http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

သက်ဆိုင်သူရေ

ဘ၀ကိုတစ်ဆစ်ချိုးခဲ့ပေမယ့်
ရေတံခွန်လို ဇောက်ထိုးမဆင်းချင်ဘူး…။

အလွမ်းတွေနဲ့စီးဆင်းခဲ့တာတောင်
လှောင်ပြောင်ပြီးရယ်ပွဲဖွဲ့ချင်ကြသေး…။

မတည်ငြိမ်တာမဟုတ်ရပါဘူး
ခရီးဆက်နေရသူမို့ပါ…။

ကဲ့ရဲ့ခြင်းလေပြင်းတွေ
မြူဆွယ်ခြင်းကမ်းတုတွေကို
ဘယ်တုန်းကမှမမှုခဲ့ဘူး…။

ဒါပေမယ့်လေ
ထောင်ထားတာမဟုတ်တဲ့
သူ့အပြုံးကွန်ယက်ကိုမှ
အမှတ်မရှိတဲ့နှလုံးသားက
ကမ်းအမှတ်နဲ့ခိုဝင်
ကြင်နာမှုတွေခံယူချင်သေးသတဲ့..။

အပြုံးရှင်ရေ
ဘ၀ကိုတစ်ဆစ်ချိုးခဲ့ပေမယ့်
ရေတံခွန်လို ဇောက်ထိုးမဆင်းချင်ဘူး…။

1 comments: on "သက်ဆိုင်သူရေ"

nyo said...

..အားပါး..ဟုတ် လှချည်လား..ကျော်မင်းခိုင်ရဲ့ ...
အမှတ်မရှိတဲ့ နှလုံးသားကိုတော့ ...သတိထားကြရမှာပေါ့ နော...

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်