http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

အယ်ဇိုင်းမားရောဂါ ဘယ်လို ကာကွယ်မလဲ

နိုဝင်ဘာ ၂၅၊ ၂၀၀၉၊ လူမှာ အသက်အရွယ်ရလာတာနဲ့အမျှ မှတ်ဥာဏ်ချို့ယွင်းလာတတ်ပါတယ်။ ဒါပေမယ့် အချို့ကတော့ သတိအားနည်းလာရကနေ စိတ်ပုံမှန်မဟုတ်တော့တဲ့ အခြေအနေအထိပါ ရောက်လာပါတယ်။ မြန်မာလိုတော့ လူကြီးတွေမှာ သူငယ်ပြန်တယ်ဆိုတဲ့ ရောဂါမျိုးပါ။

ဂျာမန်လူမျိုး ဦးနှောက်နဲ့အာရုံကြောဆရာဝန်ကြီး Alois Alzheimer ဟာ ဦးနှောက်ကို ထိခိုက်စေတဲ့ ရောဂါတမျိုးကို ဖော်ထုတ်နိုင်ခဲ့တာကြောင့် အဲဒီရောဂါကို Alzheimer လို့ ဆေးလောကမှာ သတ်မှတ်လိုက်ကြပါတယ်။ လူ့ဦးနှောက်ထဲမှာ သတင်းအချက်အလက်တွေ သိုမှီပြီး လိုအပ်သလို ပြန်လွှင့်ထုတ်ပေးနိုင်တဲ့ ဓါတုပစ္စည်းအချို့ အားနည်းလာရာကနေ ဦးနှောက်ထဲ သွေးကြောအတော်များများ ပျက်စီးလာပါတယ် - အဲဒီကနေ ဦးနှောက်ဆဲလ်တွေ ပျက်စီးရာကနေ ဒီရောဂါဖြစ်လာတာပါ။


အိုင်ဇိုင်းမားရောဂါဖြစ်စေတဲ့ အကြောင်းရပ်တွေအတော်များများ ပညာရှင်တွေ သတိထားလာမိကြပေမယ့်လို့ အိုင်ဇိုင်းမားရောဂါ ဘာလိုဖြစ်ရသလဲ အသေးစိတ်ကိုတော့ အပြည့်အစုံ မသိနိုင်ကြသေးပါဘူး။

ဒါပေမယ့် လေ့လာတွေ့ရှိချက်အတော်များများမှာတော့ လူငယ် လူလတ်ပိုင်းအရွယ်ကတည်းက ဦးနှောက်ကို ပုံမှန်အလုပ်ပေးမယ်၊ မှတ်ဥာဏ်ကို ပုံမှန်လေ့ကျင်နေမယ်၊ တဖက်မှာ အားကစားလုပ် အစားအစာချင့်ချိန် ကျန်းမာရေးလိုက်စားမယ်ဆိုရင်တော့ အိုင်ဇိုင်းမား အဖြစ်နည်းတယ် ဖြစ်ရင်တောင်မှ အတော်အတန်ခံနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် မိမိဘ၀တလျှောက် အနေအထိုင် အလေ့အကျင့်ကလည်း အယ်ဇိုင်းမားရောဂါ ကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမယ်လို့ ပြောရမှာပါ။

အိုင်ဇိုင်းမားရောဂါလက္ခဏာ ရောဂါမဖြစ်အောင် တတ်နိုင်သလောက် ဘယ်လို ကိုယ့်ကိုကိုယ်ထိမ်းသိမ်းသင့်တယ် စသဖြင့် အမေရိကန်ပြည်ထောင်စု မိုင်ယာမီတက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာဝင်းမြင့်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နားဆင်ပါ -

0 comments: on "အယ်ဇိုင်းမားရောဂါ ဘယ်လို ကာကွယ်မလဲ"

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်