http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

မစခင်

စတင်ခြင်း


ဆူဆန်ရဲ့ ခင်ပွန်း အလုပ်က ပြန်လာတဲ့အချိန်မှာ အလွန်ကို ပင်ပန်း နွမ်းနယ်နေပုံပါပဲ။

ရောက်တာနဲ့ တီဗီရှေ့က ဆိုဖာပေါ် ပစ်လှဲရင်း "ဟိုဟာ မစခင် ငါ့ကို ဘီယာ တစ်ခွက်လောက် ပေးစမ်းပါ"တဲ့။

ဒါနဲ့ ဆူဆန်လည်း ဘီယာတစ်ခွက် သူ့ကိုပေးလိုက်ပါတယ်။

သိပ်မကြာပါဘူး။

"ဟိုဟာ မစခင် ငါ့ကို ဘီယာတစ်ခွက်ထပ်ပေးစမ်းပါ" လို့ ဆိုတာနဲ့ ထပ်ပေးလိုက်ပေမယ့် သိပ်တော့ကြည့်မရတော့ပါဘူး။ ထပ်ပြီး

"နောက်ထပ် ဘီယာထပ်ပေးစမ်းပါ။ သိပ်မကြာခင်စတော့မှာ" ဆိုတာနဲ့ ဆူဆန် ဒေါသကို ထိန်းမထားနိုင်တော့ဘဲ

"နေပါဦး၊ ရှင်တစ်ညလုံး ဒါပဲပြောနေတော့မှာလား။ တီဗီရှေ့ထိုင်၊ ဘီယာသောက်၊ အလကားလူ၊ ငပျင်း၊ အသုံးမကျတဲ့သူ .."

ဆူဆန် တရစပ်ပြောနေချိန်မှာ ယောက်ျားဖြစ်သူက သက်ပြင်းလေးတွဲတွဲချရင်း ဆိုတာက "ကြည့် ..အခုတော့စပြီ.."တဲ့။

0 comments: on "မစခင်"

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်