http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

အိပ်စက်ခြင်းနဲ့ လူ့မှတ်ဉာဏ်

REM sleep - when 
dreams occur - may allow the brain to more easily associate information လူဟာ ဘ၀တလျှောက် မပြတ်သင်ယူနေရတယ်လို့ ပြောစကားရှိပါတယ်။ လူဟာ အိပ်စက်အနားယူနေချိန်မှာတောင် ဦးနှောက် မှတ်ဥာဏ်က လေ့လာသင့်ယူနိုင်တယ်ဆိုတာကို အခုနောက်ဆုံး လေ့လာချက်တခုမှာ တွေ့ရပါတယ်။ အိပ်မောကျနေချိန် အသံဖိုင်တခုခုကို ဖွင့်ပြထားခြင်းအားဖြင့် ဘာသာစကားတရပ်ရပ်ကို သင်ယူနိုင်မလား.. သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာလာကြပါတယ်။ လူ့ရဲဦးနှောက် အိပ်ပျော်နေချိန်မှာ ပိုတောင် အလုပ်လုပ်နေရသလားဆိုတာ ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာ ဆန်းစစ်ထားပါတယ်။
တချို့လူတွေဟာ အိပ်နေချိန်မှာ ခပ်အေးအေး ဂီတသံစဉ်တခုခု နားထောင်တာ ဒါမှမဟုတ် တီဗွီ ရုပ်မြင်သံကြားဖွင့်ထားတာမျိုး လုပ်လေ့ရှိပါတယ်။ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ သူတို့အတွက် အထောက်အပံ့ဖြစ်စေတယ်လို့ ယူဆလို့ပါ
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေ့လာတွေ့ရှိချက်တခုမှာတော့ အိပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအနားယူမှုသက်သက်မဟုတ်ပါဘူး၊ မှတ်ဥာဏ် အားကောင်းစေနိုင်တဲ့ အခွင့်အလမ်းတွေ အိပ်ခြင်းမှာရှိနေတယ်ဆိုတဲ့ လျို့ဝှက်ချက်ကို အတည်ပြု တွေ့ရှိခဲ့ပါတယ်။
အခုလို အိပ်နေစဉ် အသံ သံစဉ်တွေကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ တဦးချင်းမှာ ဘယ်လို သက်ရောက်မှုရှိသလဲဆိုတာကို သိပ္ပံပညာရှင် အုပ်စုတစုက စူးစမ်းလေ့လာခဲ့ပါတယ်။ အိပ်ပျော်နေစဉ်မှာ မိမိနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သံစဉ် ဒါမှမဟုတ် အသံတခုခုကို ပြန်အမှတ်ရခြင်းအားဖြင့် ပြန်နိုးလာတဲ့အခါမှာ အလွယ်တကူပိုလို့ မှတ်ဉာဏ်အားကောင်းစေတာ တွေ့ခဲ့ရပါတယ်။
ဒါကြောင့် အိပ်ပျော်နေချိန်မှာ စိတ်ထဲမှာ ခံစားသိရှိမှုဟာ လူရဲ့ လေ့လာသင်ယူမှုအတွက် အရေးကြီးတဲ့ အထောက်အပံြ့ဖစ်စေတယ်လို့ ဒီ လေ့လာချက်က သုံးသပ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Northweast တက္ကသိုလ် Weinberg ၀ိဇ္ဌာနဲ့သိပ္ပံ လေ့လာရေးဌာနက သုတေသီ Ken Paller၊ John Rudoy နဲ့ အဖွဲ့ဟာ သူတို့သဘောဆန္ဒနဲ့သူတို့ ပါဝင်ကူညီတဲ့ စိတ်ပညာကျောင်းသား ၁၂ဦးကို စံထား လေ့လာပါတယ်။ သူတို့တွေ အိပ်ပျော်နေစဉ် ကြားရတဲ့ အသံနဲ့ မှတ်ဥာဏ် ဘယ်လို ဆက်စပ်မှုရှိသလဲ လေ့လာတာပါ။
လေ့လာတွေ့ရှိချက်အရ လူဟာ အိပ်ပျော်နေစဉ်မှာ ဦးနှောက်က အတော်လေး အလုပ်များနေပါတယ်။ မကြာသေးခင် ဖြစ်ခဲ့တဲ့ မှတ်ဥာဏ်တွေကို ပြန်လှန်ပြီး အခြားရှိပြီးသားအသိမှတ်ဥာဏ်တွေနဲ့ ပေါင်းစပ်ပါတယ်။ ဒီလို ထူးဆန်းနက်နဲစွာ မှတ်ဥာဏ်တွေ ပေါင်းစည်းရေးလုပ်ငန်းကြောင့် အိပ်ရာနိုးတဲ့အချိန်မှာ မှတ်ဥာဏ်စွမ်းရည်တတ်လာစေပါတယ်။
ဒီ လေ့လာစမ်းသပ်မှုမှာ ပါဝင်အစမ်းသပ်ခံသူတွေကို ကွန်ပြူတာမျက်နှာပြင်ပေါ်မှာရှိတဲ့ ပုံ ၅၀ ကို ပြပါတယ်။ ပြီးတော့ အဲဒီပုံတွေကို ကွန်ပြူတာမျက်နှာပြင်ပေါ်မှာ ဘယ်နေရာ ဘယ်လို စီထားသလဲဆိုတာကို မှတ်မိအောင် မှတ်ခိုင်းပါတယ်။ ဒီ ပုံတွေနဲ့ အသံတွေကို အစမ်းသပ်ခံသူတွေ မှတ်ဥာဏ်မှာ တွဲရှိနေအောင် စီစဉ်ပေးထားတယ်လို့ လေ့လာတဲ့ သုတေသီတဦးဖြစ်သူ John Rudoy က ရှင်းပြပါတယ်။
“အဓိက အချက်ကတော့ ပြတဲ့ ဓါတ်ပုံတပုံချင်းနဲ့အတူ ဒီ ဓါတ်ပုံနဲ့သဘာဝအရ ဆက်စပ်နေတဲ့ အသံကို လည်း ကျနော်တို့ ဖွင့်ပြပါတယ်။ ဥပမာ ကြောင်တကောင်ပုံကို ပြလိုက်တယ်ဆိုရင် သူ့နောက်ခံမှာ ကြောင်အော်သံကိုပါ ထည့်ပေးထားပါတယ်။”
အခုလို အသံရော ပုံကိုပါ နားထောင် ကြည့်ပြီး ကွန်ပြူတာမျက်နှာပြင်ပေါ်မှာ ဒီပုံတွေ ဘယ်မှာထားသလဲဆိုတာကိုလည်း မှတ်ခိုင်းပြီး၊ ပါဝင်စမ်းသပ်ခံသူတွေကို အခန်းတခန်းထဲထည့်ပြီး သူတို့ကို တရေးအိပ်စေပါတယ်။ သူတို့ အိပ်ပျော်နေချိန်မှာတော့ သူတို့အခုနက ကြည့်ခဲ့တဲ့ ပုံ ၅၀ ထဲက ပုံ၂၅ခုရဲ့ အသံတွေကို သုတေသီတွေက ဖွင့်ပေးပါတယ်။
အခုက ကွန်ပြူတာမျက်နှာပြင်ပေါ်မှာ စီထားတဲ့ ပုံတွေကို ပထမ သူတို့မှတ်ထားတဲ့နေရာတွေကနေ ပြောင်းလဲပြီး ဖရိုဖရဲ ပြန်စီပါတယ်။ အဲဒီနောက် သူတို့ ပြန်နိုးလာချိန်မှာတော့ အဲဒီ ပုံတွေကို အရင် ပထမ မှတ်ထားတဲ့အတိုင်း ပြန်စီစေပါတယ်။ အဲဒီအချိန်မှာ အိပ်ပျော်နေစဉ် အသံဖိုင်တွေ ဖွင့်ပြတဲ့ ပုံတွေရဲ့ မူလနေရာတွေကို ပိုပြီး မှတ်မိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် Rudoy က ဒီ လေ့လာချက်မှာ ရလဒ်ကောင်းတွေ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
“အိပ်ပျော်နေစဉ်မှာ ဖွင့်ပြတဲ့ အသံဖိုင်တွေရဲ့ပုံတွေကို အခြားပုံတွေထက် ပိုပြီး မှတ်မိနေပါတယ်။ အဲဒီပုံတွေ အရင်က ဘယ်မှာရှိသလဲဆိုတာ သူတို့ ပိုပြီး မှတ်မိနေပါတယ်။”
စမ်းသပ်ခံတွေကို မေးကြည့်တော့လည်း သူတို့အိပ်နေစဉ်မှာ အဲဒီ အသံတွေ ကြားခဲ့ရတာကို ပြန်မမှတ်မိပါဘူး။ တကယ်တော့ လက်တွေ့နိုးနေချိန်မှာသူတို့ကြုံတွေ့သိထားတဲ့ အရာတွေကိုသာ - အိပ်ပျော်နေချိန်မှာ အဲဒါနဲ့ဆက်စပ်နေတဲ့ အသံတွေကို ပြန်ပြီး အမှတ်ရအောင် လုပ်ပေးတဲ့သဘောပါလို့ Rudoy က ပြောပါတယ်။
“ အသေးစိတ် ဥပမာ တခုခု ပေးရမယ်ဆိုရင်တော့ - သင်တန်းတခုကို ကိုင်တယ်မသွားနိုင်ဘူးဆိုပါတော့ .. တဦးဦးက အဲဒီသင်ခန်းစာကို အသံဖမ်းယူပြီး ခင်ဗျား အိပ်ချိန် ဖွင့်ပြတာမျိုးပါ။ ဒါပေမယ့် ခင်ဗျားကိုယ်တိုင် အဲဒီ သင်တန်းမှာ လူကိုယ်တိုင်ရှိနေတယ်.. နားထောင်လေ့လာဖြစ်တယ်ဆိုရင်တော့ .. အိပ်ချိန် ပြန်နားထောင်ရတာ ပိုလို့ မှတ်ဥာဏ်အား ကောင်းပါတယ်။ အိပ်နေချိန် အဲဒီ သင်ခန်းစာကို ဖွင့်ပြရင် - ခင်ဗျား ကိုယ်တိုင် တက်ခဲ့တဲ သင်တန်းက သင်ခန်းစာတွေကို ပြန်အမှတ်ရလာစေပါတယ်။ လူပျင်းတွေ အတွက် နည်းတော့ မဟုတ်ပါဘူးဗျာ။”
အခု သုတေသနပြု လေ့လာချက်အရဆိုရင်တော့ လူဟာ အိပ်မောကျနေချိန်မှာတောင် သူ့ရဲ့မှတ်ဥာဏ် သူ့ရဲ့အသိဥာဏ်က ပိတ်မသွားပါဘူး. အိပ်မသွားပါဘူး. အနားမယူပါဘူးလို့ John Rudoy က ပြောပါတယ်။ မှတ်ဥာဏ်တွေ ပြန်စုဆောင်းတာမျိုး ဦးနှောက်ထဲ မှတ်ဥာဏ် စနစ်တကျ ပြန်ထားသိုတာမျိုးအတွက်ဆိုရင် အိပ်မောကျနေချိန်မက ပိုပြီးတောင် အရေးပါတယ်လို့ ယူဆစရာရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် လူဟာ အိပ်နေလို့ အမြင်အာရုံအလုပ်မလုပ်တော့ပေမယ့် အကြားအာရုံဟာ အလုပ်လုပ်နေဆဲလို့ ယူဆလို့ရပါတယ်။ ဒီလေ့လာချက်တွေကနေ စဉ်းစားစရာတွေ နောက်ထပ် လေ့လာစရာတွေ မေးခွန်းတွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။
အခုလို အိပ်မောကျနေစဉ် မှတ်ဥာဏ်ရရှိမှုဟာ ဘယ်လောက် တာရှည်ခံသလဲ.. အိပ်မောကျနေစဉ် မှတ်ဥာဏ် ရရှိတာမျိုး အခြားအကြောင်းရပ်တွေ ဘာရှိမလဲဆိုတာတွေကိုတော့ ဆက်ပြီး လေ့လာသွားရဖို့ သူရော သူ့အဖွဲ့ကပါ စီစဉ်နေတယ်လို့ Rudoy က ပြောပါတယ်။
အဲဒီကနေတဆင့်တော့ အိပ်မောကျနေချိန်မှာ အသံသင်ခန်းစာတွေကို ဖွင့်ပြခြင်းအားဖြင့် ကိုယ့်မိခင်ဘာသာမဟုတ်တဲ့ အခြားဘာသာစကားတခုခု သင်ယူဖို့ အထောက်အကူပြုနိုင်မလားဆိုတာကိုလည်း ပညာရှင်တွေ လေ့လာကြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီတော့ အိပ်ခြင်းဟာ ကျန်းမာရေးဒေါင့်ကကြည်ရင် လူရဲ့ရုပ်ပိုင်းဆိုင်ရာအနားယူတာတင်မဟုတ်ပါဘူး မှတ်ဥာဏ် အားဆေးတခုလိုတောင် ယူဆလို့ ရပါတယ်။


0 comments: on "အိပ်စက်ခြင်းနဲ့ လူ့မှတ်ဉာဏ်"

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်