သိထားသင့်တဲ့ စင်ကာပူ (၁) - မောင်ပွတ်

အခွင့်အလမ်းဂျာနယ်က မချောကလည်း စင်ကာပူအကြောင်းတွေ ရေးဖို့ တိုက်တွန်းပါတယ်။ အဲဒီအချိန်ကတည်းက စင်ကာပူအကြောင်းလေးတွေ ရေးဖို့ကုန်ကြမ်းလေးတွေ မှတ်သားထားခဲ့ပါတယ်။ ရေးဖြစ်တာကတော့ အခုမှပါ။ ကျွန်တော့်အနေနဲ့ စင်ကာပူကို အလည်လာသူတွေထက် အလုပ်လာရှာမယ့် သူငယ်ချင်းတွေ၊ ကျောင်းလာတက်မယ့် ညီအစ်ကိုမောင်နှမတွေမှာ စင်ကာပူမှာ လူခံမရှိတဲ့အခါ ဒီစာလေးတွေကိုဖတ်ပြီး စာတွေ့ဗဟုသုတလေးတွေနဲ့ အဆင်ပြေပြေစီစဉ်သွားလာတတ်ဖို့ပဲ ရည်ရွယ်ပါတယ်။ ဒီ “သိထားသင့်တဲ့ စင်ကာပူ” ဆောင်းပါးကတော့ အခန်းဆက်လို ဆောင်းပါးရှည်ဖြစ်နေမှာဖြစ်ပြီး သယ်သူပို့ဆောင်ရေး၊ နေထိုင်ရေး၊ ဆက်သွယ်ရေး၊ အစားအသောက်၊ ပညာရေး၊ စည်းကမ်းများ စတာတွေကို သံလွင်အိပ်မက်မှာ အပတ်စဉ်ရေးသားသွားမှာပါ။ ဒီစာရေးဖြစ်ဖို့ တိုက်တွန်းကူညီပေးတဲ့ သံလွင်အိပ်မက် ဝိုင်းတော်သားများ၊ မချောနဲ့ ဒီအကြံဥာဏ်ကိုရစေတဲ့ ကိုဖြိုးဝေကျော်တို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီအပတ်မှာတော့ စင်ကာပူနိုင်ငံရဲ့ သယ်သူပို့ဆောင်ရေးအပိုင်းကို တင်ဆက်ပေးသွားပါမယ်။
သယ်ယူပို့ဆောင်ရေး
စင်ကာပူ တစ်နိုင်ငံလုံးရဲ့ ဝင်ငွေကို တဘက်တလမ်းက အဓိက အထောက်အကူပေးနေတဲ့ ချန်ဂီ လေဆိပ်ကတော့ ကျော်ကြားလှပါတယ်။ Terminal သုံးခုရှိပြီး နောက်ဆုံးဖွင့်လိုက်တဲ့ Terminal 3 ကတော့ ခေတ်အမီဆုံးဖြစ်ပါတယ်။ ဗမာပြည်က လေယာဉ်တွေကတော့ Terminal 1 နဲ့ 2 မှာပဲ ရပ်ကြရပါတယ်။ သေးငယ်တဲ့ ကျွန်းနိုင်ငံဖြစ်တာနဲ့အတူ ပြည်တွင်း ရေလမ်းခရီးမရှိပါဘူး။
စင်ကာပူမြစ်ကလေးထဲမှာတော့ ကမ္ဘာလှည့်တွေ အနေနဲ့ ပျော်စီးချင်ရင် မော်တော် အသေးစားလေးတွေ စီးနိုင်ပါတယ်။ ကုန်းလမ်းခရီးအနေနဲ့တော့ MRT ( Mass Rapid Transit) လို့ ခေါ်တဲ့ နိုင်ငံပတ်ရထားနဲ့ Bus တွေသုံးပါတယ်။ စင်ကာပူရဲ့ MRT Service ကတော့ နာမည်ကျော်လှပါတယ်။ ကမ္ဘာအရပ်ရပ်က သုံးစွဲသူတွေပေးတဲ့ Customer Service အကောင်းဆုံးဆုကို ၂၀၀၇ အတွက် SMRT က ရခဲ့ပါတယ်။ ဒေသခံ စင်ကာပူတွေကတော့ Bus နဲ့ ရထားကို အဆင်ပြေသလို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပေမယ့် မြန်မာ အများစုကတော့ ရထားကိုသာ အားထားနေကြပြီး အိမ်ရှာတဲ့အခါမှာလည်း ဘူတာနဲ့နီးလား ဆိုတဲ့ မေးခွန်းက အဓိက ကျနေတာမို့ MRT အကြောင်းလေးကို နည်းနည်းချဲ့ ပြောပြချင်ပါတယ်။
လက်ရှိမှာ ရထားလိုင်း ၃ လိုင်းရှိပါတယ်။ အလွယ်တကူ မှတ်လို့ ရတာကတော့ မြေပုံမှာ ပြထားတဲ့ အရောင်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့နဲ့အနောက် လွန်းပြန်ပြေးနေတဲ့ အစိမ်းရောင်လိုင်း၊ တောင်မြောက် (အထက်အောက်) ပြေးဆွဲတဲ့ အနီရောင်လိုင်းနဲ့ အရှေ့မြောက်ဘက်ကို ဒေါင့်ဖြတ်ပြေးတဲ့ ခရမ်းရောင်လိုင်းတို့ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံရဲ့ ဗဟိုကို စက်ဝိုင်းပုံပတ်မယ့် အဝါရောင်လိုင်း ပေါ်လာဦးမှာပါ။ ဗမာတွေ နေစရာ အိမ်ရှာကြတဲ့အခါ အစိမ်းရောင်လမ်း တစ်လျှောက်၊ အနီရောင်လမ်း တစ်လျှောက်ဆိုပြီး ရှာတတ်ကြပါတယ်။ ဘူတာတွေ အနေနဲ့ တချို့က မြေအောက်မှာဖြစ်ပြီး တချို့ကတော့ မြေပေါ်မှာပဲ ရှိပါတယ်။ ရထားလမ်း ၂ ခုကနေ ၃ ခုဆုံတဲ့ ဘူတာတွေကို Interchange လို့ခေါ်ပြီး ရထား ပြောင်းစီးနိုင်ပါတယ်။ စင်ကာပူမှာ Interchange သိပ်မရှိလှဘဲ အကြီးဆုံး Interchange ကတော့ Dhoby Ghaut Interchange ပဲဖြစ်ပြီး မြေအောက်မှာ တခမ်းတနား ရှိပါတယ်။
ရထားစီးတဲ့အခါမှာ E-Z Link Card (Easy Link Card) လို့ခေါ်တဲ့ ငွေကြိုသွင်းထားရတဲ့ ကဒ်ကလေးတွေ ရှိဖို့လိုပါတယ်။ အဲဒီကဒ်လေးတွေနဲ့ ရထားစင်္ကြန်အဝင်ဝက Sensor တပ် ဂိတ်ပေါက်လေးတွေကို ဖြတ်ဝင်ရပါတယ် (Wheelchair စီးရတဲ့လူတွေ၊ ဒါမှမဟုတ် အိတ်အကြီးကြီးတွေ သယ်လာသူတွေ၊ ကလေး လက်တွန်းလှည်း တွန်းလာသူတွေအတွက် သီးသန့်ဝင်ပေါက်လေးတွေ ရှိပါတယ်)။ ကဒ်လေးကို Sensor ရှိတဲ့ နေရာလေးပေါ် တင်ပေးရတာပါ။ ကဒ်ကို ပိုက်ဆံအိတ်ထဲ ထည့်ထားရင်လည်း အိတ်အတိုင်း တင်လိုက်ရင် ရပါတယ်။ အဲဒီကဒ်နဲ့ ကားစီးလို့လည်း ရပါတယ်။ ကဒ်ထဲမှာ ငွေမရှိတော့အခါ ကားကို ပိုက်ဆံပေး စီးသွားနိုင်ပေမယ့် MRT ဆိုရင်တော့ ငွေဖြည့်ပြီးမှ စီးလို့ရပါတယ်။ ကဒ်ထဲ ငွေတစ်ခါဖြည့်ရင် SGD10 အနည်းဆုံး ထည့်ရပါတယ်။ ဒေါ်လာတစ်ဆယ် မထည့်နိုင်တဲ့အခါ One-Way Ticket လေးတွေလည်း ဝယ်သွားလို့ရပါတယ်။ တကယ်လို့ စင်ကာပူရောက်ခါစမို့ ကဒ်မရှိသေးရင် ဘူတာတိုင်းက Ticket Office ဒါမှမဟုတ် Passenger Service
တွေမှာ ဝယ်လို့ရပါတယ်။ အဲဒီ Ticket Office (or) Passenger Service ဟာ ဘူတာမှာ သူငယ်ချင်းတွေ ချိန်းကြတဲ့အခါ ဆုံတဲ့နေရာလည်း ဖြစ်ပါတယ်။ ရထားစီးခကတော့ ပြား ၈၀ ကနေ ခရီးလမ်း(ခရီးအကွာအဝေး)ပေါ် မူတည်ပြီး ကုန်ကျပါတယ်။ ပုံမှန်တော့ ခရီးတစ်ကြောင်းကို SGD1.20 လောက်ကုန်ပါတယ်။

လက်ရှိမှာ ရထားလိုင်း ၃ လိုင်းရှိပါတယ်။ အလွယ်တကူ မှတ်လို့ ရတာကတော့ မြေပုံမှာ ပြထားတဲ့ အရောင်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့နဲ့အနောက် လွန်းပြန်ပြေးနေတဲ့ အစိမ်းရောင်လိုင်း၊ တောင်မြောက် (အထက်အောက်) ပြေးဆွဲတဲ့ အနီရောင်လိုင်းနဲ့ အရှေ့မြောက်ဘက်ကို ဒေါင့်ဖြတ်ပြေးတဲ့ ခရမ်းရောင်လိုင်းတို့ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံရဲ့ ဗဟိုကို စက်ဝိုင်းပုံပတ်မယ့် အဝါရောင်လိုင်း ပေါ်လာဦးမှာပါ။ ဗမာတွေ နေစရာ အိမ်ရှာကြတဲ့အခါ အစိမ်းရောင်လမ်း တစ်လျှောက်၊ အနီရောင်လမ်း တစ်လျှောက်ဆိုပြီး ရှာတတ်ကြပါတယ်။ ဘူတာတွေ အနေနဲ့ တချို့က မြေအောက်မှာဖြစ်ပြီး တချို့ကတော့ မြေပေါ်မှာပဲ ရှိပါတယ်။ ရထားလမ်း ၂ ခုကနေ ၃ ခုဆုံတဲ့ ဘူတာတွေကို Interchange လို့ခေါ်ပြီး ရထား ပြောင်းစီးနိုင်ပါတယ်။ စင်ကာပူမှာ Interchange သိပ်မရှိလှဘဲ အကြီးဆုံး Interchange ကတော့ Dhoby Ghaut Interchange ပဲဖြစ်ပြီး မြေအောက်မှာ တခမ်းတနား ရှိပါတယ်။
ရထားစီးတဲ့အခါမှာ E-Z Link Card (Easy Link Card) လို့ခေါ်တဲ့ ငွေကြိုသွင်းထားရတဲ့ ကဒ်ကလေးတွေ ရှိဖို့လိုပါတယ်။ အဲဒီကဒ်လေးတွေနဲ့ ရထားစင်္ကြန်အဝင်ဝက Sensor တပ် ဂိတ်ပေါက်လေးတွေကို ဖြတ်ဝင်ရပါတယ် (Wheelchair စီးရတဲ့လူတွေ၊ ဒါမှမဟုတ် အိတ်အကြီးကြီးတွေ သယ်လာသူတွေ၊ ကလေး လက်တွန်းလှည်း တွန်းလာသူတွေအတွက် သီးသန့်ဝင်ပေါက်လေးတွေ ရှိပါတယ်)။ ကဒ်လေးကို Sensor ရှိတဲ့ နေရာလေးပေါ် တင်ပေးရတာပါ။ ကဒ်ကို ပိုက်ဆံအိတ်ထဲ ထည့်ထားရင်လည်း အိတ်အတိုင်း တင်လိုက်ရင် ရပါတယ်။ အဲဒီကဒ်နဲ့ ကားစီးလို့လည်း ရပါတယ်။ ကဒ်ထဲမှာ ငွေမရှိတော့အခါ ကားကို ပိုက်ဆံပေး စီးသွားနိုင်ပေမယ့် MRT ဆိုရင်တော့ ငွေဖြည့်ပြီးမှ စီးလို့ရပါတယ်။ ကဒ်ထဲ ငွေတစ်ခါဖြည့်ရင် SGD10 အနည်းဆုံး ထည့်ရပါတယ်။ ဒေါ်လာတစ်ဆယ် မထည့်နိုင်တဲ့အခါ One-Way Ticket လေးတွေလည်း ဝယ်သွားလို့ရပါတယ်။ တကယ်လို့ စင်ကာပူရောက်ခါစမို့ ကဒ်မရှိသေးရင် ဘူတာတိုင်းက Ticket Office ဒါမှမဟုတ် Passenger Service

ဘူတာထဲ ဝင်လိုက်ပြီဆိုတာနဲ့ ကိုယ်စီးရမယ့် ရထား နောက် ဘယ်နှစ်မိနစ်မှာ ဆိုက်မလဲဆိုတာ ပြထားတဲ့ Digital Board တွေရှိပါတယ်။ အချိန်ကို ကြည့်ပြီး လိုရင်ပြေးသွား၊ စောသေးရင်လည်း ခပ်ဖြည်းဖြည်း သွားနိုင်အောင် စီစဉ်ပေးထားပါတယ်။ မြေအောက် ဘူတာတွေမှာတော့ ရထားလမ်းနဲ့ စင်္ကြန်ကို မှန်တွေ ကာထားပေမယ့် မြေပေါ်က ဘူတာတွေမှာတော့ အဝါရောင်စည်းတစ်ခုပဲ တားထားပြီး စည်းကို ကျော်ပြီး ရထားမစောင့်ဖို့ သတိပေးချက်တွေ အသံလွှင့်နေတတ်ပါတယ်။ အန္တရယ် အတော်များတာမို့ လိုအပ်ရင် ဝန်ထမ်းတွေ လာရောက် တားမြစ်လေ့ ရှိပါတယ်။ သို့တိုင်အောင် အဲဒီမြေပေါ် ဘူတာတွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံသူတွေအတွက် နေရာကောင်းဖြစ်နေဆဲပါ။ ရထားပေါ်မှာတော့ ထိုင်ခုံတွေကို လက်ဝဲနဲ့လက်ယာဘက်မှာ အလျားလိုက်စီထားပါတယ်။ မတ်တပ်ရပ် လိုက်ပါသူတွေအတွက် ရန်ကုန်က ဘတ်စ်တွေမှာလိုပဲ လက်ကိုင်ကွင်းတွေ ရှိပါတယ်။ Public Transport ဖြစ်ပေမယ့် စင်ကာပူထုံးစံအတိုင်း အမြဲသန့်ရှင်းပြီး အေးနေပါတယ်။ ရထားလမ်းနဲ့ဆိုင်တဲ့ သတိပေးချက်တွေ လွှင့်နေတတ်ပြီး ဘူတာနားနီးလာရင် ဘူတာနာမည်ကို ၂ ခါရွတ်ပေးပါတယ်။ တကယ်လို့ Interchange ဆိုရင်လည်း ရထားပြောင်းစီးဖို့ သတိပေးတတ်ပါတယ်။ ရထားပေါ်မှာ စီးပွားရေး ကြော်ငြာ အနည်းငယ်နဲ့အတူ MRT မြေပုံတွေကိုလည် အတွဲတိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ လူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်တာမို့ ရထားတွဲတိုင်းနဲ့ ဘူတာတွေမှာ အရေးပေါ် ဆက်သွယ်ရေး Intercom နဲ့ တယ်လီဖုံးတွေ ရှိပါတယ်။ ဘယ်လို ဆက်သွယ်ရမယ် ဆိုတာကိုလည်း အမြဲသရုပ်ပြတဲ့ TV တွေ ဘူတာစင်္ကြန်တိုင်းမှာ ရှိနေပါတယ်။
ကားတွေကတော့ နေထိုင်တဲ့ ဇုံအလိုက် နံပတ်တွေနဲ့ရှိပါတယ်။ အဓိကကားပြေးဆွဲပေးနေတဲ့ ကုမ္ပဏီ ၂ ခုရှိပါတယ်။ SMRT နဲ့ SBS Transit ပါ။ SMRT က နှစ်စီးတွဲကားတွေနဲ့ ပြေးဆွဲလေ့ရှိပြီး SBS ကတော့ ၂ ထပ်ကားကြီးတွေ သုံးပါတယ်။ ရန်ကုန်မှာလိုပဲ လမ်းတစ်လျှောက် ပတ်ပြီး ထွက်တဲ့ ဂိတ်မှာ ပြန်ဆုံးတဲ့ Loop ကားရှိသလို၊ ဒီဘက် ဂိတ်ကနေ ဂိတ်အဆုံးကို သွားတဲ့ကားတွေလည်း ရှိပါတယ်။ မှတ်တိုင်တွေမှာ တားတဲ့လူရှိမှ ဒါမှမဟုတ် ဆင်းမယ့်လူရှိမှပဲ ရပ်ပါတယ်။ စီးမယ့်လူကိုလည်း စောင့်နေလေ့မရှိပါဘူး။ အတက်အဆင်းပြီးတာနဲ့ ထွက်တာပါပဲ။ ကားပေါ်တက်တဲ့အခါ MRT ဂိတ်မှာလိုပဲ EZ Link ကဒ်လေးကို Sensor ပေါ်တင်ပေးလိုက်ရပါတယ်။ ပြန်အဆင်းမှာလည်း တစ်ခါပြရပါတယ်။ ကျသင့်ငွေကို ကဒ်ထဲကနေ နှုတ်ယူထားထားလိုက်ပါတယ်။ ကဒ်ထဲမှာ ငွေမကျန်တဲ့အခါ ပြား ၈၀ ထည့်ပြီး စီးလို့ရပါတယ်။ အကြွေမပါတဲ့အခါ၊ ကျပ်စေ့မပါတဲ့အခါ ငွေပြန်အမ်းတဲ့ အလုပ်ကို ကားမောင်းသူ Bus Captain တွေက မလုပ်ပါဘူး။ တံခါးအဖွင့်အပိတ်တွေကိုတော့ ယာဉ်မောင်းတွေကပဲ လုပ်ပေးပါတယ်။ ကိုယ်ဆင်းချင်တဲ့ မှတ်တိုင်ရောက်ရင်တော့ ကားပေါ်က အချက်ပေးခလုတ်ကို နှိပ်ရင် ယာဉ်မောင်းက ရပ်ပေးမှာဖြစ်ပါတယ်။ ကားထွက်ပြီးမှ နှိပ်ရင်တော့ နောက်မှတ်တိုင်မှာပဲ ဆင်းရပါလိမ့်မယ်။ ထူးခြားတာကတော့ ယာဉ်မောင်းအချို့ဟာ လက်အိတ်ဖြူတွေ စွပ်ထားတတ်တဲ့ အမျိုးသမီးတွေ ဖြစ်နေတာပါပဲ။
နောက်ထပ်အသုံးများတဲ့ Service ကတော့ Taxi ပဲ ဖြစ်ပါတယ်။ Taxi တွေကိုတော့ မြန်မာတွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ Comfort, Silver Cab စတဲ့ ကုမ္ပဏီတွေက အဓိကပြေးဆွဲပြီး မာစီးဒီးစ်တွေကို တက္ကစီ လုပ်ထားတဲ့ Limocab လို ကုမ္ပဏီကြီးတွေလည်း ရှိပါတယ်။ ပုံမှန်ကတော့ ဂျပန်လုပ် Crown နဲ့ Cedric ကားတွေ၊ ကိုရီးယားလုပ် Hyundai ကားတွေ အသုံးများပါတယ်။ အခြားအမျိုးအစားကတော့ အတော်ရှားပါတယ်။ တက္ကစီတွေဟာ ခရီးသည်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အဲကွန်းဖွင့်ထားကြပါတယ်။ ကားခဟာ မီတာနဲ့ဖြစ်ပြီး သွားတဲ့ခရီးအကွာအဝေးနဲ့လည်း ဆိုင်သလို သွားတဲ့အချိန်၊ လမ်းကြေးပေးရတဲ့ လမ်းကိုဖြတ်၊ မဖြတ် စတာတွေနဲ့လည်း ဆိုင်ပါတယ်။ ကားပေါ်တက်ပြီး ခရီးစထွက်တာနဲ့ SGD2.80 ပေးရပြီး ကျန်တာကတော့ သွားတဲ့ခရီးကိုလိုက်ပြီး ပေးရမှာပါ။ စောင့်ရရင်လည်း ငွေပေးရပါတယ်။ ကုမ္ပဏီအကြီးတွေက ကားတွေကိုစီးရင်တော့ ငွေကို Nets, Credit Card
စတာတွေနဲ့လည်း ပေးလို့ရပါတယ်။
ကိုယ်ပိုင်ကားအများစုကတော့ ခေတ်မီ နောက်ဆုံးပေါ်ကားတွေ ဖြစ်ပါတယ်။ ကားတွေကို သက်ဆိုင်ရာ ကားကုမ္ပဏီတွေက တိုက်ရိုက် ရောင်းတာရှိသလို Agent တွေကနေတဆင့်လည်း ဝယ်လို့ရပါတယ်။ ကားဝယ်တဲ့အခါမှာ COE (Certificate of Entitlement)၊ အာမခံကြေး၊ လမ်းခ၊ အင်ဂျင်ခွန်စတာတွေ မပေးမနေရ ပေးရပြီး ကားခကိုတော့ အရစ်ကျ ပေးသွင်းနိုင်ပါတယ်။ တချို့ Installment Plan တွေဟာ ၁၀ နှစ်အထိ ဆန့်ထားလို့ရပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ ကြားရက်ညပိုင်းတွေပဲ မောင်းလို့ရတဲ့ နံပတ် အနီကားဆိုရင်တော့ တော်တော်သက်သာတဲ့ ဈေးနှုန်းနဲ့ရပါတယ်။ ဓါတ်ဆီကိုတော့ သွားရင်းလာရင်း ကြုံတဲ့ဆိုင်မှာ ထည့်လို့ရပါတယ်။ စင်ကာပူမှာ ဈေးကြီးတယ်လို့ ညည်းညူကြတဲ့အထဲမှာ ကားရပ်နားခနဲ့ ရပ်နားဖို့ နေရာခက်ခဲတာက ထိပ်ဆုံးက ပါပါတယ်။ လမ်းအများစုက တစ်လမ်းမောင်းတွေဖြစ်လို့ သွားချင်တဲ့ခရီးကို ကွေ့ပတ်သွားရလေ့ရှိပါတယ်။
ဒါတွေကတော့ စင်ကာပူရဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သိထားသင့်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာတော့ နေထိုင်ရေးနဲ့ ပတ်သတ်တာလေးတွေ တင်ဆက်ပေးသွားပါဦးမယ်။

www.thanlwin.com မှကူးယူတင်ပြပါသည်။
0 comments: on "သိထားသင့်တဲ့ စင်ကာပူ (၁)"
Post a Comment
အမှတ်တရလေး တခုခုရေးခဲ့ဦးနော်