http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

ကျနော်လူဝင်စား

၁၉၇၈ ခုနှစ်ရဲ့ နှစ်လည်ခန့်
မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မြို့နယ်တစ်ခုရဲ့ တောရွာလေးတစ်ရွာမှာ ဦးငွေမောင်း ဒေါ်ရွှေ တို့ရဲ့ရင်နှစ်သည်းခြာသားရတနာကိုဖွားမြင်တဲ့နေ့….။

သားလေးက ၀၀ကစ်ကစ် ချစ်စဖွယ်…။
မိဘနှစ်ပါးစလုံး ပျော်မဆုံး….. ဒေါ်ရွှေ မှာသူအသက်နှင့်မလဲခဲ့ရသော်လည်း လဲခဲ့ရရင်တောင်သေပျော်တယ်ဆိုပဲ..။ အော်..မိဘမေတ္တာကြီးမားပုံများ…။
စတုတ္ထမြောက် သားရတနာ…။အကြီးတွေကသမီးတွေချည်း…ဆိုတော့.. ဖခင်ဖြစ်သူ ဦးငွေမောင်းမှာ သားအတွက် ရင်တမော့မော နှင့် ဂုဏ်ယူမဆုံး…။

သားလေး စကားပြောတတ်စအရွယ်…။
ဖေဖေ မေမေ စသည်သင်ပေးရှာပါရဲ့…။
သားလေးကခေါ်တော့ ငွေမောင်း…မိရွှေ
ဘယ်လိုသင်သင် သင်မရ….ငွေမောင် မိရွှေကိုပါးစပ်ထဲကမချ

တနေ့သောအခါပေါ့
ရွာထဲကပါပဲ
နှစ်အိမ်ကျော်ခန့်ကအဖွားရွှေသ သားသတင်းကြားလို့လာကြည့်လေရဲ့..တောင်ဝှေးတစ်ချောင်းနဲ့…။
ဖွားရွှေသကိုမြင်လေတော့ သားလေးက “ ဟဲ့ရွှေသ..လာလေ..ထိုင်..ရေနွေးကြမ်းသောက်… နင်မိရွှေကို ငရုပ်သီးပေးမယ်ဆိုတာ ခုထိမပေးရသေးဘူး..သွားပြန်ယူဦး..”
သားလေးပြောတော့ ဖွားရွှေသ……
၈၂ နှစ်ရှိပြီဖြစ်တဲ့ဖွားရွှေသလေ…ကြည်ကြည်ဌေး မဟုတ်ပါပဲ
တာကျိုးတဲ့ကန်ပမာ သူ့မျက်ဝန်းက ရေတွေသွန်ကျပုံများ… ဘေးနားကလူတွေပါကူးစက်လေရဲ့…။

အော်…..ခုမှ…ဦးငွေမောင်း ဒေါ်ရွှေတို့ သဘောပေါက်ကြလေတယ်
သားလေးက ဖွားရွှေသရဲ့ ခင်ပွန်း ဦးစိန်ဩော် လူဝင်စားပေကိုး…။

ဒီလိုနဲ့
စကားတွေ တီတီတာတာပြောတတ်စ
ဖွားရွှေသကလည်း လက်ပေါ်ကမချ
ဖွားရွှေသရဲ့သမီးတွေကလည်းလက်ပေါ်ကမချ…။
ချစ်လိုက်ကြတာ…။ ချစ် ချစ် ချစ် နဲ့…။ လိုသမျှ ဘာမှမပူရ သားလေးအတွက်…။
သမီးကြီးက ကစားစရာဆို သမီငယ်ကစားစရာ..။ ပြည့်စုံသူများပေကိုး..။
ပြောလိုက်တဲ့အကြောင်းတွေက သူနဲ့ဘာမှမဆိုင်တဲ့အကြောင်းတွေ..ဒါပေသိ အကုန်ကွက်တိ။
“ဆီဆုံ ( နှမ်း မြေပဲ များကို ဆီဖြစ်အောင်ထည့်ကြိတ်သည့်ဆုံ) အောက်ကိုမြေကြီးတူး…မြေကြီးတူး” ဟု
ပူဆာ၍ တူးလေလျှင် အိုးပုတ်ငယ်နှင့် ငွေင်္ဒါးပြားများက အပြည့်…။
အဲဒီအိမ်(ဖွားရွှေသအိမ်)မှာ ဇွန်းဘယ်၍ ဘယ်မျှရှိတယ်… ရွှေကဲ့သို့သောအတွင်းပစ္စည်းဘယ်၍ဘယ်မျှရှိသည်..သူအကုန်သိ..။
ထူးပေစွ ကလေးရယ်…။

ဖွားရွှေသမှာက သမီးနှစ်ယောက်ရှိလေတော့…သမီးအကြီးက အိမ်ထောင်ကွဲ..။
သမီးအငယ်က အိမ်ထောင်နဲ့ပေမယ့် ဖွားရွှေသနဲ့ပဲအတူနေတာလေ…။
ဖွားရွှေသအိမ်က သားလေးအိမ်နဲ့မလှမ်းမကမ်း..။

မလွန်ဆန်နိုင်သော သင်္ခါရတရားရဲ့ သဘောအရ…တစ်နေ့တော့ ဖွားရွှေသ ဦးစိန်ဩော်နောက်ကောက်ကောက်ပါအောင်လိုက်ခဲ့လေပြီ…။

ဖွားရွှေသ မရှိလေတော့ သမီးနှစ်ယောက်က ကျန်ခဲ့တာတွေ ခွဲဝေစိတ်ခြမ်းဘို့ အချိန်ကျလာလေပြီ..။
ရှေ့မှီနောက်မှီလူကြီးများ…။ သူကြီး ( ထိုခေတ်က သူကြီးခေတ်) နှင့်ကျေးရွာလူကြီးများရှေ့တွင် လည်ယာ..ချောင်းမြောင်း..ကျွဲနွား..အတွင်းကစ္စည်း အိုးခွက်ပန်းကန် ကအစ သမီးနှစ်ယောက်က ဝေပုံကျ ညီတူညီမျှ…။ ညီညီမျှမျှ သဘောတွေကျလို့ အပြစ်မမြင်ရက် ချစ်ခင်လျှက်…

နေ့တစ်နေ့
မိုးတွေရွာနေတယ်
သဲသဲမဲမဲရွာနေတယ်
မိုးချိန်းသံက ရံဖန်ရံခါမှပေါ်လာတတ်ပေမယ့်…ကြားရတဲ့အချိန်မှာကြောက်ခမန်းလိလိ..။



အဲဒီအချိန်..
သားလေးက ဘ၀ဟောင်းက သမီးကြီးရဲ့အိမ်မှာ…။
သားလေးကြောက်ပြီးငိုနေတယ်…။
ဘာလိုငိုနေတာလဲမေးတော့
သားလေးက “ ငါ..လေ…မိုက်လိုက်တာ…ဒီလိုမိုးတွေသဲနေတာတောင်…ထန်းပင်ပေါ်တက်ပြီး
ထန်းရည်တက်ယူတာ..ခြေချော်ပြီးဘာဖြစ်သွားမှန်းမသိဘူး…..အီးဟီးး”
သားလေးငိုလေတော့ ၀ိုင်းချော့ကြတာပေါ့
ဒီလိုနဲ့
သားလေးကိုဟိုမေးဒီမေးနဲ့ ( တိုတိုပြောရရင်)
အတွင်းကစ္စည်းတွေအကြောင်းရောက်ပါလေရော
ဒီတော့မှ
အတွင်းကစ္စည်း ( ရွှေ ငွေ ကြောက်သံပတ္တမြား)တွေက တကယ်ရှိနေတာထက် အမွေခွဲတုန်းက နည်းနေမှန်းသိတော့
သမီးကြီးက မကျေမနပ်ဖြစ်ပြီး သမီးငယ်နဲ့ တစ်စခန်းထကြပါလေရော
နောက်ဆုံး မနေသာတဲ့အဆုံး သမီးငယ်က တင့်သင့်သလောက်ခွဲဝေပေးလိုက်ရာကစလို့
သားလေးကို ဆေးဖော်ကြောဖက်မလုပ်ကြတော့ပါဘူး
အော်…လောဘ လောဘ

ဦးငွေမောင်း ဒေါ်ရွှေတို့ကလည်းသားလေးကို ရှိသမျှနဲ့ စိတ်ချမ်းသာအောင်ထားခဲ့ကြပါတယ်
မချမ်းသာပေမယ့် သားလေးအတွက် စားစရာ ကစားစရာ အစစအရာရာ တတ်နိုင်သမျှဖြည့်စည်းပေးလို့…။

ကျောင်းနေဘို့အရွယ်ရောက်လာတော့ ဆရာတွေသင်ပြလို့ ဖေဖေမေမေ ခေါ်ရာကစ
တစ်စတစ်စ
………
……………….
…………………….
ဒီလိုနဲ့
အရွယ်ရောက်လာတဲ့တိုင်…မိုးချိန်းသံကြားရင် ကြောက်စမြဲ… အမေဖြစ်သူဒေါ်ရွှေက သားလေးအိမ်မှာကျန်ခဲ့ရင်
ရွာထဲကနေအိမ်ကိုရောက်ရာအရပ်က အမြန်ပြန်စမြဲ

ဒီလိုနဲ့
သားလေးအရွယ်ရောက်လို့
အင်တာနက်သုံးတတ်လာတဲ့အခါ

1 comments: on "ကျနော်လူဝင်စား"

khin oo may said...

ဆက်ပြောပါ. စိတ်ဝင်စားတယ်။

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်