ကုမ္ပဏီသူဌေးတစ်ယောက်သည် မနက်တိုင်းကော်ဖီသောက်ပြီး ကော်ဖီပန်းကန်များကိုကိုက်စားလေသည်။
သူဌေးကတော်လည်း သတိထားပြီးစောင့်ကြည့်ရာ ရက်သတ္တတစ်ပတ်ကျော်လာသည်။ထို့ကြောင့် စိတ်ရောဂါအထူးကုထံသွား၍ သူဌေး၏အခြေအနေကိုပြောပြလေသည်။
ဆရာဝန်။ ။ခင်ဗျားခင်ပွန်းက ဒီလိုလုပ်တာဘယ်လောက်ကြာပြီလဲ
သူဌေးကတော်။ ။ ၁ ပတ်ကျော်ပါပြီဆရာ။
ဆရာဝန်။ ။ ပန်းကန်တစ်ခုလုံးစားပစ်တာလား။
သူဌေးကတော်။ ။မဟုတ်ပါဘူး...ဆရာ။ လက်ကိုင်ကွင်းလေးကိုတော့ ချန်ချန်ထားတတ်ပါတယ်ဆရာ။
ဆရာဝန်။ ။ တော်တော်အခြေအနေဆိုးနေတာပဲ။
သူဌေးကတော်ကပြာပြာသလဲပြန်မေးလေသည်
သူဌေးကတော်။ ။ဟုတ်လား....ဘယ်လိုဖြစ်လို့လဲဆရာ
ဆရာဝန်ပြန်ပြောလိုက်သည်မှာ
ဆရာဝန်။ ။တကယ်တော့ ကော်ဖီပန်းကန်မှာ အဲဒီလက်ကိုင်ကွင်းလေးက အရာသာအရှိဆုံးဗျ။ ။
2 comments: on "စိုးရိမ်အခြေအနေ"
ဘလော့မှာထည့်ထားတာတွေ သိတ်များနေတယ် မလိုသည်များကိုဖြုတ်ပါ။
စိုးရိမ် , Not ဆိုးရိမ်
Post a Comment
အမှတ်တရလေး တခုခုရေးခဲ့ဦးနော်