http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

ညာဖက်လက်သူကြွယ် ရှည်လျားသော အမျိုးသားများနှင့် ဆီးကျိတ်ကင်ဆာအန္တရာယ်






နောက်ဆုံးပေါ် လေ့လာချက်အသစ် တစ်ရပ်အရ ညာဖက်လက်သူကြွယ် ရှည်လျားသော
အမျိုးသားများသည် ဘ၀တွင် ဆီးကျိတ်ကင်ဆာဖြစ်ရန် အခြားသူများထက် ၃ ဆ
ပိုမိုနီးစပ်ကြောင်း သိရသည်။

အကြောင်းရင်းမှာ ထိုသို့ ညာဖက်လက်သူကြွယ် ရှည်လျားသော မျိုးရိုးဗီဇရှိသူ အမျိုးသားများတွင်
ဆီးကျိတ်ကင်ဆာ ဖြစ်လျှင် သွေးထဲတွင် မြင့်မားစွာ ပေါ်နေတတ်သော prostate
specific antigen (PSA) ဆိုသည့် ဓာတုပစ္စည်းတစ်ခု ပုံမှန်အခြေအနေတွင်ပင်
မြင့်မားစွာ ရှိနေနိုင်သော မျိုးရိုးဗီဇနှင့် ဆက်စပ်ကြောင်း
သွေးဖောက်စစ်ဆေးချက်များ အရ တွေ့ရှိရသောကြောင့် ဖြစ်သည်။

သွေးထဲတွင် PSA မြင့်မားစွာ ရှိနေခြင်းသည် နောင်တစ်ချိန်တွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားလာနိုင်ကြောင်း
ရှေးယခင် ကတည်းက ကျန်းမာရေးပညာရှင်များ တွေ့ရှိအတည်ပြုထားခြင်း ဖြစ်ပြီး
အသက် ၅၀ ပြည့်ပြီး အမျိုးသားတိုင်း ဆီးကျိတ်ကင်ဆာအန္တရာယ်ကို ကြိုတင်
သိရှိနိုင်စေရန် စစ်ဆေးကြည့်သင့်ကြောင်း ကျန်းမာရေး ပညာရှင်များက အသိပေး
ပြောကြားထားသည်။
င်္ Forever Friend Blog မှ ကူးယူဖော်ပြပါသည်.

0 comments: on "ညာဖက်လက်သူကြွယ် ရှည်လျားသော အမျိုးသားများနှင့် ဆီးကျိတ်ကင်ဆာအန္တရာယ်"

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်