်မျိုး စလုံးကို နှစ်ဦး စလုံးက တစ်ပြိုင်နက် မသုံး စွဲသင့်ပါ..
အထက်ပါ နည်းလမ်း များအပြင် အခြား အသုံးနည်း သော နည်းလမ်းများ ရှိသေး သော်လည်း မဖော်ပြ တော့ပါ.. နည်းလမ်း များ အကြောင်း ကို သိရှိ ရုံသာ ဖြစ်ပြီး အသေး စိတ်ကို မူ ဆရာဝန် နှင့် တိုင်ပင် ဆွေးနွေး သင့်ပါကြောင်း ရေးသား လိုက်ရ ပါတယ်.. စာဖတ်သူ များ ဘေးဘယာ အပေါင်း မှကင်း ဝေးနိုင် ပါစေ...။
အပြည့်အစုံဖတ်ရန်...

Soft Drinks & Pancreatic Cancer

ဇီဝက ဆေး-၂ မှ ကူးယူးဖော်ပြပါသည်

ပုံ (၁) အမျိုးမျိုးသော soft drinks များ
Reference : http://freetipstricks.com/photos/2009/09/soft-drinks2.jpg
မြန်မာနိုင်ငံမှာ soft drink လို့ ခေါ်တဲ့ အချိုရည်ပုလင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်လာကြတာ နှစ် ၂၀ လောက်ရှိပြီ ထင်ပါတယ်။ Pepsi တို့ 7up တို့က စလိုက်တာ အခု fruito တို့ cola တို့ခေတ် အထိပါပဲ။ ကြားထဲမှာ lippo တို့ ကျွဲရိုင်းတို့လည်း ပါပါသေးတယ်။ သူတို့ကို energy drink လို့လည်း ခေါ်ကြတယ်။ ဘာဖြစ်လို့လဲဆိုသော် သူတို့ထဲမှာ သကြားဓာတ်တွေ အမြောက်အမြားပါဝင်တယ်။ သကြားဆိုတာ body အတွက် စွမ်းအင်ပဲ။ အဲဒီတော့ အချိုရည်သောက်လိုက်ရင် လန်းသွားတယ်ဆိုတာ တကယ်တော့ မဆန်းလှပါဘူး။ ပေါ်စတုန်းက အရမ်းခေတ်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြို့ပေါ်ကလူတွေက ဒီအချိုရည်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ သိရှိလာကြပါတယ်။ ရလဒ်အဖြစ် သောက်တော့သောက်ကြတယ်။ အလွန်အကျူးမသောက်ကြတော့ဘူး။ နယ်ဘက်မှာတော့ အစကတည်းက သိပ်ပြီး သောက်ကြလေ့ မရှိဘူးထင်ပါတယ်။
ဒီအချိုရည်တွေကို America မှာတော့ အခုထက်ထိ စွဲစွဲမြဲမြဲ သောက်ကြတုန်းပဲ။ Coca cola ကလည်း အရမ်းနာမည်ကြီးတယ်လေ။ ကြော်ငြာအားကလည်း တကယ်ကောင်းတာ။ American တွေက ကျန်တဲ့နေရာမှာသာ တော်ရင်တော်မယ်။ ကျန်းမာရေး အမူအကျင့်နဲ့ ပတ်သက်လာရင် ဗမာတွေနဲ့ သိပ်ကွာတာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း အ၀လွန်ရောဂါတွေ လူငယ်တွေကြားမှာ အရမ်းဖြစ်လာတာ။ သူတို့တတွေက သိသိချည်းနဲ့ နေချင်သလိုနေ နေကြသလိုပဲ။
အခု အဲဒီ အချိုရည်တွေနဲ့ ပတ်သက်ပြီး သုတေသန စာတမ်းတစ်စောင် ထွက်လာတယ်။ ပြုလုပ်တဲ့ တက္ကသိုလ်ကတော့ Washington, DC က Georgetown University Medical Center ကပါ။ ထိုစာတမ်းကို ဖေဖော်ဝါရီလထုတ် ကင်ဆာ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အချို၇ည် သောက်မှုနဲ့ Pancreas Cancer တို့ရဲ့ ဆက်သွယ်မှုကို သိရှိအောင် စင်ကာပူ နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေကြားမှာ သုတေသနကကို ပြုလုပ်ခဲ့ပါတယ်။ ကြာမြင့်ချိန်ကတော့ ၁၄ နှစ် ဖြစ်ပါတယ်။
Pancreas ကို ဗမာလို မုန့်ချိုအိတ်လို့ တချို့ကလည်း ခေါ်ကြတယ်။ body အတွက် အရမ်းအရေးကြီးတဲ့ Insulin ဟော်မုန်းကို သူက ထုတ်ပေးပါတယ်။ နောက်ပြီး အစာခြေတဲ့ ဖြစ်စဉ်မှာလည်း တစ်တပ်တစ်အား ပါဝင်ပါသေးတယ်။ Pancreas ဟာ ဗိုက်ထဲမှာ တည်ရှိပြီး အူများ ကလီစားများရဲ့ အနောက်မှာ တည်ရှိပါတယ်။ တစ်ခါတစ်ရံတွင် ကျောက်တည်ခြင်းကြောင့် သို့မဟုတ် အရက်သောက်ခြင်းကြောင့် ရောင်တတ်သည်မှာလွဲ၍ လူကို တော်ရုံတန်ရုံ ဒုက္ခမပေးပါ။ Pancreas တွင် ကင်ဆာဖြစ်ပါက အစပိုင်းတွင် မည်သည့်လက္ခဏာမှာ မပြတတ်သော်လည်း ရောဂါရင့်လာသောအခါ သည်းခြေပြွန်ကို ပိတ်စေပြီး အသားဝါခြင်းကို ဖြစ်စေတတ်သည်။ ရောဂါစောစောစီးစီးသိရှိပါက ခွဲစိတ်ကုသပျောက်ကင်းနိုင်သော်လည်း quality of life သည် ယခင်ကလောက် မကောင်းတော့ပေ။ ထို့ကြောင့် မဖြစ်အောင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါသည်။ ခက်တာက ဘာကြောင့် ကင်ဆာဖြစ်ရသလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်သောကြောင့် ကာကွယ်ရန်လည်း မလွယ်လှပေ။ ဆေးလိပ်သောက်ခြင်းနှင့် အ၀လွန်ခြင်းတို့ကြောင့် ဖြစ်နိုင်သည် ဟု ပြောကြသော်လည်း ရာခိုင်နှုန်းက အရမ်းနည်းပါးသောကြောင့် "ခင်ဗျား ဆေးလိပ်ဖြတ်လိုက် pancreas ကင်ဆာမဖြစ်ဘူးလို့ အာမခံတယ်လို့ "ယတိပြတ်ပြောလို့မရပေ။ ကင်ဆာကို ဖြစ်စေတဲ့လို့ သံသယရှိခြင်းခံရသူတွေကတော့ အ၀လွန်ခြင်း၊ အမျိုးအစား ၂ ဆီးချိုရှိသူများ နှင့် ဆေးလိပ်သောက်သူများ ဖြစ်ကြပါတယ်။ အခုတော့ နောက်ထပ်အသစ်တစ်ခုတိုးလာပြီပေါ့။

ပုံ (၂) pancreas တွင် ကင်ဆာဖြစ်ပွားနေပုံ
Reference : http://www.topnews.in/health/files/Pancreatic-Cancer2.gif

ပုံ (၃) pancreas cancer ကို ခွဲစိတ်ရန်အတွက် ဖြတ်တောက်ပစ်ရသော အစိတ်အပိုင်းများ
Reference : http://pathology.jhu.edu/pancreas/images/pcheadwhipple.gif
သုတေသနအကြောင်းကို ပြန်ပြောရရင် သူက လူတွေရဲ့ အအေးသောက်တဲ့ပုံစံ၊ lifestyle နဲ့ ဒီကင်ဆာရောဂါရဲ့ ဆက်စပ်မှုကို ရှာဖွေတာပါ။ သုတေသနရဲ့ အစမှာ ပါဝင်သောသူတွေရဲ့ ၉.၇ ရာခိုင်နှုန်းလောက်က တစ်ပတ်မှာ soft drink (coca cola or similar energy drink) တွေကို ၂ ကြိမ်နဲ့ အထက် သောက်သုံးကြပါတယ်။ ၁၀ ရာခိုင်နှုန်းလောက်ကတော့ သစ်သီးဖျော်ရည်အစစ်တွေကို တစ်ပတ် ၂ ကြိမ်လောက် သောက်ကြပါတယ်။ soft drink သောက်သူအများစုဟာ ယောက်ကျားတွေ ဖြစ်နေတတ်ပြီး သူတို့ဟာ ပညာတတ်တယ်။ အရက်သောက်တယ်။ အလုပ်များတယ်။ ကိုယ်လက်လှုပ်ရှားနည်းတယ်။ ဆေးလိပ်လည်း သောက်ကြတယ်။ သစ်သီးဖျော်ရည်သောက်သူတွေကလည်း မထူးမခြားနားသော lifestyle တွေရှိကြတယ်။ အဲဒီတော့ သူတို့မှာ ကွာတာက အအေးသောက်ရင် တစ်ချို့က soft drink သောက်ပြီး တချို့က သစ်သီးဖျော်ရည် သောက်ကြပါတယ်။ ၁၄ နှစ် ကြာပြီးနောက် သူတို့ကို follow up လည်းလုပ်လိုက်ကော အယောက် ၆ သောင်းခွဲလောက်မှာ ၁၄၀ က pancreas ကင်ဆာဖြစ်နေတာကို တွေ့ရပါတယ်။ အရေအတွက်ချင်း ယှဉ်ကြည့်လိုက်ရင် မသိသာပေမယ့် ဖြစ်သူအများစုက soft drink ကို တစ်ပတ်ကို ၂ ကြိမ်ထက် ပိုသောက်နေသူတွေ ဖြစ်ပါတယ်။ တကယ်တော့ လူတိုင်းကတော့ တစ်လကို တစ်ကြိမ်လောက်တော့ သောက်မှာပါ။ သို့သော် သူတို့ထက် တစ်ပတ်ကို ၂ ကြိမ်ထက်မက သောက်သူတွေက ၉၅ ရာခိုင်နှုန်းလောက် ဖြစ်ဖို့ အခွင့်အလမ်းပိုများနေတာ တွေ့ရပါတယ်။ lifestyle ချင်းအတူတူ သစ်သီးဖျော်ရည်သောက်သူတွေကတော့ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းလောက်ပဲ တက်လာတာကို တွေ့ရပါတယ်။သုတေသီတွေရဲ့ ယူဆချက်ကတော့ soft drink တွေတစ်ခုတည်းကြောင့် ကင်ဆာဖြစ်ဖို့ထက် အခြားသော ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်နည်းပုံစံတွေနဲ့လည်း ပတ်သက်ပါတယ်တဲ့။ လူကလည်း နေချင်သလိုနေမယ်။ အချိုရည်တွေလည်း နင်းကန် သောက်နေသူတွေသာ ကင်ဆာဖြစ်တာ တွေ့ရပါတယ်။
ဒီ post ကို ဖတ်ပြီးတော့ အအေးထုတ်တဲ့ ကုမ္ပဏီတွေကို တရားစွဲဖို့ မဟုတ်ပါဘူး။ ဒီအအေးတွေကလည်း ကိုယ်တကယ်ပင်ပန်းလာတဲ့အချိန်မျိုးတွေမှာ သောက်လိုက်ရင် လန်းဆန်းတက်ကြွစေပါတယ်။ သို့သော် အလွန်အကျွံမသောက်ဖို့တော့လိုပါတယ်။ သူတစ်ခုတည်းကြောင့် ကင်ဆာဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ ဘယ်သူမှ အတိအကျမသိသေးတဲ့အတွက် သတိထားသင့်ပါကြောင်း။ ။


Reference of Research Paper
အပြည့်အစုံဖတ်ရန်...

အော်တစ်ဆန် နဲ့ မိဘအသက်အရွယ်

kid_tv_4apr08_150
ဖေဖ၀ါရီ ၁၇၊ ၂၀၁၀။                 ၀က်သက်ရောဂါ ပချိတ်ယောင်ရောဂါ ဂျာမန်ဝက်သက်ရောဂါ ကာကွယ်ဆေးတွေနဲ့ အော်တစ်ဆန်ရောဂါ ဆက်စပ်နေမှုကို ဆေးပညာနဲ့ပတ်သက်လို့ နာမည်ကြီးတဲ့ the Lancet ဆေးပညာဂျာနယ်မှာ အခုလ အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ အော်တစ်ဆန်ရောဂါနဲ့ အကြမ်းဖျဉ်းပြောရရင်တော့ အော်တစ်ဆန် ရောဂါရှိသူဟာ ကိုယ့်ရဲ့စိတ်ကူးကမ္ဘာထဲမှာပဲ ကိုယ်ရှိနေပြီး၊ အခြားသူတွေနဲ့ ဆက်သွယ်ဆက်ဆံမှုပိုင်းမှာ အားနည်းတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဖြစ်မှုပါ။ အော်တစ်ဆန်ဖြစ်စေတဲ့ အကြောင်းရပ်တွေနဲ့ပတ်သက်လို့ ခန့်မှန်းချက် စဉ်းစားချက်တွေ အတော်များများရှိပါတယ်။ အခု နောက်ဆုံး တွေ့ရှိချက်တရပ်ကတော့ မိခင် ကိုယ်ဝန်ဆောင်ချိန်နဲ့ ပတ်သက်ပါတယ်။
အသက် ၄၀ ကျော်မှာ မိခင် ကိုယ်ဝန်ဆောင်တာဟာ အန္တရာယ်အမျိုးမျိုးရှိတယ်လို့ အမျိုးသမီးအတော်များများက သိထားပါတယ်။ Cherri Cary ဟာ ကလေးမွေးတဲ့အချိန်မှာ အသက် ၄၀ ရှိပါပြီ။
" စိုးရိမ်ချက်တွေ အတော်များများရှိတဲ့အထဲက တခုကတော့ ကလေးမှာ Down Syndrom မွေးရာပါ ဥာဏ်ရည်မပြည့်မှီတာမျိုး ဖြစ်လာမှာကို စိုးရိမ်ရတာပါ။ နောက်တခုကတော့ မွေးတဲ့အချိန် ကိုယ်အလေးချိန်မပြည့်တဲ့ ကလေး မွေးလာမှာကို စိုးရိမ်ရတာပါ။"
ဒါပေမယ့်လည်း အဲဒီ စိုးရိမ်ချက်တွေအများကြီးထဲမှာတော့ မွေးလာတဲ့ကလေးမှာ Autism မွေးရာမှာ စိတ်ပိုင်းဆိုင်ရာ အာရုံချို့တဲ့မှုဖြစ်လာတတ်တယ်ဆိုတာကိုတော့ Cary ဟာ လုံးဝ ထည့်မတွက်ခဲ့ပါဘူးတဲ့။ သူ့ရဲ့သား  Ben မှာ စိတ်ကစင့်ကယားဖြစ်တဲ့ ရောဂါ အခု တွေ့နေရပါတယ်။
ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသီတွေဟာ မိဘ သန်းပေါင်းများစွာကို လေ့လာ သုတေသနလုပ်ခဲ့ပါတယ်။ အသက် ၄၀ကျော်မှာ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေဟာ - အသက်၂၀နှစ်အောက် အရွယ်ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေထက် - မွေးတဲ့ ကလေးမှာ Autism ရနိုင်ဖို့ နှစ်ဆနီးပါး ပိုများလာတယ်ဆိုတာ သူတို့ တွေ့ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်ကြောင့် ဒီလိုဖြစ်နိုင်ချေ အန္တရာယ် ရာခိုင်နှုန်းကတော့ နည်းတယ်လို့ပြောရမှာပါ။ Autism ရောဂါ ဖြစ်နိုင်ချေ အန္တရာယ်ဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်ကြောင့်ဆိုတဲ့ အကြောင်းရပ်ဟာ ဖြစ်နိုင်ချေ ငါးရာခိုင်နှုန်းပဲရှိပါတယ်။ သုတေသီ Janie Shelton ဟာ ဒီ သုတေသနစာတမ်း ဦးဆောင်ရေးသားသူဖြစ်ပါတယ်။
" မိခင် ကိုယ်ဝန်ဆောင်ချိန်အသက်အရွယ်ကြောင့် Autism ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့်လည်း အခုလို အသက်နှောင်းပိုင်း ကလေးယူတာကြောင့် Autism ဖြစ်ပွားမှု ပိုများလာတယ်ဆိုတာကိုတော့ အသေ သတ်မှတ်ထားလို့မရပါဘူး။"
အသက်ကြီးတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးမှာ မျိုးဗီဇဆိုင်ရာ အားနည်းချို့ယွင်းမှုဖြစ်ဖို့ အန္တရာယ်များတယ်ဆိုတာ သိထားပြီးသားပါ။ Autism ရောဂါဖြစ်ဖို့ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေဟာ အရေးကြီးတယ်လို့လည်း သိထားကြပါတယ်။ မှတ်ဥာဏ် IQ မြင့်မားနေတတ်ပေမယ့် လူမှုဆက်ဆံရေးပိုင်း ဘာသာစကားပြောဆိုမှုပိုင်းမှာ အားနည်းချို့ယွင်းမှုဖြစ်နေတတ်တဲ့ Asperger Syndrome ဟာ Autism အနွယ်ဖြစ်သလို၊ မျိုးရိုးဗီဇ အခြေခံ ရောဂါလည်းဖြစ်ပါတယ်။
"ကျမ ဆွေမျိုးတွေထဲက သုံးဝမ်းကွဲတဦးမှာ Asperger Syndrome ရောဂါရှိပါတယ်။ နောက် တ၀မ်းကွဲတဦးမှာတော့ PDD/ Autism ရောဂါ ရှိနေပါတယ်။"
Erica Romano ဖြစ်ပါတယ်။ သူ့ရဲ့ ကလေးသုံးဦးမှာ အခု Autism ရောဂါ ရထားပါတယ်။ ဒါကြောင့်လည်း မျိုးရိုးဗီဇကြောင့် မျိုးရိုးလိုက်တယ်လို့လည်း ယူဆနိုင်ပါတယ်။
အခုသုတေသနလုပ်တဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ် သုတေသီတွေရဲ့ ပြောအရတော့ အခုလို Autism ရောဂါ ဖြစ်နိုင်ချေဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်အရွယ်အပေါ်မှာချည်း တည်တာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ဖြစ်သူရဲ့ အသက်အရွယ်လောက် အဓိက မကျပေမယ့်လို့ - ဖခင်ဖြစ်သူရဲ့ အသက်အရွယ်ဟာလည်း ရောဂါဖြစ်ပွားမှုမှာ အချက်တချက်ပါဝင်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။
ကမ္ဘာ့နေရာအတော်များများမှာတော့ Autism ဖြစ်ပွားမှုဟာ အတော်လေးမြင့်လားလာတဲ့ လက္ခဏာရှိပါတယ်။ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ Autism ရောဂါသည် ကလေးငယ်စုစုပေါင်း အရည်အတွက်ဟာ နှစ်ဆကျော်လာတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန CDC ရဲ့ ကိန်းဂဏန်းမှာ ဖော်ပြထားပါတယ်။ ကလေး တရာမှာ တဦးနှုန်းလောက်ဟာ Autism ရောဂါပုံစံ တမျိုးမဟုတ် တမျိုး ခံစားနေရတယ်ဆိုတာ တွေ့ရပါတယ်တဲ့။
အခုလို Autism ရောဂါသည် ကလေးဦးရည် အတော်များလာတယ်ဆိုတဲ့အပေါ်မှာ အချို့ သုတေသီတွေကတော့ ငြင်းချက်ထုတ်ပါတယ်။ မနုဿဗေဒ ပညာရှင် Richard Grinker က ဒီအကြောင်း သူ့စာအုပ်မှာ ရေးခဲ့ပါတယ်။
"အခု ဖြစ်ပွားနေတဲ့ အရည်အတွက်ကိုကြည့်ပါ.. လွန်ခဲ့တဲ့ ဆယ်နှစ် နှစ်နှစ်ဆယ်တုန်းကနှုန်းနဲ့ နှိုင်းယှဉ်လို့ကို မရနိုင်ပါဘူး။"
Autism ရဲ့ ကနဦးရောဂါလက္ခဏာတွေကို အခုဆို မိခင်တွေရော ဆရာဝန်တွေကပါ ပိုပြီးတော့ သတိထားလာကြပါတယ်။ ဒါပေမယ့်လည်း Autism နဲ့ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုမှုကတော့ အလွန်ကျယ်ပြန့်ပါတယ်။ လူရဲ့ လုပ်ပုံကိုင်ပုံ ဆက်ဆံပုံ ချို့ယွင်း မှားယွင်းနေမှုတွေအပေါ်တည်ပြီး Autism အနွယ်ရောဂါတွေကို တွေ့နေရပါတယ်။
အခုနောက်ဆုံးလေ့လာချက်မှာတော့ မိဘ အသက်အရွယ်ဟာ သူ့ကြောင့် Autism ဖြစ်စေတာမဟုတ်ပေမယ့်လို့၊ Autism ဖြစ်လာဖို့ Autism ဆိုတဲ့ ပဟေဌိတွေထဲက အစ တစအဖြစ်တော့ ရှိနေတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

နားဆင်ရန်

ဗွီအိုအေမြန်မာသတင်းဌာန ကျန်းမာရေးကဏ္ဍမှ ကူးယူဖော်ပြပါသည်။
အပြည့်အစုံဖတ်ရန်...

ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း

Heart Attacks And Drinking Warm Water (ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း)

This is a very good article. Not only about the warm water after your meal, but about Heart Attacks . The Chinese and Japanese drink hot tea with their meals, not cold water, maybe it is time we adopt their drinking habit while eating.
(ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီက
ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။

For those who like to drink cold water, this article is applicable to you. It is nice to have a cup of cold drink after a meal. However, the cold water will solidify the oily stuff that you have just consumed. It will slow down the digestion. Once this 'sludge' reacts with the acid, it will break down and be absorbed by the intestine faster than the solid food. It will line the intestine.. Very soon, this will turn into fats and lead to cancer. It is best to drink hot soup or warm water after a meal.
ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။ အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

Common Symptoms Of Heart Attack... A serious note about heart attacks - You should know that not every heart attack symptom is going to be the left arm hurting . Be aware of intense pain in the jaw line .
(အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး-  သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့  လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ လဲ သတိထားသင့်ပါတယ်။)

You may never have the first chest pain during the course of a heart attack.Nausea and intense sweating are also common symptoms. 60% of people who have a heart attack while they are asleep do not wake up. Pain in the jaw can wake you from a sound sleep. Let's be careful and be aware. The more we know, the better chance we could survive.
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့  က သင့် ကို နိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့ တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ကျွန်တော် တို့  ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။

A cardiologist says if everyone who reads this message sends it to 10 people, you can be sure that we'll save at least one life. Read this & Send to a friend. It could save a life. So, please be a true friend and send this article to all your friends you care about.
(နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ့  ကျွန်ုပ်တို့  ဟာ အနဲ ဆုံး အသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီ ကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်း  ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ် နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေးလိုက်ပါဗျာ။

(ဆီလျှော် အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)မူယင်း အဓိပ္ပါယ် နဲ့ အနီးဆုံး ဖြစ်အောင်ပါ။ မူယင်း ကို ကြိုက်ယင် လဲ ဘာသာပြန်ကို ဖြုတ်ထားပြီး ဆက်လက် ဖြန့်ဝေသွားစေချင်ပါတယ်။

mail ထဲကတွေ့လို့ ကူးကူးဖော်ပြလိုက်တာပါ . . . !
အပြည့်အစုံဖတ်ရန်...

မလိုအပ်ပဲ ဓာတ်မှန် မရိုက်ပါနဲ့ 




လူတို့  ဖန်တီး ပြုလုပ်ထားသော ဓာတ်ရောင်ခြည် အများဆုံး အသင့်ခံစေရသည့် နေရာမှာ ကျွန်ုပ်တို့  ကိုယ်ကျွန်ုပ်တို့  ဓာတ်မှန် ရိုက်ခြင်းကြောင့် ဖြစ်ပြီး ရရှိတဲ့ အကျိုးကျေးဇူးနှင့် အန္တရာယ် အခွင့်အလမ်းတို့ ကို ချိန်ဆ ကြရမှာ ဖြစ်ပါတယ်။ အပြင်းအထန် မတော်တဆ ထိခိုက်ဒဏ်ရာ ရသောသူများကို အရိုးကျိုး၊ မကျိုး သိစေရန် ဓာတ်မှန်ရိုက်ဖို့  လိုသော် လည်း သင့်အနေနဲ့  ဆေးရုံ ဆေးခန်းသွားတိုင်း သို့ မဟုတ် သွားဆရာဝန်ထံ သွားတိုင်း ဓာတ်မှန်မရိုက်သင့်ပဲ တာဝန်ရှိသည့် ဆေးပညာရှင်များက မဖြစ်မနေ ရိုက်ရန် အရေးကြီး သည်ဟု ဆိုမှသာလျှင် ဓာတ်မှန် ရိုက်ခြင်းကို ခံယူသင့်ပါတယ်။ ဓာတ်မှန် အရိုက်ခံသည့် အခါ သင်၏ မျိုးပွား အင်္ဂါများအား ကာကွယ်ရန် ခဲသတ္တု ပါသည့် အဖုံးအကာများ ၀တ်ဆင်ပေးရန် တောင်းဆိုသင့်သည်။
Health Digest Journal
အပြည့်အစုံဖတ်ရန်...

ခေါင်းကိုက်တာ ချက်ချင်းသက်သာလိုလျှင်


မိုင်ဂရိန်းခေါ် ခေါင်းတခြမ်း ထိုးကိုက်လာလျှင် ပန်းသီးအစိမ်းရောင် တစ်လုံးကို စားလိုက် ပါလားတဲ့။ မယုံကြည်နိုင်လောက်အောင်ပဲ ခေါင်းကိုက်တာ ချက်ချင်း ပြေလျော့သွား တာကို တွေ့ ရပါလိမ့်မယ်တဲ့။ အမေရိက သုတေသီများရဲ့ လေ့လာလချက်အရ အခွံစိမ်း စိမ်းလေးနဲ့  လှပတဲ့ ပန်းသီးတစ်လုံး စားရုံဖြင့် ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက်နေတဲ့ လူတွေ၊ စိတ်ဖိစီးမှုများနေတဲ့ လူတွေကို ပျော်ရွှင် လန်းဆန်းစေပါသတဲ့။ ဘာကြောင့်လဲ ဆိုတော့ ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက် နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက် ပတ်ပတ်လည်ရှိ ကြွက်သားနှင့် သွေးကြောများ ကျုံ့ ခြင်းကို လျော့ပါးသွားစေတာကြောင့်လို့ တွေ့ ရှိခဲ့ကြပါတယ်။
Health Digest Journal
အပြည့်အစုံဖတ်ရန်...

ကျန်းမာ လှပခြင်း အရပ်ဆီ အရောက်ပို့ မည့် ဖျော်ရည်များ

အောက်မှာ ဖော်ပြထားတဲ့ ဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာ လှပသော ဘ၀ကို ရယူကြပါစို့ ။
၁။ မုန်လာဥနီ+ဂျင်း+ပန်းသီး
ကိုယ်တွင်း အင်္ဂါနှင့် ဇီဝ ကမ္မ ဖြစ်စဉ်ကို သန့် ရှင်း စင်ကြယ်စေသည်။
၂။ ခရမ်းချဉ်သီး+သခွားသီး+ပန်းသီး
ကင်ဆာကို ကာကွယ်ပေးသည်။ ကိုလက်စထရောအား လျှော့ချပေးသည်။ အစာအိမ်ကို စိတ်ချမ်းသာမှု ရစေပြီး ၀မ်းတစ်လုံး ကောင်းစေသည်။ ခေါင်းကိုက်ခြင်းကိုလည်း လျှော့ပါးစေသည်။
၃။ ခရမ်းချဉ်သီး+မုန်လာဥနီ+ပန်းသီး
အသားအရေကို စိုပြည် ၀င်းလက်စေသည်။ ခံတွင်း အနံ့ ဆိုး ထွက်ခြင်းကို တားဆီးပေးသည်။
၎။ ကြက်ဟင်းခါးသီး+ပန်းသီး+နွားနို့ 
ခံတွင်း အနံ့ အသက်ကို တားဆီးပေးသည်။ ကိုယ်တွင်းအပူကို လျှော့ချပေးသည်။
၅။ လိမ္မော်သီး+ဂျင်း+သခွားသီး
အသားအရေ တင်းရင်းမှုကို အားပေးသည်။ စိုပြည်မှုကို ဖြစ်စေသည်။ ကိုယ်အပူချိန်အား လျှော့ကျစေသည်။
၆။ နာနတ်သီး+ပန်းသီး+ဖရဲသီး
ကျောက်ကပ် သည်းခြေတို့ ကို အားဖြစ်စေသည်။ မလိုအပ်သော အငန်ဓာတ်များအား ဖယ်ရှားပေးသည်။
၇။ သစ်တော်သီး+ငှက်ပျောသီး
သွေးတွင်း သကြား ပါဝင်နှုန်းကို ပုံမှန် လည်ပတ်စေသည်။
၈။ မုန်လာဥနီ+ပန်းသီး+သစ်တော်သီး+သရက်သီး
ကိုယ်တွင်း အဆိပ်အတောက်များအား ဖယ်ရှား သုတ်သင်ပေးသည်။ သွေးတိုး လျှော့နည်းစေသည်။
၉။ သဘောင်္သီး+နာနတ်သီး+နွားနို့ 
ဗီတာမင်စီ၊ အီးနဲ့  သံဓာတ် ကြွယ်ဝစွာ ပါဝင်သည့်အတွက် အသားအရေနှင့် ဇီဝ ကမ္မ ဖြစ်စဉ်တို့ အား ကောင်းစွာ အထောက် အကူ ဖြစ်စေသည်။
၁၀။ ငှက်ပျောသီး+နာနတ်သီး+နွားနို့ 
ဝမ်းချုပ်ခြင်းကို တားဆီးပေးပြီး ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် အာဟာရနှင့် အလှအပ အတွက် ကောင်းစွာ ပံ့ပိုးပေးသည်။
8 Days Journal
အပြည့်အစုံဖတ်ရန်...

ထောပတ်သီးရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး

ထောပတ်သီးဟာ အားဖြစ်စေရုံသာမက နှလုံးကို အားကောင်းစေပြီး ကင်ဆာကို တိုက် ထုတ်ချေမှုန်းတဲ့ အသီးတစ်မျိုး ဖြစ်ပါ တယ်။ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ထောပတ်သီးမှာ အာဟာရဓာတ်များစွာနဲ့  ဖိုင်ဘာမျှင် ပြည့်ဝစွာ ပါဝင်ပါတယ်။ ဗီိတာမင် အီးနဲ့  မိုနို ပြည့်ဝ အဆီ ကြွယ်ဝစွာ ပါဝင်တဲ့ အရင်းအမြစ် တစ်ခုလည်း ဖြစ်ပါတယ်။ မိုနို ပြည့်ဝ အဆီ (Mono saturated fat) ဆိုတာ အဆီကောင်း တစ်မျိုးဖြစ်ပြီး နှလုံးရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
အမျိုးသမီးများအပေါ် ပြုလုပ်ထားတဲ့ လေ့လာချက်များက ဗီတာမင်အီးက ကိုလက်စထရော ‘ဆိုး’ (သို့ ) LDL (low density lipoprotein) အား ဖရီးရယ်ဒီကယ် များ၏ ဓာတ်တိုးခြင်းမှ ကာကွယ်ပေးကြောင်း ပြသထားချက်ရှိတယ်။ ဓာတ်တိုးခံရတဲ့ LDL များက သွေးလွှတ်ကြော နံရံများမှာ ချေးချိုး (plaque) ဖြစ်ပေါ်စေရာမှာ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။
ထောပတ်သီး စားသုံးမှုကြောင့် ဆီးချို ဝေဒနာရှင်များ {အထူးသဖြင့် ဆီးချို အမျိုးအစား (၂)} မှာ နှလုံးရောဂါ ကျရောက်မှု အန္တရာယ်ကို လျော့ပါးစေပါတယ်။ ကင်ဆာတိုက်ဖျက်ရေး သုတေသနအရ ထောပတ်သီးနှင့် သံလွင်သီးလို ကောင်းတဲ့ အဆီ မြင့်မားစွာ ပါဝင်တဲ့ အစားအစာက ကင်ဆာ အဖုအကျိတ်များကို ဖယ်ရှားနိုင်ပါတယ်။ ထောပတ်သီးက ရိုးဆက် ယိုယွင်း ရောင်ရမ်းနာ (osteoarthritis) ရဲ့ ဆိုးရွားမှုကို သက်သာစေကြောင်း နောက်ထပ် လေ့လာမှု တစ်ရပ်က တွေ့ ရှိခဲ့ပါတယ်။ ထောပတ်သီး (သို့ ) ထောပတ်သီး အဆီ ပါတဲ့ ဆေးတောင့်ပျော့ကို ပဲပိစပ်ဆီနဲ့ ရောပြီး နေ့ စဉ် စားသုံးခြင်းအားဖြင့် ရိုးဆက် ရောင်ရမ်းနာ ဖြစ်နေတဲ့ ဒူးများနဲ့  တင်ပါးဆုံများကို ပိုမို ချောမွတ်စေပါတယ်။ ဒါကြောင့် ဝေဒနာရှင်များက အရိုးအဆက် လှုပ်ရှားမှု ပိုလုပ်နိုင်ပြီး နာကျင် ခံစားရမှု ပိုနည်းစေ ပါတယ်။
Health Digest Journal
အပြည့်အစုံဖတ်ရန်...

အစာလည်းဆေး၊ ဆေးလည်းအစာ



ရုံးပတီသီး (Okra)
- အရိုးကို သန်မာစေသည်။
- နှလုံးကို ကာကွယ်သည်။
- အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာ လျော့ပါးစေသည်။
- သွေးပေါင်ချိန်ကို ထိန်းပေးသည်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။
သံလွင်ဆီ (Olive Oil)
- နှလုံးကို စောင့်ရှောက်ပေးသည်။
- ကိုယ်အလေးချိန် ကျစေသည်။
- အဆစ်အမြစ် ကိုက်ခဲကို သက်သာစေသည်။
- ကင်ဆာကို တိုက်ဖျက်သည်။
- ဆီးချို သွေးချိုကို တိုက်ထုတ်သည်။
- အသားအရေကို ချောမွေ့ စေသည်။
ဂျုံကြမ်း (Oats)
- ကိုလက်စထရော ကျစေသည်။
- ကင်ဆာကို တိုက်ထုတ်သည်။
- ဆီးချို သွေးချို ကျစေသည်။
- ၀မ်းမှန်စေသည်။
- အသားအရေကို လှပစေသည်။
- လေဖြတ်နိုင်သည့် အန္တာရယ်မှ လျှော့ချပေးသည်။
မှိုများ (mushroom)
- သွေးပေါင်ချိန်ကို ထိန်းညှိုပေးသည်။
- ကိုလက်စထရောကို ကျစေသည်။
- ဗက်တီးရီးယားများကို သေစေသည်။
- ကင်ဆာကို တိုက်ထုတ်သည်။
- အရိုးကို သန်မာ ကြံ့ခိုင်စေသည်။
ဂရိတ်ဖရုသီး (Grape Fruit)
- နှလုံး တိုက်ခိုက် မခံရအောင် ကာကွယ်ပေးသည်။
- ကိုယ်အလေးချိန်ကို ကျစေသည်။
- လေဖြတ်ခြင်းကို ကာကွယ်သည်။
- အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့ ကို ကာကွယ်သည်။
- ကိုလက်စထရော ကျစေသည်။
ရှောက်နှင့် သံပုရာ မျိုးနွယ်ဝင်များ
- ကင်ဆာကို တိုက်ဖျက်သည်။
- နှလုံးနှင့် သွေးကြော ရောဂါများကို ကာကွယ်သည်။
- သွေးဖိအားကို ထိန်းထားသည်။
- အသားအရေ ချောမွတ် လှပစေသည်။
- သွားဖုံးသွေးယိုခြင်း မဖြစ်စေပါ။
သရက်သီး (mangoe)
- ကင်ဆာကို တိုက်ထုတ်သည်။
- မှတ်ဥာဏ် ကောင်းသည်။
- သွိုင်းရွက်ကို မှန်ကန်စေသည်။
- အယ်ဇိုင်းမားရောဂါကို ဒိုင်းသဖွယ် ကာကွယ်သည်။
- အစာ ကြေညက်စေသည်။
ရေသဖန်းသီး(ficus flomerata)
- ကိုလက်စထရော ကျစေသည်။
- လေဖြတ်ခြင်းမှ ကာကွယ်သည်။
- သွေးမတိုးအောင် ထိန်းထားနိုင်သည်။
- ကိုယ်အလေးချိန် ကျစေသည်။
- ကင်ဆာကို တိုက်ထုတ်နိုင်သည်။
- ၀မ်းမချုပ်စေပါ။
- ကျောက်ကပ်တွင် ကျောက်မတည်အောင် တားဆီးပေးသည်။
- သွေးချို ဆီးချို ရောဂါ ရှိလျှင် သဖန်းသီးစားပါ။
Health Digest Journal
အပြည့်အစုံဖတ်ရန်...

ခံတွင်းအနံ့  နံခြင်းနှင့်  ဖြေရှင်းနည်းများ

ခံတွင်းအနံ့နံခြင်း နှင့် ဖြေရှင်းနည်းများ

* Posted by ဇီဝက (ဆေး-၂) on March 8, 2010 at 10:53pm

ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။

များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင်တစ်ယောက်ယောက်က ဖြစ်စေ ပြောသောကြောင့်သာ သူတို့ သတိထားမိတတ်ကြပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။ တခါတလေကျတော့လည်း ပင်ကိုက ပါးစပ်မနံပေးမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ။ ။ ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးေ၇ာင်ခြင်း တို့ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။

ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက် ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူးဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။

ခံတွင်း အနံ့ဆိုးခြင်းဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။

ခံတွင်းအနံ့ဆိုးအောင် ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း

သွားပညာရှင်တွေရဲ့ ပြောဆိုချက်အရ ခံတွင်း အနံ့ထွက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံတွင်း သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ စားလိုက်တဲ့အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်နိုင်ပါတယ်။ သို့သော် ဘယ်သူမှ အစာတစ်လုပ်ကို ပါးစပ်ထဲမှာ စက္ကန့်ပိုင်းထက် ပိုပြီး ငုံမထားတဲ့အတွက် မသိသာပါဘူး။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ရင်တော့ ဘက်တီးရီးယားတွေအတွက် ရိက္ခာတစ်လက်ဖြစ်လာပါတော့တယ်။ အစာကို ချေလိုက်ရင် hydrogen sulphide ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ သူကမှ အနံ့ နံစေတာပါ။ ၎င်းဓာတ်ငွေ့ကို ကြက်ဥပုပ်တွေမှာလည်း တွေ့ရတတ်ပြီး ပုပ်အက်အက်အနံ့ကို ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက်က ဘက်တီးရီးယားတွေဟာ အစာဟောင်းတွေနဲ့ ပူးပေါင်းပြီး သွားတွေနဲ့ သွားဖုံးပေါ်မှာ သွားချေးလို့ ခေါ်တဲ့ အဖြူရောင် (သို့) အရောင်မရှိတဲ့ အဖတ်ကလေးတွေကို ဖြစ်စေပါတယ်။ ပမဏနည်းပါးရင် အရောင်မဲ့တတ်ပြီး များပြားလာပါက အဖြူေ၇ာင် အဖတ်တွေအဖြစ် တွေ့မြင်ရတတ်ပါတယ်။ သွားကို နှံအောင် မတိုက်ပါက ၎င်းအဖတ်များသွားကြားနှင့် ပါးစောင်တို့တွင် တင်ကျန်နေတတ်ပါတယ်။ အဆိုပါ သွားချေးများသည် သွားဖုံးေ၇ာင်ခြင်းကို ဖြစ်ပေါ်စေပြီး အနံ့ဆိုးများကို ထုတ်လွှတ်နိုင်ပါတယ်။


သွားဖုံးရောင်ခြင်း

သွားတုသန့်ရှင်းမှု အားနည်းခြင်း

သွားအတု အံပုံအတု အသုံးပြုသူများသည် ၎င်းတို့ကို ပုံမှန်သန့်ရှင်းအောင် ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားများ ပေါက်ပွားပြီး အနံ့ဆိုးများ ထွက်နိုင်ပါသည်။

ပါးစပ်ခြောက်ခြင်း

ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို တံတွေးလို့ခေါ်တဲ့ saliva က အမြဲတမ်း စိုစွပ်ပြီး သန့်ရှင်းနေအောင် ပြုလုပ်ပေးနေပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ပါးစပ်ခြောက်နေပါက အရေပြားမျက်နှာပြင်ရှိ အညစ်အကြေးများနှင့် dead cell များကို မဖယ်ရှားနိုင်တော့ပေ။ ထိုအခါ ပါးစပ်နံတတ်ပါသည်။ ရေသောက်နည်းခြင်းကလည်း ပါးစပ်ခြောက်ခြင်းကို အားပေးပါသည်။ အထူးသဖြင့် ယခုလို ပူအိုက်သည့် ရာသီဥတုတွင် ရေခဏခဏ သောက်ပေးခြင်းဖြင့် ပါးစပ်အတွင်း စိုစွပ်မှုကို ထိန်းသိမ်းထားနိုင်ပါသည်.

အစားအသောက်ကြောင့် ပါးစပ်နံခြင်း

ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အချို့သော မဆလာမှုန့်များသည် စားလိုက်ပါက ပါးစပ်နံ ခြင်းကို ဖြစ်ပေါ်စေပါသည်။ အရက်နှင့် ကော်ဖီသည်လည်း အနံ့ဆိုးစေတတ်ပါသည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများသည် အသီးအရွက်ထက် အသားကို ချေဖျက်ပါက အနံ့ဆိုးသော ဓာတ်ငွေ့များကို ပိုထုတ်ပေးလေ့ရှိသည်။ ထို့ကြောင့် သွားကြားတွင် အသားစများ ကျန်ခဲ့ခြင်းသည် အရွက်စများကျန်ခဲ့ခြင်းထက် အနံ့ဆိုးခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။

ဆေးများ

အချို့သော ကြာရှည်စွဲသောက်ရသည့် ဆေးများသည် ခံတွင်း ခြောက်ခြင်း နှင့် တံတွေးအထွက်နည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုအခါမျိုးတွင်လည်း ပါးစပ်နံနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်အငွေ့သက်သက်ကြောင့် တော့ ပါးစပ်မနံတတ်ပါ။ သို့သော် ဆေးလိပ်သည် ပါးစပ်ခြောက်ခြင်းကို အားပေးသလို သွားနှင့် ခံတွင်း ကျန်းမာရေးကိုလည်း အားနည်းစေပါသည်။ ထို့ကြောင့် တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်နံခြင်းကို ဖြစ်စေနိုင်ပါသည်။

ခံတွင်း အနံ့နံနိုင်သောရောဂါနှင့် ကျန်းမာရေးအခြေအနေများ

* အာသီးရောင်ခြင်း
* ဆီးချို (uncontrolled)
* အဆုပ်ပွ ရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် နာတာရှည်အဆုပ်ရောဂါများ
* ထိပ်ခပ်နာ
* အစာအိမ်ရောင်ခြင်း
* အမျှင်ဓာတ်နှင့် ကဆီဓာတ်အစားနည်းပြီး အသား အစားများခြင်း
* နာတာရှည် အသည်းရောဂါသည်များ
* နာတာရှည် ကျောက်ကပ်ရောဂါသည်များ
* အချို့သောကင်ဆာများ ဥပမာ။ ။ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နှင့် အစာရေမျိုကင်ဆာ

ခံတွင်း အနံ့နံခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲ။

ခံတွင်း သန့်ရှင်းရေးနှင့် ကျန်းမာေ၇း

ပါးစပ်နံတယ်ဆိုတာ ဆေးခန်းသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ဆေးဆိုင်မှ ဆေးဝယ်သောက်လို့လည်း ပျောက်မည်မဟုတ်။ ဆေးဆိုင်များတွင်လည်း ခံတွင်းအနံ့ပျောက်ဆေးဆိုပြီး ကြော်ငြာထားသော ငုံဆေး ၊ ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ ကောင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ပုံမှန်သွားတိုက်မည် သွားကြားထိုးမည်ဆိုပါက ခံတွင်းအနံ့ထွက်ဖို့ သိပ်မဖြစ်နိုင်တော့ပေ။

သွားတိုက်ရာတွင် တစ်နေ့ကို အနည်းဆုံး ၂ကြိမ်တိုက်ဖို့လိုသည်။ သွားတိုက်ဆေးသည် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် ချိုရဲရဲ သွားတိုက်ဆေးများ မဟုတ်ဘဲ floride ပါဝင်သည့် အရသာမရှိသည့် သွားတိုက်ဆေးများသာ အကောင်းဆုံးဖြစ်ပါသည်။ သွားတိုက်တံတွင် ပျော့ပျောင်းသည့် အမွှေးလေးများပါဝင်ရမည်ဖြစ်ပြီး အတိုအရှည်မတူညီပါက ပိုကောင်းသည်ဟု ဆိုကြသည်။ သွားတိုက်တံတစ်ချောင်းကို တိုက်လာလိုက်တာ လူမှန်းသိကတည်းကနေ ဘွဲ့ရသည်အထိ ဆိုတာမျိုးလည်း ရှောင်ကြဉ်ရမည်။ ၃ လတန်သည် ၄ လတန်သည်တွင် တစ်ကြိမ်မျှ သွားတိုက်တံအသစ်တစ်ချောင်း ဖြင့် လဲလှယ်ပေးရမည် ဖြစ်သည်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့်ကြာရမည် ဖြစ်သည်။ သွားတိုက်ပြီးပါက သွားပွတ်တံဖြင့် ဖြစ်စေ၊ လျှာပွတ်တံဖြင့် ဖြစ်စေ လျှာကို ရွရွကလေး ပွတ်၍ သန့်ရှင်းရေး လုပ်ပေးရပါမည်။ စနစ်တကျသွားတိုက်နည်း နှင့် သွားကြားထိုးနည်းကို အောက်ပါပုံများမှတဆင့် ကြည့်ရှုနိုင်ပါသည်


အခြားသောနည်းလမ်းတွေကတော့....

အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ထိုအခါ စားကြွင်းစာကျန်များ သွားများအတွင်း၌ တင်ကျန်ခြင်းကို ကာကွယ်ပေးပါသည်။

အကယ်၍ ပလုပ်ကျင်း၍ အဆင်မပြေပါက ပီကေ၀ါးပါ။ ပီကေကို ပါးစပ်အတွင်းနှံ့အောင် ၀ါးပါက ပါးစပ်အတွင်းမှ တံတွေးများပါထွက်လာပြီး ခံတွင်း သန့်ရှင်းခြင်းကို အားပေးပါသည်။

မိမိစားမည့်အစာကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ရမည့်အချိန်မျိုးတွင် ခံတွင်းနံစေသော အစားအစာများကို ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သို့သော် မရှောင်နိုင်ပါက သွားဆရာဝန်နှင့် ပုံမှန်ပြသကာ သွားနှင့် သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပါ။

Reference

http://www.medicalnewstoday.com/articles/166636.php

Written by Christian Nordqvist

ဘာသာပြန်သူ - ဇီဝက (ဆေး-၂)
အပြည့်အစုံဖတ်ရန်...

ဆေးမတိုးတဲ့ တီဘီပိုးနဲ့ မြန်မာနိုင်ငံ


An x-ray of
 a patient affected by tuberculosis
An x-ray of a patient affected by tuberculosis
ဆေးမတိုးတဲ့ တီဘီ အဆုတ်နာရောဂါပိုးဟာ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသအတွင်းမှာ အတော်လေး ပျံနှံလာနေပါတယ်။ ဒေသတွင်းနိုင်ငံက ကျန်းမာရေးတာဝန်ရှိသူတွေ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဆေးမတိုးတော့တဲ့ ရောဂါပိုး ဘယ်လို ထိန်းချုပ်နိုင်မလဲဆိုတာ ဆွေးနွေးမှု တိုင်ပင်မှုတွေရှိသလို၊ ဒီအခြေအနေအပေါ် WHO ကလည်း အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတွင်းက ဆေးမတိုးတော့ တဲ့ တီဘီရောဂါပိုး ထိန်းချုပ်ရေးအတွက် ကျန်းမာရေးတာဝန်ရှိသူတွေအကြား ဘယ်လို စီစဉ်ဆောင်ရွက်နေကြသလဲဆိုတာကိုတော့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးနဲ့ မေးမြန်းဆွေးနွေးထားပါတယ်။


နားဆင်ရန်
အပြည့်အစုံဖတ်ရန်...

ကိုယ့်လက် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်


Treadmill exercise 
enables better heart and lung function as also faster walking
Treadmill exercise enables better heart and lung function as also faster walking
ဖေဖ၀ါရီ ၃၊ ၂၀၁၀။ ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာရုပ်ပိုင်း ကျန်းမာရေးတင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးဖြစ်စေတယ်ဆိုတာ လေ့လာတွေ့ရှိထားပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် မှတ်ဉာဏ်အားနည်းလာတတ်တဲ့ လူကြီးပိုင်းတွေမှာ စဉ်းစားမှု မှတ်ဉာဏ်အာရုံ ပိုတက်လာသလို၊ သတိမှတ်ဉာဏ် မေ့လျောတာမျိုးတွေကိုလည်း လျော့ပါးသွားစေတယ်ဆိုတာ လေ့လာချက်သစ် တရပ်မှာ တွေ့ရပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုနဲ့ နှလုံးကျန်းမာရေးအတွက် အားကောင်းစေပါတယ်။ ကိုယ်အလေးချိန် ထိန်းညှိုပေးနိုင်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးလို နာတာရှည်ရောဂါမျိုးတွေ ဖြစ်နိုင်ချေလည်း နည်းသွားစေပါတယ်။ စိတ်ကျရောဂါဖြစ်နိုင်ချေလည်း နည်းသွားတာ လေ့လာချက်မှာ တွေ့ရပါတယ်။
Dr.Laura Baker ဦးဆောင်တဲ့ အဖွဲ့ဟာ သက်ကြီးပိုင်း ၃၀ ကျော်ကို စံထားလေ့လာခဲ့တာပါ။ သူတို့ကို အုပ်စုနှစ်စု ခွဲပါတယ်။ တစုကိုတော့ ခန္ဓာကို်ယ် အားစိုက်ထုတ်စရာမလိုတဲ့ ခြေလက် အကွေးအဆန့် ရိုးရိုးလေ့ကျင့်ခန်းပဲ လုပ်စေပါတယ်။ ဒုတိယအုပ်စုကိုတော့ တပတ်ကို လေးနာရီကြာ နှလုံးခုန်နှုန်း မြန်လာတဲ့အထိ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်စေပါတယ်။ အဲဒီ အုပ်စုနှစ်စု ရလဒ်ကို လေ့လာတော့ အေရိုးဗဟ် လေ့ကျင့်ခန်းလုပ်တဲ့ အုပ်စု လူကြီးပိုင်းတွေမှာ အာရုံစိုက်မှု စိတ်တည်ငြိမ်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအား တတ်လာပါတယ်။ ဒီလူတွေဟာ ကိုယ့်ရဲ့ စိတ်အာရုံကိုလည်း ထိန်းချုပ်လာနိုင်ပါတယ်။
ဒီလေ့လာချက်ကို အခြေခံပြီးတော့ ကိုယ်လက် လေ့ကျင့်ခန်းဟာ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အားဖြစ်စေတယ်ဆိုတာ ကောက်ချက်ဆွဲ သုံးသပ်ခဲ့ကြတာပါ။ ဒီအကြောင်းကိုတော့ ဒီအပတ်ကျန်းမာရေးအစီအစဉ်မှာ မအေးသန္တာကျော်နဲ့အတူ ဆွေးနွေးထားပါတယ်။


 နားဆင်နိုင်ရန်
အပြည့်အစုံဖတ်ရန်...