http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

ရန်ကုန်ဆေးရုံကြီး အဆောင် ၁၂ ခုတင်နံပါတ် ၁၂

ရန်ကုန်ဆေးရုံကြီး အဆောင် ၁၂ ခုတင်နံပါတ် ၁၂
အသက် အစိတ်ဝန်းကျင် တာဝန်ကျ ဆရာဝန်မလေး တဦးရဲ့ ကျယ်ကျယ် လောင်လောင် အော်လိုက်သံ ဖြစ်ပြီး သူ့ရဲ့အော်သံမှာ ဒေါသသံကလည်း ရောပါနေတယ်။

ရန်ကုန်ဆေးရုံကြီးရဲ့ အဆောင် ၁၂၊ ခုတင်နံပါတ် ၁၂ ပေါ်မှာ နှာခေါင်းမှာရော လက်မှာပါ ပိုက်တန်းလန်းနဲ့ အသက် ၅၀ အရွယ် စကားပြန် မပြောနိုင်တဲ့ အမျိုးသားလူနာ တဦး ရှိနေပါတယ်။
ရန်ကုန် ဆေးရုံကြီး အဆောင် ၁၂ ဆိုတာက ခွဲစိတ်လူနာ မဟုတ်တဲ့၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အစာအိမ် စတဲ့ ရောဂါ ဝေဒနာတွေ ခံစားနေရတဲ့ လူနာတွေ ထားတဲ့ အဆောင် ဖြစ်ပါတယ်။

“လူနာရှင်တွေက ဆေးဖိုး မရှိတော့ဘူး ဆိုရင် လူနာတွေကို ထားပြီး ထွက်သွား ကြတယ်။ ကျမတို့ ကလည်း လူနာရှင်က ဆေးမ၀ယ်ဘဲနဲ့ ဘယ်ကဆေးနဲ့ ထိုးရ၊ ကုရမှာလဲ” လို့ ခုနက အော်လိုက်တဲ့ ဆရာဝန်မလေးက တယောက်တည်း ညည်းတွား ပြောဆိုပြီး ပြန်လှည့် ထွက်သွားတယ်။

လူနာကတော့ ဘာစကားမှ ပြန်မပြောနိုင်ဘဲ လက်လေးတဘက် ထောင်ပြလိုက်တာ တွေ့လိုက်ရတယ်။

အဲဒီ ဆရာဝန်မလေး ထွက်သွားတဲ့ တလျှောက် လိုက်ကြည့် မိလိုက်တော့ အဆောင် ၁၂ ရဲ့အ၀င်အ၀ အတွင်းဘက်မှာ “စရိတ်မျှပေး ကျန်းမာရေး” ဆိုတဲ့ ဆိုင်းဘုတ်လေးဟာ ညစ်မှိုင်းမှိုင်း အုတ်နီရောင် နံရံမှာ ချိတ်ထားတာ တွေ့ရတယ်။

အဆောင်တဆောင်လုံးမှာရှိတဲ့ လူနာခုတင် ခပ်စိတ်စိတ်မှာ ပိုက်တန်းလန်းနဲ့လူနာတွေ အပြည့်။ ဒီ အပြင်ဆောင်ရဲ့ ကော်ရစ်တာ နှစ်ဘက်စလုံးမှာလည်း လူနာခုတင်တွေအပြည့်။ အဆောင်ထဲမှာရှိတဲ့ ကြမ်းပြင်တွေမှာတော့ သွေးကွက်လား၊ ရေကွက်လား ခွဲခြားမရနိုင်တဲ့ အကွက်ပေါင်း မြောက်မြားစွာကို တွေ့နေရပြီးတော့ ခုတင်တွေပေါ်မှာရှိတဲ့ ညစ်ထေးထေး အခင်းစတွေကလည်း ချေးရောင်ဆင်တူ ဆိုးထားသလား ထင်ရပါတယ်။

“ခုနကတော့ သူ့အမျိုးသမီးစောင့်နေပါတယ်။ အခုဘယ်ထွက်သွားလဲ မသိဘူး” လို့ဘေးခုတင်မှာရှိတဲ့ လူနာစောင့် အမျိုးသားတဦးက ဘယ်သူ့ကို ရည်ရွယ်ပြောမှန်းမသိ ပြောလိုက်တယ်။

ဆရာဝန်မလေး ထွက်သွားတာ၊ ဘေးခုတင်က လူနာစောင့် ပြောလိုက်တာနဲ့ သိပ်မကြာလိုက်ပါဘူး။ မိနစ်ဝက်လောက် အကြာမှာပဲ ခုတင် ၁၂ ပေါ်ကလူနာက လက်မှာတပ်ထားတဲ့ ပိုက်ကို ကျန်လက်တဘက်နဲ့ ဆွဲဖြုတ်လိုက်တယ်။ ပြီးတော့ သူ့ဘာသာသူ ခုတင်ပေါ်က လှိမ့်ချလိုက်တယ်။ ပိုက်ပြုတ်သွားတော့ လက်က သွေးတွေကလည်း ဖြာခနဲကျလာတယ်။

ဘေးခုတင်တွေမှာရှိတဲ့ လူနာစောင့်နေတဲ့သူတွေ ပြေးလာကြပြီး တချို့က တာဝန်ကျ ဆရာဝန်နဲ့ ဆရာမကို ပြေးခေါ်တယ်။ သူနာပြု ဆရာမ ၂ ယောက်နဲ့ ဆရာဝန်တယောက် ရောက်လာပြီး ဘေးကလူနာစောင့်တွေနဲ့ ခုတင် ၁၂ က လူနာကို ခုတင်ပေါ် ပြန်တင်ဖို့လုပ်တယ်။

လူနာကတော့ ဘာစကားမှ မပြောနိုင်ဘဲ ခေါင်းတွေလက်တွေကိုသာ အတွင်တွင် ခါရမ်းနေတာတွေ့ရတယ်။
ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာပဲ လူနာရှင်ရဲ့ အမျိုးသမီးဆိုသူ အပြေးအလွှားပြန်ရောက်လာတယ်။

“ခင်ဗျားတို့ကလည်း လူနာကိုထားပြီး ဘယ်လျှောက်သွားနေတာလဲ” ဆိုပြီး တာဝန်ကျ ဆရာဝန်က လူနာရှင် အမျိုးသမီးကို ဆီးဟောက်လိုက်တယ်။

“ခုန ဆရာမက ဆေးသွားဝယ်ရမယ်ဆိုလို့ ကျမ တူဆီက ပိုက်ဆံသွားယူတာပါ” ဆိုပြီး လူနာရဲ့ အမျိုးသမီးက ပိုက်ဆံထောင်တန် ၅ ရွက်ကိုပြရင်း ပြန်ပြောတယ်။

ဒီလို စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတွေကတော့ ရန်ကုန်ဆေးရုံကြီးမှာ နေ့စဉ်ဆိုသလို မြင်တွေ့နေရတဲ့ မြင်ကွင်းတွေပါလို့  ကျောက်ကပ်ရောဂါကို ရန်ကုန်ဆေးရုံကြီးမှာ ၂၄ ရက်လောက် တက်ရောက်ကုသ ခံယူနေရတဲ့ ဖခင်ရဲ့ လူနာစောင့် အဖြစ်နဲ့ နေရသူ ကိုမျိုးမင်းက ဆိုပါတယ်။

ဆေးရုံတင်ဖို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်လာပြီဆိုတာနဲ့ ဆရာဝန်တွေ၊ ဆရာမတွေက ပြုစုကုသမှု တန်းလုပ်ပေးတာမျိုးမဟုတ်ဘဲ လူနာရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေကို အရင်မေးမြန်းတာမျိုးတွေ လုပ်တတ်ပြီး လူနာအများစုကတော့ အရေးပေါ် အခြေအနေကျမှ ဆေးရုံကိုပြေးလာကြတာဖြစ်လို့ မှတ်ပုံတင်ပါမလာတာ မျိုးတွေ၊ မိသားစု သန်းခေါင်စာရင်း အကြောင်း ပြောမပြနိုင်တာတွေ ရှိတယ်လို့ ဖခင်လူနာကို စောင့်ရှောက်နေရသူ အသက် ၃၅ နှစ်အရွယ် ကိုမျိုးမင်းက ပြောပါတယ်။

“ကျနော်က အဖေ့ကို ပထမဆုံးအကြိမ် ဆေးရုံတင်တော့ ဘာမှ မကုသသေးဘဲ မှတ်ပုံတင်ပါလား၊ သန်းခေါင်စာရင်း ၀င် လူပါလား၊ အဲဒါတွေမေးတာ အရင်ဖြေရှင်းရတယ်။ နောက်တော့ သူများပြောတာနဲ့ ဆေးရုံတင်ဖို့ ပွဲစားနဲ့လုပ်လိုက်တော့ ဘာမှမရစ်တော့ဘူး” လို့ သူကဆက်ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးကို တင်တော့မယ်ဆိုရင် ဆေးရုံတင်ဖို့ လုပ်ပေးတဲ့ ပွဲစားတွေကို ငွေကျပ် ၃၀၀၀ ပေးရတယ်လို့ သိရပါတယ်။

“ဘယ်လောက် အသည်းအသန်ဖြစ်နေတဲ့ လူနာမျိုးဖြစ်ဖြစ်၊ လူနာရှင်၊ ဒါမှမဟုတ် လူနာကိုလိုက်ပို့တဲ့သူက လိုအပ်တဲ့ဆေး ၀ယ်မပေးဘူးဆိုရင် ဒီအတိုင်းပဲ ပစ်ထားတာ” လို့ ကိုမျိုးမင်းက ဆက်ပြောပြပါတယ်။

ဒါ့အပြင် ဆေးရုံကြီး အပေါက်ဝကို ၀င်လိုက်ပြီဆိုတာနဲ့ လူနာကိုတင်တဲ့ ဘီးတပ်ကုလားထိုင်တွန်းခ၊ ဒါမှမဟုတ် တွန်းလှည်းခ ဆိုတာမျိုးတွေလည်း အတွင်တွင် လာတောင်းနေတာနဲ့ ကြုံရတယ်လို့ဆိုပါတယ်။

“ဆရာဝန်တွေရှေ့ ရောက်ပြီဆိုရင် သူတို့ဝယ်ခိုင်းတဲ့ဆေးတွေကို အရေးပေါ်ထဲမှာရှိတဲ့ ဆေးဆိုင်မှာ ပြေးဝယ်ရတယ်။ ဆေးထိုးအပ်၊ ဆေးထိုးပိုက်၊ မိုးရေပုလင်းကအစ၊ ပတ်တီး၊ ပလာစတာအဆုံး ကိုယ်ကပဲ ၀ယ်ပေးရတယ်။ သူတို့ဆီမှာလည်း ဘာဆေးမှမရှိဘူး။ ကိုယ်က သူတို့ဝယ်ခိုင်းတာကို ၀ယ်ပေးမှ သူတို့က လူနာကို စကုတယ်” လို့ သူကပြောပြပါတယ်။

အရေးပေါ်မှာ ကုပြီးလို့ ကိုယ်တက်ရမယ့် အဆောင်၊ ခုတင်ကို သွားတဲ့အခါမှာလည်း တွန်းလှည်းခ ဆိုတာမျိုးထပ်ပေးရတယ်။ ပြီးတော့ အရေးပေါ်မှာ ကိုယ်တက်ခဲ့တဲ့ ခုတင်သန့်ရှင်းရေး လုပ်ဖို့ဆိုပြီးလည်း ပိုက်ဆံ ကျပ် ၅၀၀ တောင်းထားသေးတယ်လို့ ဆိုတယ်။ ဒီလိုတောင်းထားပေမယ့်လည်း ရှေ့ကလူနာ ဆင်းသွားတာနဲ့ ဘာသန့်ရှင်းရေးမှ မလုပ်ဘဲ နောက်လူနာကို ဒီအတိုင်း ထပ်တင်တယ်လို့ ကိုမျိုးမင်းက သူမြင်တွေ့ခဲ့ရတာကို ပြောပြပါတယ်။

ကိုမျိုးမင်း အဓိက ကြားနေရတဲ့ ပြဿနာတွေကတော့ ဆရာဝန်တွေဝယ်ခိုင်းတဲ့ ဆေး၊ ဆေးထိုးအပ် စတာတွေကို လူနာရှင်တွေက အဆင်သင့် ၀ယ်မပေးနိုင်တာ၊ လူနာရှင်တွေဟာ လူနာတွေကို ပစ်ထားသွားတာတွေပါ။

“ဟိုအဒေါ်ကြီးဆို စောင့်မယ့်သူက သူတယောက်ပဲရှိတယ်။ နေ့လယ်ဆို ပိုက်ဆံသွားဆွဲတယ်ထင်တယ်။ ခဏခဏ ထွက်ထွက်သွားတယ်။ ပြန်လာမှ ဆရာဝန်ပြောတဲ့ဆေးတွေကို ၀ယ်ဝယ်လာတာတွေ့တယ်။ ဆရာဝန်လာပြီဆို လူနာစောင့် မရှိတော့ လူနာက အမြဲအော်ငေါက်ခံရတယ်” လို့ကိုမျိုးမင်းက ကုတင် ၁၂ ပေါ်က လူနာနဲ့ လူနာ စောင့်အမျိုးသမီးကို လက်ညှိုးထိုးပြီး ပြောပြပါတယ်။

“မတတ်နိုင်တဲ့သူက ဆရာဝန်ဘယ်နှခေါက် လာပြောပြော ဆေးဝယ်စရာ ပိုက်ဆံမရှိရင် ဒီအတိုင်း ထိုင်နေရတာ။ ကိုယ် ဆေးမ၀ယ်နိုင်လို့ကတော့ ဘယ်သူကမှ စိုက်မပေးဘူး။ အဲဒီလို လူနာမျိုးဆိုရင် အလွန်ဆုံးခံ နောက် ၂ ရက်၊ ၃ ရက်ပဲ” လို့ ကိုမျိုးမင်းက ဆက်ပြောပြပါတယ်။

နောက်နေ့မနက် လင်းအားကြီး ၃ နာရီလောက်မှာတော့ ကုတင် ၁၂ က လူနာရဲ ဇနီးဖြစ်သူထံက ငိုသံသဲ့သဲ့ထွက်လာတယ်။

“သူ့ရဲ့ တာဝန်ကြီးကို ထမ်းထားရတယ်ဆိုပြီး ဆေးကုတာ မခံတော့ဘူး။ ဘယ်လောက်ကုန်ကုန် လူက အရေးကြီးပါတယ်ပြောတာ လက်မခံဘူး” ဆိုပြီး ပြောငိုနေတာကိုလည်း စိတ်မကောင်းစွာ ကြားလိုက်ရတယ်။

ဒါပေမယ့် ခုတင် ၁၂ လူနာပိုင်ရှင်လည်း ကြာကြာဝမ်းနည်းချိန် မရလိုက်ပါဘူး။ ရေခဲတိုက်ကိုသယ်ဖို့ ကတ်တခုနဲ့ အိန္ဒိယ အမျိုးသား အလုပ်သမား နှစ်ယောက် ရောက်လာပြီး ပိုက်ဆံတောင်းနေတာ တွေ့လိုက်ရတယ်။ လူနာပိုင်ရှင် အဘွားကြီးက ပိုက်ဆံ တထောင်တန်တရွက် ထုတ်ပေးတာကိုလည်း တွေ့လိုက်ရတယ်။

ခူတင် ၁၂ က လူနာအလောင်း ရေခဲတိုက်ရောက်ပြီးလို့ လူနာရှင်အဘွားကြီးက အိမ်ပြန်အကြောင်းကြားမယ်လုပ်တော့ ဆေးရုံက ဆရာဝန်တွေက အဘွားကြီးကို ပေးမသွားပါဘူး။ လူနာရှင်လည်း ပစ္စည်းတွေ ထုတ်ပိုးပြီး တာဝန်ကျဆရာဝန်ရဲ့ အခန်းထဲ လိုက်သွားတာတွေ့လိုက်ရတယ်။

“လူနာက ဆုံးပြီဆိုရင် ဒီလိုပဲ အလောင်းကိုထားထားပြီး သွားတဲ့သူတွေများလို့ လူနာရှင်တယောက်ကို ဆေးရုံကခေါ်ထားပြီး မိသားစုကို သူတို့က ဖုန်းဆက်အကြောင်းကြားပေးတယ်။ အလောင်းပိုင်ရှင်ကို သူတို့က ခေါ်ထားပြီး ဘယ်မှ ပေးမသွားတော့ဘူး” လို့ဆေးရုံမှာ ၂၄ ရက်ကြာနေလာခဲ့တဲ့ ကိုမျိုးမင်းက ပြောပြပါတယ်။

“ဒီလောက် တင်းကျပ်နေတဲ့ကြားကတောင် ကျနော်ရောက်ပြီး အဲဒီလို အလောင်းကိုပစ်ပြေးသွားတာ သုံးလောင်းလောက်ရှိပြီ။  မတတ်နိုင် ကြလွန်းလို့ လုပ်လုပ်သွားကြတာ။ တချို့ဆို လူနာကို ဒီအတိုင်းထားပြီး ပြေးသွားတဲ့သူတွေလည်းရှိတယ်” လို့ ကိုမျိုးမင်းက စိတ်မကောင်းစွာ ပြောပါတယ်။

တချို့လူနာတွေဆိုရင် ဒီဆေးတလုံးထိုးလိုက်ရင် အသက်ရှင်မယ်၊ ဒီဆေးမထိုးနိုင်ရင် အခြေအနေ မကောင်းနိုင်ဘူး ဆိုတာ သိရက်နဲ့ ဆေးဖိုးမတတ်နိုင်လို့ လူနာကိုစွန့်လွှတ်လိုက်ရတဲ့ ကိစ္စမျိုးတွေလည်း အများကြီးရှိခဲ့တယ်လို့ ရန်ကုန်ဆေးရုံကြီးမှာ ၅ နှစ်လောက် တာဝန်ကျခဲ့ဖူးပြီး အခု NGO တခုမှာ ပရောဂျက်မန်နေဂျာ အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ လူငယ် ဆရာဝန်တဦးက ပြောပြပါတယ်။

နအဖ စစ်အစိုးရဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်ငွေ ၆ ထရီလီယံ အသုံးပြုပြီး သန်း ၆၀ နီးပါးရှိတဲ့ ပြည်သူ လူထုအတွက် ကျန်းမာရေးအသုံးစရိတ်ကတော့ ကျပ် ၅၂၃ ဘီလီယံ ခန့်သာ အသုံးပြုတယ်လို့ သိရပါတယ်။

ပြည်သူ့ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေဟာ ကာကွယ်ရေး ၀န်ကြီးဌာန တနှစ် သုံးစွဲငွေရဲ့ ၉ ရာခိုင်နှုန်းကျော်သာ ရှိတဲ့အတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ ချို့ယွင်း အားနည်းမှုများစွာ ဖြစ်ပေါ်နေတယ်လို့လည်း လေ့လာသူ ပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ပါတယ်။

ဆေးရုံကြီးမှာ တကယ် လိုအပ်နေတာက ဆေးဝါးတွေအပြင် စက်ကိရိယာတွေလည်း ဖြစ်တယ်လို့ သိရတယ်။ ကင်ဆာလူနာ တွေဟာ ဓာတ်ကင်ဖို့ အကြာကြီး တန်းစီစောင့်နေရသလို၊ အစာအိမ်မှန်ပြောင်း ကြည့်ဖို့ကိုလည်း လူနာများရင် များသလို အနည်းဆုံး တပတ်လောက် စောင့်ရတတ်ပါတယ်။

“ကျနော့် ညီတယောက်က ဆေးရုံကြီးမှာ အစာအိမ်မှန်ပြောင်းကြည်ဖို့ ၁၀ ရက်လောက်စောင့်ရမယ်ဆိုလို့ ဆေးရုံကြီးက ဆင်းပြီး အောင်ရတနာ ဆေးခန်းမှာသွားပြောင်း ပြလိုက်တာ၊ အထူးကုဆေးခန်းလည်းရောက်ရော ၀န်ဆောင်မှုကတော့ကောင်းပါတယ်၊ ပိုက်ဆံက ဆယ်သိန်းလောက်ကုန်သွားတယ်” လို့ ဆေးရုံကြီးကနေ အထူးကုဆေးခန်းကို ပြောင်းရွှေ့ကုသခံခဲ့ရသူရဲ့ လူနာရှင်တဦးက ပြောပြပါတယ်။

အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားအများစုက ဒီဆေးရုံကြီးမှာ ဒီလိုစိတ်ဆင်းရဲမှုတွေကြုံတွေ့ရမှာ၊ ကုသရေး ပစ္စည်းကိရိယာတွေ မလုံလောက် တာတွေကို သိပေမယ့် နာမကျန်းဖြစ်လို့ သွားပြပြီဆိုတာနဲ့ ကြိုတင်ငွေက ကျပ် ၂ သိန်းလောက် တင်ရပြီး ဆေးကုသစရိတ် မပါ၊ အခန်းခတင် တနေ့ကို ကျပ် နှစ်သောင်းခွဲလောက်ရှိ တဲ့ အထူးကုဆေးခန်းတွေကိုလည်း အနား မကပ်နိုင်ကြတာက များပါတယ်။

ရွှေဗဟို၊ ဗဟိုစည်၊ သျှင်ပါဂူ၊ အောင်ရတနာတို့လို အထူးကုဆေးခန်း အငယ်စားလေးတွေကို တက်ပြီဆိုတာနဲ့ ကြိုတင်ငွေ ကျပ် ၂ သိန်းလောက် ပေးရပြီး အနည်းဆုံး ကျပ် ၅ သိန်းလောက်ကုန်ကျတာပါ။ SSC၊ အာရှတော်ဝင်၊ ပန်းလှိုင်တို့လို နာမည်ကြီး အထူးကုဆေးခန်းကြီးတွေ တက်ရပြီဆိုရင်တော့ စပေါ်ငွေတင် ကျပ် ၁၀ သိန်းလောက် တင်ရပြီး ၂ ရက်၊ ၃ ရက်လောက် တက်လိုက်ရပြီဆိုတာနဲ့ ၁၅ သိန်း၊ သိန်း ၂၀ လောက် အနည်းဆုံးကုန်ကျမှုရှိတယ်လို့ သိရပါတယ်။

ဆေးရုံကြီးမှာကတော့ နေ့၊ ည ဆရာဝန်ကြီးတွေမရှိဘဲ အလုပ်သင် ဆရာဝန်ပေါက်စလေးတွေနဲ့ ဆမ လက်မှတ်ရဖို့ မဖြစ်မနေ တာဝန်ထမ်းဆောင်ရတဲ့ ဆရာဝန်တွေပဲ ရှိတယ်လို့ ကိုမျိုးမင်းအပါအ၀င် ဆေးရုံစောင့်နေတဲ့ လူနာရှင်တွေက ပြောပါတယ်။

“ဆရာဝန်ကြီးတွေက ဂျူတီတွေရှိပေမယ့် အထူးကုဆေးခန်းတွေကိုပဲ အချိန်ပြည့် ပတ်ထိုင်နေတာ။ လူကြီးတွေ ဘာတွေ လာစစ်မယ်ဆိုတဲ့ ရက်လောက်ပဲ ဆရာဝန်ကြီးတွေ ရှိတယ်။ တခါတလေ ဆရာဝန်ကြီးတွေ လူနာလိုက်ကြည့်နေရင်း အထူးကုဆေးခန်းကြီးတွေက လူနာအရေးကြီးတယ်ဆိုပြီး ဖုန်းဆက်ခေါ်လို့ ပြန်ပြေး သွားတာမျိုးတွေလည်းရှိတယ်” လို့ NGO မှာ တာဝန်ထမ်းဆောင်နေသူ လူငယ် ဆရာဝန်က ပြောပြပါတယ်။

ဒီလို တာဝန်ကျဆရာဝန်ကြီးတွေက ဆေးရုံမှာ မရှိတဲ့အတွက် အလုပ်သင်ဆရာဝန်တွေ၊ ဆရာဝန် ပေါက်စတွေ အတွက်လည်း ဆေးပညာလက်ဆင့်ကမ်း သင်ယူဖို့ အခက်အခဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဆေးရုံပေါ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ခုတင် ၁၂ ကဝေဒနာသည်လို၊ ကိုမျိုးမင်းရဲ့ ဖခင်ကျောက်ကပ်ဝေဒနာရှင်လို လူနာတွေ အဓိက မျှော်လင့်မိတာကတော့ တာဝန်ကျ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေရဲ့ ကြင်နာနွေးထွေးမှုပါလို့ ကိုမျိုးမင်းက ဆိုပါတယ်။

“အဓိကကတော့ဗျာ နေ့တိုင်း ချိုသာတဲ့စကားဆိုတာ မကြားရဘူး။ တနေ့တနေ့ အော်သံ၊ ငေါက်သံ ဆိုတာမျိုးတွေပဲ ကြားနေရတယ်” လို့ သူက ညည်းတွားလိုက်ပါတယ်။

REF: http://www.irrawaddy.org မှ ကူးယူဖော်ပြပါသည်။
အပြည့်အစုံဖတ်ရန်...

you thinking..are you a what person ?

တစ်ချို့တွေက..
အခက်အခဲကို အကြောင်းပြုပြီး..
ဦးကျိုးတယ်....။
တစ်ချို့တွေက...
စံချိန်ချိုးတယ်...။
(ဝီလျံအာသာဝဒ်)

သူငယ်ချင်းတို့ရေ....


အဲဒီနေ့က....
ကျွန်တော်နဲ့ ကျွန်တော့်မန်နေဂျာ Ms.Ng နေ့ခင်း ထမင်းစားချိန်ပြီး အလုပ်ပြန်ဝင်တော့ ထူးထူး
ဆန်းဆန်း ကျွနတော်တို့ အားနေတယ်..။ ကျွန်တော်တို့ Lab မှာ စမ်းသပ်စရာတွေနဲ့ စစ်ဆေးစရာတွေ ပြီးစီးနေတဲ့
အချိန်......၊ ဒီလို အချိန်မှာ ကျွန်တော်နဲ့ သူ အကြောင်းအရာ တစ်ခုခုဆွေးနွေးဖြစ်တယ်..။
အချစ် ၊စီပွားရေး ၊ လူမှုရေး ၊ အလုပ် ၊ စိတ်ဓါတ် ၊ KFC ၊ Mcdonald ....အစုံပါပဲ..။
ပြောရင်းနဲ့ ပညာရေးဘက်အကြောင်း ရောက်သွားတယ်..။ သူက မလေးရှားပညာရေးကို ဒီလို ရှင်းပြတယ်..။

“ ဒီလိုလေ...မလေးရှား အဓိက စီးပွားရေးကို ချုပ်ကိုင်ထားတာက တရုတ်တွေလေ..။ ဒါကြောင့်..
မလေးရှားအစိုးရက မလေးရှားပညာရေးကို တရုတ်တွေကြီးစိုးလို့မရအောင် ချုပ်ကိုင်ထားတယ်.။ ငါတို့
တရုတ်တွေ အတွက် Scholarship ကို ၄၀% ၊ ၅၀% ပဲပေးတယ်.။ မလေးတွေကျတော့ ၇၀ကျပ် ၊ ၈၀% ပေးတယ်..။
ဒီလိုပဲ..ငါတို့ အထက်တန်းကနေ တက္ကသိုလ်တတ်ဖို့ ၊ တက္ကသိုလ်မှာ လိုင်းကောင်းကောင်းရဖို့ ......
ဥပမာ - အင်္ဂျင်နီယာ ဆိုပါတော့ ..။ မလေးတွေရဲ့ အမှတ်နဲ့ ငါတို့ တရုတ်တွေရဲ့ အမှတ်နဲ့ မတူဘူး..။
မလေးတွေက အင်္ဂျင်နီယာ လိုင်းအတွက် အမှတ် ၃၈၀ လောယက် သတ်မှတ်ထားရင် ၊ ငါတို့ တရုတ်တွေ
အတွက် ၄၅၀ လောက် သတ်မှတ်ထားတာ..။ ဒါကြောင့် မလေးတွေက နည်းနည်း ကြိုးစားလိုက်ရင် အင်္ဂျင်နီယာ ဖြစ်လာနိုင်ပေမဲ့ ငါတို့ တရုတ်တွေကျတော့ တော်တော်ကြိုးစားမှ အင်င်္ဂျင်နီယာ ဖြစ်လာကြတယ်လေ..။
ဒါပေမဲ့....ဒီလိုဖြစ်နေတာကို ငါက ကြိုက်တယ်..။ နင်စဉ်းစားကြည့် ...၊ တကယ်ဆိုရင် မလေးတွေက Scholarship များများ ၊ အမှတ်နည်းနည်း နဲ့ လွယ်လွယ် ပညာတတ်ဖြစ်လာနိုင်တယ်လေ.။ ဒါပေမဲ့......
တကယ်တော့ ဒီလိုဖြစ်မလာဘူး..။ လွယ်လွယ်လွန်းလို့ မလေးတွေက ငါတို့ အေးဆေး နည်းနည်း ကြိုးစား
လိုက်တာနဲ့ ဖြစ်ပါတယ် ဆိုပြီး ကြိုးစားကြတယ်.။ ငါတို့ တရုတ်တွေကျတော့ .....အော်..ငါတို့ အရမ်း ကြိုးစားမှ ရမှာပါလားဆိုပြီး ကြိုးစားကြတယ်..။ ဒါကြောင့်...ငါတို့ တရုတ်တွေ တိုးတတ် အောင်မြင်တယ်။
မလေးတွေကျတော့ အောင်မြင်မှုကို လွယ်လွယ်ရတော့ သူတို့ မကြိုးစားချင်တော့ဘူး..။ တကယ်လို့ ငါတို့
တရုတ်တွေကို မလေးတွေနဲ့ တန်းတူ အခွင့်အရေးပေးမှာတောင်မှ ငါကြောက်တယ်......။ ဒါဆိုရင် ငါတို့ တရုတ်တွေ ကြိုးစားချင်စိတ် ရှိတော့မှာ မဟုတ်ဘူးလို့လည်း စဉ်းစားမိတယ်..။ ”

သူ့ဆီက ဒီစကားကြားရပြီး ကျွန်တော် ဆက်စဉ်းစားမိတယ်..။
ကျွန်တော်တို့ြုမန်မာနိုင်ငံသားတွေ ၉၀% လောက်က ပြောနေကျ စကားတစ်ခွန်း ကျွန်တော်ကြားဖူးတယ်။

“ ဟာ...မြန်မာနိုင်ငံမှာ ပညာတတ်တော့ ဘာလုပ်ရမှာလဲ..။ ပညာတတ်တော့ လည်း တတ်တဲ့ ပညာနဲ့ မြန်မာ
နိုင်ငံမှာ ဘာလုပ်စားလို့ ရလို့လဲ ...။”

စကားလေးပါ...။ ကျွန်တော် ဒီစကားကို တစ်ခါမှ မပြောဖူးပါ..။ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း အခု ဒီစာဖတ်နေတဲ့ သူငယ်ချင်းတွေကိုလည်း ဒီစာကိုဖတ်ပြီးတဲ့ နောက် မပြောစေချင်ပါ...။
ဟုတ်ပါပြီ....မြန်မာနိုင်ငံမှာ ပညာနဲ့ ဘယ်လိုလုပ်စားမလဲ ဆိုတဲ့ မေးတဲ့သူတွေကို ကျွန်တော် ပြန်မေးပါရစေ..။ ကိုယ်ကရော ကိုယ်သင်ခဲ့တဲ့ ပညာကို မတကယ်တတ်ရဲ့လား....လို့ပါ..။ ကိုယ်ကိုယ်တိုင် ကရော တကယ်လေ့လာရဲ့လား..။
ဘယ်သူ့ကိုမှ လက်ညှိုးထိုးမနေပါနဲ့..သူငယ်ချင်း..။ တကယ်တော့..ကိုယ်ကိုယ်တိုင်ကိုကမပြည့်ဝ ခဲ့ လို့ပါ..။
ဘယ်သူက ဘာတွေပိတ်ထားလို့ပါ..။
ဘယ်စနစ်ကြီးက မကောင်းလို့..။
ဒီမှာ ဘာအခွင့်အရေးမှ မရှိလို့...။
ဘယ်သူတွေက မတရားလုပ်နေလို့...
ဒီလို ကိုယ်ပြောင်းလဲလို့မရတဲ့ ကိစ္စတွေကိုပြောရင်းနဲ့ အချိန်အကုန် ခံမနေပါနဲ့...။
ကျွန်တော်တို့မှာ ရွေးခြယ်ပြောပိုင်ခွင့် မရှိပါ..။
ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိတာက ဒီလို အခက်အခဲတွေကြားကနေ ဖောက်ထွက်နိုင်ဖို့ပါ..။

စကားပုံ တစ်ခု ရှိသေးတယ်...။

“ အပူ နဲ့ ဖိအား က အဖိုးတန် စိန်တွေကို ဖြစ်လာစေနိုင်တယ်...။ ” တဲ့...။

ဖြစ်ပေါ်နေတဲ့ အခက်အခဲကို ခွန်အား အဖြစ် အသုံးချပြီး ကျော်လွှားဖို့ပဲ ကျွန်တော်ကတော့ ကြိုးစားစေ ချင်တယ်..။ လောကမှာ လူနှစ်မျိုး နှစ်စားရှိပါတယ်..။

၁) အခက်အခဲ နဲ့တွေ့တိုင်း ကြောက်ရွံနောက်ဆုတ်အရှုံးပေး တတ်တဲ့ လူစား
၂) အခက်အခဲ နဲ့တွေ့တိုင်း ယှဉ်ပြိုင်ကျော်လွှား အနိုင်ယူတတ်တဲ့ လူစား

ကဲပါ.....သူငယ်ချင်း....။
ကျွန်တော်တို့ ဒုတိယ အမျိုးအစားထဲမှာ ပါကြရအောင်.....။

တကယ်လို့ တစုံတဦးက ဒီပို့စ်ကို မူရင်းရေးသားသူကိုသိခဲ့ရင် ကျနော့ကိုပြောကြပါဗျာ... ကျနော့ဆီကိုရောက်လာတဲ့ forward mail ကကူးပီး မျှဝေတာမို့လို့ ... မူရင်းရေးသားသူကို ဂုဏ်ပြုချင်လို့ပါ...
အပြည့်အစုံဖတ်ရန်...

အတွေးများနှင့် မိတ်ဖွဲ့ ခြင်း

ခင်မကန်ဆရာတော် ဘုရားကြီးဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီး လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော် တစ်ပါးပါ. တစ်နေ့တော့ ခင်မကန်ဆရာတော်ကြီး ဆီကို ဒကာတစ်ယောက် ရောက်လာပါတယ် . ပြီးတော့ ဆရာတော်ဘုရားကြီးကို ဦးချ၊ ပါလာတဲ့ လှူဖွယ် ၀တ္တုကို ဆက်ပ်လှူဒါန်းပြီးတော့ "ဆရာတော်ဘုရား . . . တပည့်တော်ကို တရားတိုတိုတုတ်တုတ် တစ်ပုဒ်လောက် ဟောပါဘုရားလို့" လျှောက်သတဲ့. .
ဒီတော့ ဆရာတော်ဘုရားကြီးက "တစ်ယောက်တည်း တည့်အောင်နေ" လို့ ဟောလိုက်ပါတယ်. . . . ဆရာတော်က ဟောပြီး ခပ်ဆိတ်ဆိတ်ပဲ ငြိမ်နေလိုက်ပါတယ်. . . . ဒီတော့ ဒကာက "ဆရာတော်ဟောတဲ့ တရားကလည်း တိုလွန်းအားကြီးပါတယ် ဘုရား တစ်ယောက်တည်းနေတဲ့သူဟာ ဘယ်သူနဲ့မတည့်ဘဲနေမှလဲ ဘုရား ၊ ရန်ဖြစ်စရာလူမှ မရှိဘဲဘုရား" လို့ ပြန်လျှောက်ပါတယ်. . .
ဒီအခါကျမှ ဆရာတော်ဘုရားကြီးက "တစ်ယောက်တည်းနေနေပေမယ့် ကိုယ့်သန္တာန်မှာ လောဘ၊ ဒေါသ ၊ ရာဂ၊ ဣသာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ ကိန်းနေ ဖြစ်နေရင် တစ်ယောက်တည်းရန်ဖြစ်နေတာပဲ ဒကာရဲ့ . . ကောင်းတဲ့ ကုသိုလ်တရားတွေကို ပယ်ထားပြိး အကုသိုလ်တရားတွေနဲ့နေနေရင် တစ်ယောက်တည်းနေပေမယ့် သေရင် အပါယ်မုချ ရောက်လိမ့်မယ်. . ." လို့ အကျယ်ထပ်ရှင်းပြတော့မှ ဒကာလည်း သဘောပေါက်သွား ပါတယ်. . . .
အဓိကကတော့ ကိုယ့်သန္တာန်မှာ မကောင်းတဲ့အကုသိုလ်စိတ်တွေ ဖြစ်နေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပဲပေါ့ တစ်ယောက်တည်းဆိုရင် ပျင်းတတ်တယ် ဒါကြောင့်စိတ်ထဲက အဖော်တွေကို ခေါ်လိုက်ပါတယ်. . . ခေါ်ပုံနဲ့ရန်ဖြစ်ပုံက ဒီလိုပါ. .
"ဟိုတစ်နေ့ မိဖြူဆွဲလာတဲ့ ဆွဲကြိုးလေးက သိပ်လှတာပဲ . . ဟင်း လူက ပိန်ညှောင်ညှောင်နဲ့ တစ်စက်မှ မလိုက်ဘူး. . . ငါနဲ့ဆို သိပ်လိုက်မှာ . . . သူ့ယောကျားက ဟိုမှာ ဟိုလိုတွေလုပ်နေတော့ ၀ယ်နိုင်တာပေါ့. . . လကုန်ရင်တော့ ၀ယ်အုံးမယ် အလုပ်အဆင်မပြေလို့ . . တောက် ဟိုကောင်မ ညှက်စိဖြတ်ခုတ်သွားလို့ပေါ့ . ." အဲလိုနဲ့ လောဘနဲ့ ဒေါသကို ခေါ်လိုက်ပြီး အပြင်က အမျိုးသမီးနှစ်ယောက်နဲ့ ရန်ဖြစ်နေပါပြီ. . .
"ဘာလိုလိုနဲ့ ဟိုကောင်မတော် ရာထူးတက်သွားပြီ၊ အလုပ်ဝင်တုန်းက ငါနဲ့ အတူတူ အေးပေါ့လေ သူ့အဖေ က ဘော့စ်နဲ့ သူငယ်ချင်းဆိုတော့ တက်မှာပေါ့ . . ပညာအရည်အချင်းကငါ့လောက်တောင် မရှိဘဲနဲ့ . .ဟင်း. " ဣသာမစ္ဆရိယကို ခေါ်လိုက်ပြီး ရုံးက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ. . .
"တစ်နေ့ က ဟိုအန်တီကြီးကို ဖုန်းဆက်ပြီး ကားအကူအညီလိုလို့တောင်းမိပါတယ်. . . မအားဘူးတဲ့ အဲဒါ ညာပြောတာ. . . ဒီကိစ္စဖေဖေ့ကို တိုင်ရဦးမယ်. . . ဒီတစ်သက် သူ့ဆီဖုန်းမဆက်ဘူး. . သူ့မှာ မာနရှိသလို ငါ့မှာလည်း မာနရှိတာပဲ. . . "
ဒေါသနဲ့မာနကို ခေါ်ပြီး အပြင်က အန်တီကြီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ. . . .
ဒါတွေက တော့ အခန်းထဲမှာ တစ်ယောက်တည်းနေပြီး အကုသိုလ်မျိုးစုံခေါ်ပြီး လူမျိုးစုံနဲ့ ရန်ဖြစ်နေတာပါ. . . အဲဒီအချိန်မှာ ကိုယ်ပဲ စိတ်ဆင်းရဲပြီး ပူလောင်နေရတယ်ဆိုတာ မြင်ဖူးသူတိုင်းသိပါတယ်. . . ဒါကို ကိုယ်က ငါစိတ်ဆင်းရဲအောင် ငါ့စိတ်က ဖန်တီးနေပါလား ဆိုတာ ပထမဆုံးသိလိုက်ရမှာပါ. .. သိမှလည်း ဖယ်ရှားလို့ရမှာပါ. . . စိတ်ကြောင့်ဖြစ်ရတဲ့ အကုသိုလ်စိတ်ကိုလည်း စိတ်နဲ့ ပဲ ပြန်လည်ဖယ်ရှားရမှာပါ. ..
ဒါကြောင့် ကိုယ်က အကုသိုလ်စိတ်ကို ကြိုတင်ကာကွယ်ထားရမှာပါ . တစ်ယောက်တည်းနေတဲ့ အခါမှ အကုသိုလ်စိတ်တွေ ၀င်မလာနိုင်အောင် ကမ္မဌာန်းတစ်ခုခုဖြစ်ဖြစ် ၊ ဂုဏ်တော်ပဲဖြစ်ဖြစ်၊ မေတ္တာပဲဖြစ်ဖြစ်၊ ၀ိပသာနာပဲဖြစ်ဖြစ်. . ကြိုနှလုံးသွင်းထားလိုက်တဲ့ အကျင့်ကို ကျင့်ထားလိုက်ရင် ဘယ်သူနဲ့မှ ရန်မဖြစ်ရတော့ ဘူးပေါ့ .. .

ရဝေနွယ်(အင်းမ) ၊ အတွေးများနှင့်မိတ်ဖွဲ့ခြင်း မှာ ကောက်နှုတ်တင်ပြပါသည်.
အပြည့်အစုံဖတ်ရန်...

အလုပ်ထွက်ခြင်းနှင့် ရာထူးတိုးခြင်း

ကိုကကြီးဟာ ကုမ္ပဏီတခုက အရောင်းဝန်ထမ်းပါ။ ကြိုးစားအားထုတ်တာနဲ့ ပြန်ရတာနဲ့ တိုက်ရိုက်အချိုးမကျဘူးလို့ ခံစားမိနေတဲ့အတွက် အလုပ်မှာ ပိုပြီးလျော့တိလျော့ရဲ နိုင်လာပါတယ်။ ဒီလိုဖြစ်လေ လုပ်ဆောင်မှုနဲ့ချိတ်ဆက်နေတဲ့ လုပ်အားခကလဲ နည်းသထက်နည်းလာပါတော့တယ်။

၃၊၄ လ ဆက်တိုက်မှာမှ အခြေခံလုပ်ခစာလောက်ပဲရှိတဲ့ ဒေါ်လာ ၈၀၀ လောက်ပဲရတာမို့ နောက်ဆုံးမှာ သည်းမခံနိုင်တော့ဘဲ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ကိုခကွေးကို အံတကြိတ်ကြိတ်နဲ့ပြောပါတော့တယ်။ ‘‘ငါ ကုမ္ပဏီကို တော်တော်စိတ်နာလာပြီ၊ ချက်ချင်းပဲအလုပ်ထွက်တော့မယ်ကွာ။’’

ကိုခကွေးက သဘောတူကြောင်းခေါင်းညိတ်ပြီး ‘‘ငါအရမ်းကိုပဲ ထောက်ခံတယ်။ ဒါပေမယ့် မင်းအခုထွက်သွားရင် အမြော်အမြင် မရှိရာ ကျမယ် လို့ ငါထင်တယ်။’’

‘‘ဘာဖြစ်လို့လဲကွ။’’ ကိုကကြီးက သဘောမပေါက်ပဲပြန်မေးတယ်။

‘‘မင်းပဲစဉ်းစားကြည့်ကွာ၊ ငါတို့ ကုမ္ပဏီက ဘာကို အရေးအထားဆုံးလဲ။ ဖောက်သည်လေကွာ။’’ ကိုခကွေးက သုံးသပ်ပြတယ်။ ‘‘အခုမင်းလက်ထဲမှာ (ကိုယ်တိုင်ရှာထားတဲ့) ဖောက်သည်ဆိုလို့ တစ်ယောက်တောင်မရှိဘူး၊ မင်းအခုထွက်သွားရင် ကုမ္ပဏီအတွက် ဘာမှကို ထိခိုက်မှာမဟုတ်ဘူး၊ အဲဒီလိုဖြစ်တာ မင်းဘက်က နစ်နာတယ်လို့မထင်မိဘူးလား။’’

‘‘ဒါဆို ငါဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ။’’ ကိုကကြီးက မေးပါတယ်။

‘‘မင်း ကုမ္ပဏီကို အရမ်းမုန်းတယ်မဟုတ်လား။ အဲဒီတော့ ကြီးကြီးမားမားကို ကလဲ့စားချေပေးရမယ်။’’ ကိုခကွေးက ခြေဟန်လက်ဟန်နဲ့(ဆက်)ပြောတယ်။ ‘‘မင်း ကုမ္ပဏီမှာရှိနေတုန်းအခိုက်ကို အခွင့်ကောင်းယူပြီး ကိုယ့်အတွက် ဖောက်သည်ကြီးတွေ နည်းနည်းလောက်ရအောင် အစွမ်းကုန် ရှာ၊ ကုမ္ပဏီရဲ့တဦးတည်းသော အရေးပါတဲ့လူ ဖြစ်အောင်လုပ်။ ကုမ္ပဏီကို မင်းဟာ သာမန်လောက်ပဲ စွမ်းဆောင်နိုင်တဲ့လူမဟုတ်ဘူးဆိုတာ၊ မင်းမရှိရင်မဖြစ်ဘူးဆိုတာမျိုး ခံစားသွားပလေ့စေ။ ပြီးရင် အဲဒီ ဖောက်သည်တွေကိုအပါခေါ်ပြီး ရုတ်တရက် အလုပ်ထွက်ပစ်လိုက်။ အဲဒီလိုမှသာ ကုမ္ပဏီက ကြီးကျယ်တဲ့ဆုံးရှူံးမှုနဲ့ကြုံပြီး အခြေအနေမလှတဲ့ ခံဘက် အနေအထားနဲ့ရင်ဆိုင်ရမှာ။’’

‘‘ဟုတ်တယ်ဗျာ။’’ ကိုကကြီးက ရုတ်တရက် အသိတရားရသွားပြီး ပြောလိုက်တယ်။ အဲဒီကတည်းကစပြီး ဒီအမြင်ကတ်စရာကောင်းတဲ့ ကုမ္ပဏီကို တစ်ရက်စောပြီး သင်ခန်းစာရသွားအောင် သူဟာ အစွမ်းကုန် အင်တိုက်အားတိုက် ကြိုးစားလာတယ်။ ဆန္ဒရှိရင် ဘာမဆိုဖြစ်လာရတယ်ဆိုတဲ့အတိုင်း၊ လအနည်းငယ်အတွင်းမှာ ကိုကကြီးဟာ ကုမ္ပဏီတခုလုံးမှာ လုပ်ဆောင်မှုအကောင်းဆုံး အရောင်းဝန်ထမ်း ဖြစ်လာပါတယ်။

တစ်ရက်မှာ ဓါတ်လှေကားထဲ တိုက်ဆိုင်လို့ ဆုံမိတဲ့ ကိုကကြီးကို ကိုခကွေးက သတိပေးတယ်။ ‘‘ ကဲအချိန်တန်ပြီ၊ အလုပ်ထွက်မယ်ဆိုရင် အမြန်သာလှုပ်ရှားပေတော့။’’

မထင်မှတ်ထားမိတာက ကိုကကြီးဟာ ခပ်မှေးမှေးလေး ပြုံးရင်းနဲ့ ‘‘ပြီးခဲ့တဲ့ ၃၊၄ ရက်လောက်ကပဲ ဒါရိုက်တာချုပ်က ငါ့ကိုပြောတယ်၊ မကြာခင်ကာလထဲမှာပဲ ငါ့ကို အရောင်းဌာနရဲ့ မန်နေဂျာရာထူးကို တိုးပေးဖို့ပြင်ဆင်ထားပြီးပြီတဲ့။ ရှေ့ရေးဒီလောက်ကောင်းနေတာကို ထောက်ပြီး ငါ လောလောဆယ် အလုပ်ထွက်ဖို့ မပြင်သေးပါဘူးကွာ။’’

သဘောတရား။ ။ ကြိုးစားမှုနဲ့ ရလဒ်ဆိုတာ တိုက်ရိုက်အချိုးကျပါတယ်။ တခါတလေ ရလဒ်ဟာ ချက်ချင်းလက်ငင်းပေါ် မလာတတ်ပေမယ့် အလုပ်ထဲမှာ များများသာပေးဆပ်ပါ၊ အလုပ်ရှင်က ကိုယ့်ရဲ့စွမ်းရည်နဲ့ လိုက်ဖက်မယ့် ရာထူးကို အနှေးနဲ့အမြန် သတိပြုမိလာပါလိမ့်မယ်။ အဲဒီတော့မှ ကိုယ့်အတွက် ပိုမိုများပြားတဲ့ အကျိုးတရားတွေကို ဖန်တီးဖို့ ပိုကြီးကျယ်တဲ့ အခြေခံအုတ်မြစ်ကို ရပါလိမ့်မယ်။

-------------------------------------------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ SMALL STORY, BIG PRINCIPLE လို့ နာမည်ပေးထားတဲ့ 小故事,大道理 စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 辞职与升职 ဆိုတာပဲဖြစ်ပါတယ်။


ဦးမောင်
umaungtranslation.blogspot.com
၂၇.၁၂.၂၀၀၉ ည ၁၁း၃၇
အပြည့်အစုံဖတ်ရန်...

စိုးရိမ်တယ်ဆိုတာ

လူရယ်လို့ဖြစ်လာရင် စိုးရိမ်စိတ် မရှိတဲ့သူဆိုတာ မရှိသလောက်ပါဘဲ။ စိုးရိမ်သောက မဖြစ်ဘူးတဲ့သူဆိုလို့ ကျွန်မ တစ်ခါမှမတွေ့ ဖူးသေးဘူး။ ကျွန်မတို့မိန်းကလေးတွေဟာလည်း တော်တော်များများ ကိစ္စတွေမှာ စိတ်ပူတတ်ကြတယ်။ မိန်းကလေးတွေမှ မ ဟုတ်ပါဘူး။ မိန်းက လေး တွေထက် စိတ်ပူတတ်လွန်းတဲ့ ယောကျာင်္းလေးတွေလည်း ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ တွေ့ဘူးတယ်။ ယောကျာင်္း လေးတွေ စိတ်ပူ လွန်း ရင်တော့ ဘေးကကြည့်ရသူက စိတ်မသက်မသာ ပိုဖြစ်ရတယ်နော်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စ၊ မိသားစု ကိစ္စ၊ ကျောင်းကိစ္စ၊ ချစ်သူနဲ့ပတ်သက်တဲ့ကိစ္စ.. အို..စိုးရိမ်စိတ်တွေနဲ့ ပူပန်နေမိကြတာ။ အချင်း ချင်း တွေ့ရင်လည်း ” နင်.. ဒီလောက်ကိစ္စများ ပူမနေနဲ့။ အချိန်တန် အဆင်ပြေသွားမယ် ” လို့သာ ကိုယ်က အားပေး လိုက်ရတာ။ ကိုယ်သာ သူ့နေရာ ဆို သူ့ထက်တောင် ပိုစိတ်ပူ နေဦးမလားမသိ။ တချို့တွေကြတော့လည်း သူတို့ အားပေးသံလေးများရလို့ စိတ်ပူ သက်သာ ရမ လားမှတ်တယ် ” နင် စိတ်ပူမယ်ဆိုရင်လည်း ပူသင့်တယ်” ဆိုတာမျိုးနဲ့ အရောက်ပို့ပေးကြတယ်။

ကျွန်မကိုယ်တိုင်လည်း တကယ် စိတ်ပူလွန်းတဲ့သူ ဖြစ်ခဲ့ဘူးတယ်။ ဥပမာ.. မွေးနေ့ပွဲ တစ်ခုသွားဖို့။ ခရီး တစ်ခုထွက်ဘို့။ ဒါမှမဟုတ် အလုပ်ခွင်မှာ နိုင်ငံခြားသား ဧည့်သည်တွေလာတော့မယ် ဆိုတာမျိုး ဆိုရင် မွေးနေ့ပွဲတွေ.. ခရီးတွေ.. ဧည့်သည်တွေကဘယ်နေမှန်း မသိသေးဘူး။ ကျွန်မစိုးရိမ် စိတ်တွေက လွန်ကဲနေပြီ။ ဘယ်ကိစ္စမဆို မလုပ်ရင်အရှင်း၊ လုပ်ရင် သပ်သပ်ရပ်ရပ်နဲ့ ပီပီပြင်ပြင်လုပ်ချင်တဲ့ စိတ်ကြောင့် စိုးရိမ်ပူပန်စိတ်တွေရဲ့ ဖိစီး မှုတွေနဲ့ မကြာခဏ နှစ်ပါးသွားရတယ်။

မွေးနေ့ပွဲဆိုလည်း ငါဘာလေး လက်ဆောင်ပေးရင်ကောင်းမလည်း။ ဘယ်လိုသွားရမလည်း။ ဘာဝတ်သွားရင် တင့်တယ် မလည်း။ မနက်ဖြန် မွေးနေ့ပွဲ မြန်မြန်ရောက်ဖို့ ဒီညစောစော အိပ်မှနဲ့ပေါ့.. နဲ့ ပူပန်နေမိတာ။ ခရီးထွက် မယ်ဆိုရင်လည်း လိုအပ်မယ့် ပစ္စည်း စာရင်းတွေမှတ်၊ ၀ယ်ရမှာတွေ၊ ယူသွားရမှာတွေ အသေးစိတ်ပြင်ဆင်နဲ့.. ကျွန်မရုံးက ညီမလေးတစ် ယောက်ရဲ့ စကားယူ သုံးရရင် စိုးရိမ်စိတ်တွေက ယန္တယားခတ်နေပြီ။ နိုင်ငံခြား ဧည့်သည် အလုပ်ကိုလာမယ်ဆိုလည်း စိုး ရိမ်စိတ်တွေနဲ့ ထောင့်စေ့အောင် ပြင်ဆင် နေမိပြီ။ ဒါတွေကို ကြိုတင်ပြင်ဆင်တယ်လို့ ယူဆလို့ရပေမယ့် တကယ်က ပူပန် စိတ်တွေက ပိုကြီးစိုးနေတာ။

တကယ်တော့ စိတ်ပူတာဟာ ဘာမှ သုံးလို့မရတာထက် ပိုဆိုးတယ်။ စိတ်ပူတော့ ပထမက ဘာများဖြစ်မလည်း၊ ဟုတ်ပါ့မလား။ မရ တော့ဘူးထင် တယ် စတဲ့ အနှုတ်လက္ခဏာ ပြနေတာတွေကိုဘဲ စဉ်းစားနေမိတယ်။ ဒုတိယက အဲ့လိုစဉ်းစားနေမိတော့ ကျန်းမာရေး အတွက်မကောင်းတော့ဘူး ပေါ့။ စိတ်ပူတော့ စိတ်လှုပ်ရှားမယ်၊ နှလုံးခုန်တွေတက်လာမယ်။ ညဘက်တွေ တောင်စဉ် ရေမရတွေးပြီး အိပ်မပျော်နိုင်တော့ မနက်ဆို မူးဝေပြီး စိတ် တွေက မကြည်လင်တော့ဘူး။ စိတ်ပူလွန်းတာဟာ အရွယ်ကို မြန်မြန်အိုစေတယ်။ ဆံပင် တွေကို အချိန်မတိုင်မှီ ဖြူစေတယ်။ တတိယက စိုးရိမ်စိတ် ကြောင့် မိမိကိုယ်ကို ယုံကြည်မှုလည်း အနည်းနဲ့ အများလျှော့သွားနိုင်တယ်။

ဒါဆိုရင် စိတ်ပူစရာတွေကို ဘာလုပ်သင့်သလည်း။ ဟုတ်ပြီ..ကျွန်မတို့ စိတ်ပူစရာတွေကို ရက်ရွှေ့လိုက်ကြရအောင်။ ပထမဦးဆုံး လုပ် စရာရှိတာတွေကို အရင်လုပ်။ ပြီးရင် စိတ်ပူစရာတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်ကြရအောင်။ ဒါဟာ ဘ၀မှာ အကျိုး ရှိ အောင် နေတတ်တဲ့သူတွေရဲ့ နည်းပဲတဲ့။ စိတ်ပူချင်လာပြီ ဆိုရင် ပထမဦးဆုံး ကိုယ့်ဟာကိုယ် အရင်မေးခွန်းထုတ် ကြည့် လိုက်..။

” အခု စက္ကန့်ပိုင်းမှာအရေးကြီးတဲ့ ပြဿနာကဘာလည်း ”

အဲ့ဒါဆို ဘာကိုတွေ့ရမလည်း သိလား ၊ အသက်ကိုခြိမ်းခြောက်နေတဲ့ အခြေအနေမျိုးကလွဲလို့ ကိုယ့်မှာ ဘာပြဿနာမှ မရှိတော့ဘူး ဆိုတာတွေ့ လာရလိမ့်မယ်။ ဟုတ်ပါတယ်။ ဒုက္ခ သုက္ခတွေ ဖြစ်တတ်ပါတယ်။ နေထိုင်မကောင်း ဖျားနာတာလည်းဖြစ်နိုင်တာဘဲ။ ငွေကြေး အခက်အခဲလည်း ကြုံ တွေ့ နိုင်တာဘဲ။ ဒါ.. ကျွန်မတို့ လူသားတွေ မလွှဲမသွေ ရင်ဆိုင်နေရတာတွေဘဲလေ။ ရှောင်လွှဲလို့မှ မရတာနော်။ ဒါပေမယ့် ဒီအခက် အခဲတွေကြားမှာ တုန်လှုပ် ခြောက်ခြားနေတဲ့ ယုန်တစ်ကောင်လို ဖြစ်နေဖို့ အကြောင်းမရှိဘူး။

အခက်အခဲဆိုတာတွေက မဖြစ်ခင်ကသာ စိုးရိမ်ကြောင့်ကြ ပူပန်နေရတာ။ နင်လားငါလား တကယ် ထိပ်တိုက်တွေ့ကြုံလာရင် လူရဲ့ သဘာဝအရ အလိုလိုကို ရှောင်လွှဲမရဘဲ အချိန်ပိုင်းလေး အတွင်းမှာဘဲ တစ်ခုပြီးတစ်ခု ဖြေရှင်းမိလျှက်သား ဖြစ်သွားရတာပဲ။ ပြီးမှ သြော်..တော်သေးလို့။ ငါ့မှာဖြင့် ပူလိုက်ရတာ။ အဆင်ပြေသွားသားဘဲ..နဲ့ ကိုယ့်ဟာကို ဒီစိတ်ပူနေတာကြီးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်လိုက်တာ မသိဘဲ ဖြစ်နေတတ်တယ်။ တကယ်တော့ ရှေ့ဘာဖြစ်မလည်းဆိုပြီး ကိုယ့်စိတ်ကကြိုတင်တွေးပြီး ပူနေတာကသာ ကိုယ့်ကို ဒုက္ခပေးတာပါ။ ဒီတော့ ကျွန်မတို့ ပစ္စုပ္ပန် မှာဘဲ နေကြရအောင်။ ဒီနေ့အတွက် ကိုယ်လုပ်နိုင်တာတွေကို လုပ်ကြမယ်။ ပူပင်စရာတွေ ခေါင်းထဲက ထုတ်ပစ်လိုက်ကြမယ်။

ကျွန်မလည်း စိတ်တွေ ပူတတ်ခဲ့တယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ ကိုယ့်ကိုယ်ကို ဒီနေ့ အထိ အသက်ရှင်နေ လို့မရတဲ့ အဖြစ်အပျက်မျိုးရှိခဲ့လား..? ဟင့်အင်း .. မရှိခဲ့ပါဘူး။ မသိလိုက်ဘဲနဲ့သာ ပူပန်နေသမျှ ကိစ္စတွေက ဖြေရှင်းနိုင်မိ လျှက်သား ဖြစ်နေ တာလေ။ ဒီတော့ အခုအချိန်မှာ တစ်ယောက်ယောက်ကသာ မြသွေးနီ စိတ်မပူတတ်ဘူးလားလို့ ကျွန်မကို မေးလာကြည့်။

” စိတ်ပူချင်တာပေါ့..။ ဒါပေမယ့် စိတ်ပူစရာကို ထပ်ကိုမကြုံသေးတာ ” လို့ ခေါင်းမော့ပြီး ကို ဖြေပစ်လိုက်ဦးမှာ။

Andrew Matthews ရဲ့ Follow Your Heart မှ စာတစ်ပုဒ်ကို ဖတ်ပြီး မြသွေးနီ ဖြည့်စွက်ရေးသည်။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ
အပြည့်အစုံဖတ်ရန်...

မြန်မာနိုင်ငံသားများနိုင်ငံကြီးသားပီသစေလို

စင်ကာပူနိုင်ငံသည် စင်စစ်အားဖြင့် အကြောင်းကြောင်းကြောင့် ပြည်ပသို့ ထွက်ခွာကာ အလုပ်လုပ်၊ ပညာသင်ကြားနေကြသူ မြန်မာများ အများဆုံးရောက်ရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဒေသတွင်းတွင်ရော၊ ကမ္ဘာပေါ်တွင်ပါ ထိပ်တန်းနေရာတွင်ရှိနေသောကြောင့် စင်ကာပူအစိုးရကရော၊ စင်ကာပူနိုင်ငံသားများကပါ မြန်မာများအပါအ၀င်၊ အနောက်နိုင်ငံမှမဟုတ်သော နိုင်ငံခြားသားများကို အတန်ငယ်အထင်သေးအမြင်သေးဆက်ဆံကြလင့်ကစား တရားဥပဒေစိုးမိုးမှုအရှိဆုံး၊ လုံခြုံစိတ်ချရမှုအရှိဆုံး နိုင်ငံတစ်ခုဖြစ်နေသည်။
စင်ကာပူတွင် လာဘ်ပေးလာဘ်ယူမှုများဖြင့် မြန်မာနိုင်ငံသားများကိုရော၊ တခြားနိုင်ငံသားများကိုပါ တဘက်သက်ဖိနှိပ်မှုမရှိ။ ရဲကိုလာဘ်ပေး၍ ဥပဒေကို လက်တလုံးခြားကျူးလွန်၍မရ။ ပြောရလျှင် ဒေသတွင်းရှိ မြန်မာလုပ်သားများ အများဆုံးရောက်ရှိနေသော ထိုင်းနှင့် မလေးရှားတို့ ထက်စာရင် အပုံကြီးသာသည်။
မည်သည့်နိုင်ငံမှ မိမိနိုင်ငံသားများထက် အခြားနိုင်ငံသားများကို အခွင့်အရေးပိုပေးမထားပါ။တန်းတူရည်တူရှိဖို့ လည်းမလွယ်။တရုတ်
အများစုရှိနေသောစင်ကာပူတွင် တရုတ်အများစုတွင်ရှိသည့် အခြေခံစိတ်ရင်၊စိတ်ဓါတ်တော့ရှိကြသည်။ထိုအချက်သည်လည်း စင်ကာပူဧ။်အားကောင်း
သော ပညာရေးစနစ်ကြောင့် အတော်ကြီးပြောင်းသွားခဲ့ပေပြီ။ ပြည်မကြီးတရုတ်တွေထက်တော့ အမြင်ပိုကျယ်ကြသည်။ သို့ သော် မည်သူမျှ အလုံးစုံ
ပြီးပြည့်စုံမှုမရှိသော လောကသဘောအရ သူတို့ တတွေတွင်လည်း အားနည်းချက်များရှိကြသည်။စင်ကာပူတွင်အနေကြာလာသော မြန်မာနိုင်ငံသား
အများစုထံတွင် စင်ကာပူအစိုးရပေါ်လစီအချို့ နှင့် စင်ကာပူနိုင်ငံသားများဧ။် အပေါ်စီးဆန်ခြင်း၊ အနောက်တိုင်းသားမှ အထင်ကြီးခြင်း၊ သူတို့ တွင်ရှိသော
အရည်အချင်းများထက်ပိုတွက်ထားခြင်း၊ ရုပ်ပစ္စည်းများကြွယ်ဝမှု ဦးစားပေးလွန်းခြင်း၊ ပုံစံခွက်ထဲက စက်ရုပ်များ၊ စစ်တုရင်ခုံပေါ်မှ နယ်ရုပ်ကလေးများ
ကဲ့သို့  ခံစားချက် နည်းပါးခြင်းကို မနှစ်မြိုကြ။ထိုအတွက် မကြာခဏဆိုသလို အချင်းချင်းအကြား မျှဝေခံစားမှုများ၊ ဝေဖန်ထိုးနှက်မှုများ၊ အဆိုးမြင်
ပြောဆိုမှုများကြားနေရသည်။ သို့ သော် အဆိုးချည်း၊ အကောင်းချည်း ဘယ်နေရာမှရှိမနေသော လောကသဘာဝအရ လောလောဆယ် အလုပ်အကိုင်၊အခွင့်အလမ်းနှင့် ၀င်ငွေအသင့်အတင့်ကောင်းမွန်ခြင်း၊ လုံခြုံစိတ်ချရခြင်း၊ ပညာသင်ခွင့်များပြားခြင်း၊ ခေတ်မီမီ လူနေမှု အဆင့်မြင့်မြင့်နေရခြင်း၊ မြန်မာဦးရေ များပြားလာသောကြောင့် ရေခြားမြေခြားခံစားမှု အလွန်ကြီးမရှိခြင်းစသော အားသာချက်များကို အမှီပြု၍နေထိုင်ကြဆဲရှိကြသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင်နေထိုင်ကြသူများသည် မိမိနေထိုင်ရာဒေသအပေါ်တွင် မိမိတို့ ဖြစ်ချင်၊ လိုချင်၊ ရချင်သည့်စံနှုန်းများဖြင့်
တိုင်းတာလေ့ရှိကြသည်။အဆိုးနှင့် အကောင်းအမြင်နှစ်မျိုးရှိတတ်ကြသည်။သေချာသည်မှာအဆိုးကိုချည်းပြောသူနှင့် သေချာသည်မှာ
အဆိုးကိုချည်းပြောသူနှင့်အကောင်းသက်သက်ညွှန်းဆိုကြသူအားလုံး လက်ရှိနေရာဌာနအသီးသီးတွင် မိမိတို့ အတွက်ကောင်းသော အားသာချက်
များကိုရှာကာ ဘ၀တိုးတက်ရေး၊ မိသားစုဘ၀မြင့်မားရေး၊ ပတ်ဝန်းကျင်၊ လူ့ အဖွဲ့ အစည်းအကျိုးထမ်းဆောင်ရေးအတွက် အလုပ်လုပ်နေကြသည်ဟု
ဆိုနိုင်သည်။စင်ကာပူတွင်လည်း ထိုအတိုင်းပင်။ စင်ကာပူရောက် မြန်မာနိုင်ငံသားများတချို့ စင်ကာပူဧ။် အားနည်းချက်၊ အဆိုးများအကြောင်း မည်မျှ
ပြောဆိုနေကာမူ မိမိတို့ မူလလာသောနေရာထက် လောလောဆယ် အားသာချက်များ ရှိနေသေးသည်ဟု ယူဆ၍သာ ဆက်လက်နေထိုင် အလုပ်
လုပ်ကိုင်နေကြခြင်းဖြစ်သည်။
မကြာခဏဆိုသလို အွန်လိုင်းစာမျက်နှာများတွင် စင်ကာပူရှိ မြန်မာအချို့ ဧ။် ညည်းညူသံများကြားနေရသော်လည်း သည့်ထက်ဖိအား
များသောနေရာမှ လာသူများဖြစ်သည့်အပြင် မိမိတို့ ထက်အခြေအနေဆိုးသော ထိုင်း၊ မလေးရှားနိုင်ငံတို့ မှ သနားစရာ၊ အဖိနှိပ်၊ အနိုင်ကျင့်ခံ မြန်မာ
လုပ်သားများနှင့် နှိုင်းယှဉ်ကြည့်ကြဖို့ လိုသည်။ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် တရားဝင်အလုပ်လုပ်ကိုင်ရန် သွားရောက်သူမြန်မာများပင်လျှင်
ထိုင်း၊ မလေးရဲများဧ။် အောက်တန်းကျကျ ဖိနှိပ်မှုကြောင့် ဒုက္ခရောက်ရသူများဧ။်အကြောင်းများ မကြာခဏဆိုသလို ကြားနေရသည်။ဤကဲ့သို့ 
အခြေအနေများနှင့် ယှဉ်ရင် စင်ကာပူရောက်မြန်မာများအဖို့ မျက်မှောက်ကြုံတွေ့ နေရသော ပြသာနာအခက်အခဲများကို အကောင်းဆုံးနည်းဖြင့်
ဖြေရှင်းနိုင်ကြမည်ဟု မျှော်လင့်သည်။
ပညာရပ်ဝန်းတွင်နေကြသူမြန်မာနိုင်ငံသားများ စင်ကာပူအပါအ၀င် အခြားနိုင်ငံသားများထက်ခေါင်းတလုံးမြင့်နေမှ တော်ကာကျမည်။
အလုပ်ခွင်အတွင်းရှိနေကြသော နိုင်ငံသားများသည်လည်း ထိုအတိုင်းပင်။ လုပ်ငန်းခွင် အကြီးအကဲ၊ လုပ်ဖော်ကိုင်ဖက်များ၏အမြင်တွင် ယဉ်ကျေးသော၊ သဘောထားကြီးသော၊ ရင့်ကျက်သော၊ တာဝန်ယူ၊ တာဝန်ခံရဲတဲ့ စိတ်ရှိသော၊ ရိုးသားဖြောင့်မတ်သော၊ လေးစားအပ်သော မြန်မာ
နိုင်ငံသားများ အဖြစ်ရှိစေချင်သည်။ ထိုသို့ ဆိုရင် သူတို့ တတွေ အထင်အမြင်သေး၍မရဟု မြင်ပါသည်။ အထင်အမြင်သေးသူ၊ ခွဲခြားဆက်ဆံသူများ
တဖက်တည်းမှမကြည့်ဘဲ တခြားတဖက်တွင်လည်း ထိုကဲ့သို့  အကြည့်ခံ၊ အထင်ခံလောက်သည့် အခြေအနေများ ရှိမနေဖို့ လိုပါသည်။
ကြီးပြင်းကျင်လည်ခဲ့ရသော ခေတ်စနစ် ပတ်ဝန်းကျင်များ၏ ရိုက်ခက်မှုကြောင့်လက်ရှိကြုံတွေ့ နေရသော အခက်အခဲ၊ ပြဿနာများ
နှင့် ပတ်သက်၍ ကိုယ်ကလွဲ၍ ကျန်အခြေအနေအားလုံးအပေါ် အပြစ်မြင်သော ရှုထောင့်မှသာ အကဲဖြတ်လေ့ရှိကြသည်။ ကိုယ်ကိုတိုင်တွင်လည်း
အားနည်းချက်၊ ချို့ ယွင်းချက်များ ရှိနေနိုင်သည်ကို သတိပြုမိသူနည်းလှ၏။ ဘယ်အခြေအနေ၊ ဘယ်လိုနေရာမျိုးတွင်မဆို အဆိုးချည်း၊ အကောင်း
ချည်းရှိမနေတတ်။ အကောင်းနှင့်အဆိုး တွဲနေသည်မှာ လောကသဘာဝပင်ဖြစ်သည်။အကောင်းကိုသာယူ၍ အဆိုးကိုမလိုချင်၍မရ။ အကောင်းများ
ခံစားပြီးရင်တော့ ကြုံလာမည့်အဆိုးအချို့ ကိုလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်လွှားနိုင်ရပေမည်။
အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံသားများဆိုပါက အထင်သေး၍မရဟူသော မှတ်ချက်မျိုးထွက်လာစေရန် ကျွန်တော်တို့ ထံတွင်
အရည်အချင်းများရှိနေဖို့ လိုပါသည်။ နိုင်ငံကြီးသားများနှင့် လျော်ညီစွာပြုမူ၊ နေထိုင်၊ ပြောဆို လုပ်ကိုင်ကြဖို့ လိုပါသည်။ သက်ဆိုင်ရာအလုပ်ခွင်များ
က အသီးသီးသတ်မှတ်ထားသော စံများနှင့် ကိုက်ညီဖို့ လိုသည်။သို့ မဟုတ်ပါဘဲ ကြက်ခေါင်းဆိတ်မခံဖြစ်နေကြရင် ပဋိပက္ခအသွင်ဆောင်သွားပြီး
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားနိုင်သည်။ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ နိုင်ငံအတွက်ပို၍တာဝန်ကြီးသည်။
အကြောင်းက ဘယ်နိုင်ငံရောက်ရောက်၊ ရောက်သည့်နိုင်ငံ၊ တွေ့ သည့်လူမျိုးက မိမိအပေါ် မိမိနာမည်နှင့် မိမိတစ်ဦးတည်းကိုသာကြည့်မည်မဟုတ်။
နိုင်ငံသားနှင့် နိုင်ငံကိုတွဲ၍ကြည့်သည်။ကျွန်တော်တို့ တော်လျှင် မြန်မာတွေတော်သည်။ ကျွန်တော်တို့ ညံ့လျှင် မြန်မာတွေညံ့သည်။ ကျွန်တော်တို့ 
စည်းကမ်းရှိလျှင် မြန်မာတွေ စည်းကမ်းရှိသည်။ကျွန်တော်တို့  ပရမ်းပတာနေရင်၊ စည်းကမ်းမရှိရင် မြန်မာတွေ စည်းကမ်းမဲ့သည်စသဖြင့် ကျွန်တော်
တို့ နောက်တွင် ကျွန်တော်တို့ နိုင်ငံနှင့်နိုင်ငံသားအားလုံး၏ပုံရိပ်က ထပ်ကြပ်မကွာလိုက်နေသည်။
ထို့ ကြောင့် မြန်မာအများဆုံး ဆုံဆည်းရာ ပင်နဆူလာစည်းကမ်းမဲ့သူများ၊ မင်းမဲ့ဆန်ဆန်ပြုမှုဆောင်ရွက်ချက်များ၊ မျဉ်းကျားမှမကူး၍
ဖမ်းဆီးဒဏ်ရိုက်ခံရသူများ၊ ပတ်ဝန်းကျင်ကိုအလေးမထား ဟောင်ဖွာဖွာ စွာကျယ်ကျယ်မိုဘိုင်းဖုံးပြောသူများနှင့် MRT အပေါ်တွင် လူထိုင်စရာနေရာ
များရှိပါလျက်နှင့် စင်ကာပူသားရော အခြားနိုင်ငံသားများပါလုံးဝမလုပ်သည့် အများသူငှာခြေနင်းဖက်တွင် ပြေပစ်လက်ပစ်ထိုင်ကာတောင်စဉ်ရေမရ၊
အရည်မရ အဖတ်မရစကားများပြောဆိုခြင်း၊ (ဒီနေရာမှာပြောချင်တာက စင်ကာပူနိုင်ငံသားများလည်း ထိုင်ကြပါတယ်။စာရေးသူက မကြုံဖြစ်လို့ 
မမြင်ခဲ့တာဖြစ်နိုင်ပါတယ်။ဒါပေမယ့် သူတို့  ထိုင်တိုင်း မထိုင်သင့်ပါဘူးဒီလုပ်ရပ်ဟာ သိက္ခာကျစေပါတယ်။ နိုင်ငံကိုချစ်ရင် နိုင်ငံကိုလေးစားရင်
ရှောင်သင့်ပါတယ်။ ကောင်းကင်ပြာ )၊ ခေတ်မှီလှသော အနောက်နိုင်ငံသူများ၊ စင်ကာပူသူများကိုအတုယူ၍ လျှပ်ပေါ်လော်ရီသောအ၀တ်အစား
များဝတ်ဆင်ခြင်း၊ ဘီယာသောက်ခြင်း၊ဆေးလိပ်သောက်ခြင်းများမှာ မြင့်မြတ်ယဉ်ကျေးသောမြန်မာမိန်းခလေးများ၏ဂုဏ်သိက္ခာကို ကျဆင်းစေပါသည်။(မူလစာမှာဒီအတိုင်းမဟုတ်ပါ၊ ကောင်းကင်ပြာ(ချစ်သူလေး) ဖြည့်စွက်ထားသည်။)စသည်များကို လက်တွေ့ မြင်ရ၊ကြားရသော
အခါစိတ်မကောင်းဖြစ်မိသည်။တလွဲဆံပင်ကောင်းနေသူများကိုသနားစိတ်ဝင်မိသည်။နောက်တဆင့်တက်၍ သူများနိုင်ငံတွင် ကျွန်တော်တို့ ကိုယ်စား
ပြုနေသောနိုင်ငံ၏ဂုဏ်သိက္ခာကျအောင်ပြုလုပ်ရကောင်းလားဟု ဒေါမနုဿဖြစ်မိသည်။ဤစရိုက်အတွေးအခေါ်၊ အပြုအမူများကိုမပြင်နိုင်သေးသရွေ့ 
ကျွန်တော်တို့ ဘယ်နေရာရောက်ရောက်၊ဘယ်နိုင်ငံရောက်ရောက် အထင်အမြင်သေးခံနေရပေအုံးမည်။
ကျွန်တော်တို့ တတွေ တပါးနိုင်ငံတွင် အထင်အမြင်သေးခံနေရခြင်းသည် ကျွန်တော်တို့ တဦးချင်းအပါအ၀င်ကျွန်တော်တို့ တတွေကို
ဤသို့ ဖြစ်လာစေရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သြဇာသက်ရောက်မှုရှိသည့် ကျွန်တော်တို့ ပတ်ဝန်းကျင်
အားလုံးနှင့် ဆိုင်သည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်နှင့် တိုင်းနိုင်ငံ အဖွဲ့ အစည်းတစ်ခုလုံး ပြုပြင်ပြောင်းလဲဖို့ ဆိုရင် ကျွန်တော်တို့ ဗွေဆော်ဦး လုပ်ရမည်မှာကျွန်တော်တို့ တဦးချင်းစီတွင်နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ညီညွတ်နေဖို့ ပင်ဖြစ်သည်။အပြစ်တင် အပြစ်ပြောခြင်းသည်မကောင်း။
ထိုကြောင့် မည်သူကိုမှ အပြစ်မတင်ပဲ ကိုယ်လုပ်နိုင်သည့်နေရာမှ စလုပ်ကြဖို့ ဆော်သြလိုရင် ကိုယ်တိုင်ရော အပြစ်မတင်သူ၊ နိုင်ငံကြီးသား ပီသရန်
လိုနေသည် မဟုတ်ပါလော။ ။


ကျော်ဗဟိန်း

( စာရေးသူ ကျော်ဗဟိန်း၏The Voice (01-02-2010) တွင်ပါဝင်သောဆောင်းပါးအား ကောင်းကင်ပြာ(ချစ်သူလေး)အနည်းငယ်ပြင်ဆင်၍ ကိုယ်တိုင် ရိုက်နှိပ်၍ ကူးယူဖော်ပြပါသည်။ )
အပြည့်အစုံဖတ်ရန်...

ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ

ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ

(If you want to get ahead in life, go an extra mile) ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတာက သူများထက်သာချင်လျှင်သူများထက်ပိုပြီးအလုပ်လုပ်ပါ။ ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတတ်ဘူး။ လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့စိတ် ထားရှိကြတယ်။ တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရခိုးကြခိုကြတယ်။အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ ဖူးပါလိမ့်မယ်။ မိုင်ပိုသွားတဲ့လူ ရှားပါတယ်။ ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက်နည်းနည်းလာပြီး ရှေ့ ဆုံးကို ရောက်သွားကြတာပါ။ ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ရှိသူတွေ ရတက်တ အကျိုးထူးတွေရှိပါတယ်။

(က) သင်ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက သင်လိုလူကို တန်ဖိုးထားကြတယ်။

(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှူကို တိုးတက်စေတယ်။

(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ခြင်လာမယ်။

(ဃ) လူတွေရဲ့  ယုံကြည်မှုကိုရလာမယ်။

(င) အထက်လူကြီးတွေရဲ့  အထင်ကြီးလေးစားခြင်းကို ရလာမယ်။

(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေများလာမယ်။

(ဆ) ကူညီလိုသူတွေ ပေါလာမယ်။

ကိုယ့်အသိနဲ့ ကိုယ် မိုင်ပိုလျှောက်နေသူ၊ ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက် ကြိုးစားပမ်းစားအလုပ်လုပ်နေသူ၊ အချိန်မှန်အလုပ်လာတက်သူ၊ သူတစ်ပါးကို ထောက်ထားညှာတာသူ၊ ပြောတာကို သေသေချာချာနားထောင်ပြီး အတိအကျ အကောင်အထည်ဖော်ပေးသူ၊ မုသားမပြောတက်သူ၊ အရေးကြီးလျှင် လက်မရှောင်ဘဲ အချိန်မရွေး အလုပ်လုပ်ပေးသူ၊ ပင်ပန်းမှုကို မမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊ ပင်ပန်းတဲ့ကြားက စကားချိုသာပြုံးရွှင်စွာ ယဉ်ကျေးသူ၊ ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။ အတွေ့ အကြုံတွေ၊ ဘွဲ့ ဒီဂရီတွေဟာ အထက်ပါအရည်အချင်းတွေလောက် အရေးမကြီးပါဘူး။

value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု ဒီနေ့ ခေတ်မှာခေတ်စားပါတယ်။ (စေတနာ အပိုဆောင်းထားသော)လို့  ကျွန်တော်က ဆိုချင်ပါတယ်။ မိဘအတွက်၊ သားသမီးအတွက်၊ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊ ဆရာအတွက်၊ တပည့်အတွက်၊ ဖောက်သည်တွေအတွက်၊ စသဖြင့် ဘယ်သူ့ အတွက် ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ စေတနာအပိုဆောင်းပြီး ကောင်းကောင်းလုပ်ပေးတဲ့ အကျင့်ကို မွေးမြူထားရပါမယ်။ ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။

"ထို့ နောက် ထို့ ထက်ပို၍ (and then some mores)" ဆိုတဲ့ စကားစုလေးဟာ အောင်မြင်မှုတံခါးကိုဖွင့်နိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပါတယ်။ အောင်မြင်သူတွေအားလုံးဟာ လုပ်သင့်တာကို အကုန်လုပ်ခဲ့တယ်။ ထို့ နောက် ထို့ ထက်ပို၍ လုပ်ပေးခဲ့တယ်။ အောင်မြင်သူအားလုံးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်။ ထို့ နောက်ထို့ ထက်ပို၍ တာဝန်ထမ်းခဲ့သည်။ အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ့ ပြီး ရက်ရောပြသည်။ ထို့ နောက်ထို့ ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။ ထို့ နောက်ထို့ ထက်ပို၍ .....။ အောင်မြင်သူများသည် ရာနှုန်းပြည့်အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။ ထို့ နောက် ထို့ ထက်ပို၍.....။.....။ ထို့ နောက်ထို့ ထက်ပို၍။ .....။

အင်မတန်ညဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ ဒီဂရီတွေနဲ့ လူတချို့ အဘယ်ကြောင့် အလယ်အလတ်ဘဝမှာ လမ်းဆုံးနေရပါသလဲ။ အဆိုးမြင် နဲ့  ခွန်အားကို လျှော့သုံးပြီး အားလုံးကို စိတ်ပျက်အောင်ပြောတတ်လုပ်တတ် နမူနာပြတတ်တဲ့ ပညာရှင်ကြီးတွေဖြစ်သွားလို့ ပါပဲ။ လခနဲ့ တန်ရုံပဲလုပ်မယ် ငါ့ပညာနဲ့ တန်အောင်ပေးမထားလို့  ပညာကုန်သုံးမလုပ်နိုင်ဘူး၊ သင့်ရုံလုပ်တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။ သူတို့ ဘဝလည်းသင့်ရုံပဲ တိုးတက်တာ ဘာမှမဆန်းပါဘူး။ ကိုယ်ရတာထက် ပိုလုပ်ပေးလေ့ရှိသူတွေဟာ အဲဒီမိုင်ပို၊ အချိန်ပိုတွေမှာယှဉ်ပြိုင်စရာလူတွေကို နောက်မှာထားခဲ့တော့တာ။ သူများကသာသူတို့ ကိုလိုက်ပြိုင်ရတော့မယ်၊ သူတို့ ကသူများကို ပြိုင်စရာမလိုတော့ပါဘူး။ ဒါ့ကြောင့် သူများထက်မိုင်ပိုလျှောက်မယ်ဆိုတဲ့ ခံယူချက်သဘောထားဟာ ဘဝအောင်မြင်ရေးမှာ ညဏ်ကောင်းတာတွေ ဘွဲ့ ဒီဂရီတွေထက် အများကြီး... အများကြီး... ပိုပြီးအရေးကြီးပါတယ်။

( ဘွဲ့ ဒီဂရီတွေ ပိုင်ဆိုင်ပြီး ကောင်းမွန်သောအသိညဏ်နဲ့  သူများထက်မိုင်ပိုလျှောက်သူတိုင်း အောင်မြင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာအသေအချာပင်
အပြည့်အစုံဖတ်ရန်...

တကယ့်ခွင့်လွှတ်ချင်း

ဖော်ဝေါ့ဒတ်မေးလ်မှရသည်။
__________________________________________________________________________________

လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်အဖို့ မလွယ်လှပါ.။ လျှပ်စစ်မီးသီးက
မီးစာလေးကို လျှပ်စစ်နဲ့ လင်းနိုင်အောင်လို့ သူစမ်းသပ်ရာမှာ ငါးမြားတံက
ငါးမြားကြိုးကိုတောင်မှ ဖြုတ်တပ်ပြီး စမ်းသပ်ခဲ့ဖူးတယ်.။
ဒီလိုမျိုးအကြိမ်ပေါင်းများစွာ စမ်းသပ်ရာက ပထမဆုံး သူရဲ့ မီးလုံးလေးဟာ
လင်းလာခဲ့တယ်.။ ဒီလို စမ်းသပ်အောင်မြင်တော့ သူတင်မကဘူး.။ သူနဲ့ အတူတူ
သုတေသန လုပ်နေတဲ့သူ့ရဲ့လက်ထောက်လည်း အောင်မြင်ပျော်ရွှင်မှုကို
ရင်ခုန်စွာနဲ့ ခံစားခဲ့ရတယ်.။
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းသို့
သူ့ရဲ့ တပည့်လက်ထောက်ကို ဂရုတစိုက်ယူလာခိုင်းလိုက်တယ်.။ နောက်ထပ်
စမ်းသပ်ခန်းသို့ အသွားမှာ လှေခါးလေးတစ်ခုကို တတ်ရတယ်.။ တပည့်က
သေချာဂရုစိုက်စွာ တစ်လှမ်းချင်း လှေခါးပေါ်တက်တယ် ။ လက်ထဲက မီးသီးလေးကို
ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်
ရောက်ခါနီးမှာ လှေခါးကနေ ခြေချော်ပြီး မီးသီးကျကွဲသွားတယ်…။
အချိန်ပေါင်းများစွာ အကုန်ခံပြီး ပင်ပန်းစွာ တီထင်ခဲ့တဲ့ မီးလုံးလေး
ကျကွဲသွားပေမဲ့ အက်ဒီဆင် က သူ့လက်ထောက်ကို အပစ်မတင်ခဲ့ဘူး။ “
ဒီထက်ကောင်းတဲ့ မီးလုံး ထပ်လုပ်ဖို့ အခွင့်အရေးရတာပေါ့ကွာ..။ ” လို့ပဲ
ပြောခဲ့တယ်.။ သူ့လက်ထောက်ကတော့ ဒီမီးလုံးလေး ကျကွဲသွားတာကို ခံစားနေရပြီး
မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေခဲ့တယ်။ ။ သူ့ဆရာ အက်ဒီဆင် ဆူပု
အပြစ်တင်ပြီး စိတ်ကွက်မှာ ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ..အက်ဒီဆင်က
အပြစ်မတင်ခဲ့..။
နောက်ရက်အနည်းငယ်အကြာမှာ နောက်ထပ် မီးလုံးလေးတစ်လုံးကို ထပ်တီထွင်ပြီး..၊
ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။ ဒီတစ်ခါတော့ တပည့်က
ချောမောစွာသယ်ဆောင်နိုင်ခဲ့တယ်။ ဒါကိုကြည့်နေတဲ့ အက်ဒီဆင်
သူငယ်ချင်းတစ်ယောက်က အက်ဒီဆင်ကို တိုးတိုးကပ်ပြောတယ်.။

“ ခွင့်လွတ်ရင်ရပြီလေ..။ ဘာဖြစ်လို့ နောက်တစ်ခါထပ်သယ်ခိုင်းတာလဲ .။
ထပ်ပြီး ကျကွဲသွားရင် ဘယ်လိုလုပ်မလဲ ..။ ”

လို့ မေးတယ်။ ဒီတော့ အက်ဒီဆင်က သူ့ သူငယ်ချင်းကို စေ့စေ့ကြည့်ရင်း
ပြုံးပြီးပြောတယ်.။

“ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး။ နောက်တစ်ကြိမ်
ထပ်လုပ်ဖို့ အခွင့်အရေးပေးရတာ..။”
အပြည့်အစုံဖတ်ရန်...

ပြီးသွားမှာပါ.....

ပြီးသွားမှာပါ.....

ဖေမြင့်ရဲ့ "စာဖတ်သမား၏ မှတ်စုများ" ဆိုတဲ့ စာအုပ်ထဲက အနှစ်သက်ဆုံးနဲ့ တန်ဘိုးရှိတဲ့ စကားလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်...။ စာဖတ်သူများလည်း နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်....။

စာထဲပေထဲမှာ မကြာခဏ တွေ့ကာ ခေါင်းထဲ စွဲနေမိသော စကားတခွန်းရှိတယ်...။

"This, too, shall pass away"

ဒါလည်း ပြီးသွားမှာပါ တဲ့။ သို့သော် တန်ခိုးရှိသည်၊ တန်ဘိုး ရှိသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ အကြောင်းတစုံတစ်ရာကြောင့် စိတ်ထဲ အနှောက်အယှက် ဖြစ်ကာ တနုံ့နုံ့ တွေးနေမိသည့် အခါမျိုးတွင် သည်စကားလေး ခေါင်းထဲပေါ်လာလျှင် စိတ်ထဲ ပေါ့ပါး သွားတတ်သည်။

သိပ်အားတက်နေ၊ ၀မ်းမြောက်နေ တစ်ကိုယ်တည်း ပီတိတွေ ဖြာနေမိသည့် အခါမျိုးမှာလည်း ကိုယ်ရှိန်သတ်နိုင်အောင် သူက သတိ ဖော်ပေးတတ်သည်။

"ဟေ့ ... သိပ်ကြည်နူးမနေနဲ့ ကိုယ့်လူ၊ ဒါလည်း အချိန်တန်ရင် ပြီးသွားမှာပါ"

တန်ဖိုးရှိလှသည့် စာကား။ လောကကြီးထဲမှာ သင့်တင့်လျှောက်ပတ်စွာ နေတတ်အောင် တခွန်းတည်းနှင့် နှစ်ဖက်နှစ်လမ်း ညှပ်ပိတ်ထိန်းထားပေးသော စကားတခွန်း။ သည်စကားကို ဘယ်သူပြောခဲ့သလဲ? သည်စကားက ပေးသော အတွေးကို ဘယ်သူစတွေးခဲ့သလဲ?

ဘတ်တလက် (John Bartlett) ရဲ့ လူသိများသော ကိုးကားစကားများ (Familiar Quotations) ကျမ်းမှာ ရှာကြည့်တော့ သုံးစွဲခဲ့သူတွေ အများအပြား ပါကလား။

" ကောင်းကင်ပြင် ကြည်စင်ချိန်မှာ
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ။
အမှောင်ထဲ ရှိသည့်အခါ
ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ။
ယနေ့ သင့်ကံကြမ္မာ မည်သို့ပင်ရှိစေ
ဒါလည်း ပြီးသွားမယ် ဆိုတာ သတိရပါ။" တဲ့

ကဗျာဆရာ (J.G Saxe) က ဒီစကားလေးက ပေးသော အတွေးကို ဖွင့်၍ ရေးခဲ့သည်။ သည်လိုပါပဲ ကဗျာဆရာ၊ ၀ထ္ထုရေးဆရာ တွေကလည်း ကဗျာစာသားများထဲမှာ ထည့်ပြီး သုံးခဲ့တယ်။ ကဗျာ ခေါင်းစဉ်တွေအဖြစ်လည်း သုံးကြတယ်။ မဆိုသလောက် ကွဲပြားကြတာလေးတွေတော့ ရှိတာပေါ့။

"This, too, will pass."
"This, too, will pass away."
"Even this shall pass away."
"All things shall pass away."

စသည်ဖြင့်ပေါ့။ အများသုံးခဲ့ကြတာ ဟုတ်ပါပြီ။ သို့သော် ဘယ်သူက စသလဲ၊ လိုက်ကြည့်တော့ ဒဏ္ဍာရီထဲ ရောက်သွားတယ်။ ပုံပြင် စတင်ထွက်ပေါ်လာတဲ့ နေရာက အနောက်အာရှ ဒေသဖြစ်တယ်။

အဲဒီပုံပြင်လေးက ................... တရံရောအခါ ရှင်ဘုရင် တစ်ပါးတည်း စိတ်ပင်ပန်း ဆင်းရဲစရာတွေ အများအပြား ကြုံရပြီးသည့်နောက် အမတ်ပညာရှိတို့အား မိမိအားကိုးပြုစရာ ဆောင်ပုဒ်တစ်ခု ရေးသားပြုစုပေးရန် တောင်းဆိုသည်။ ဆောင်ပုဒ်က လက်စွပ်တစ်ကွင်းပေါ်မှာ ရေးထွင်း၍ ရလောက်အောင်လည်း တိုရမည်၊ အောင်မြင်စဉ်ရော၊ နိမ့်ပါးစဉ်မှာပါ သုံးစွဲနိုင်တာမျိုး ဖြစ်ရမည်ဟု ဆိုသည်။ မူးမတ်တွေကလည်း ဆောင်ပုဒ်အမျိုးမျိုး တင်ပြကြတယ်။ ရှင်ဘုရင်က လက်မခံ။ အားလုံးကို ပယ်ချသည်။

နောက်ဆုံး သမီးတော်က သူမ ရွေးချယ်ထားတဲ့ ဆောင်ပုဒ်ကို မြလက်စွပ် တစ်ကွင်းပေါ်မှာ ရေးထွင်းပြီး ဆက်သတော့မှ ရှင်ဘုရင်က နှစ်သက်သဘောကျသွားတယ်။ လက်စွပ်ပေါ်မှာ အာရဗီ ဘာသာနဲ့ ရေးထွင်းထားတဲ့ စာသားရဲ့ အဓိပ္ပါယ်က "This, too, will pass." ဟူ၍ .... ဖြစ်တယ်တဲ့။

ကျမတို့လည်း ဒီစာသားလေးအတိုင်း စိတ်ဓါတ်ကျနေချိန်ပဲ ဖြစ်ဖြစ် ကြည်နှုးပျော်ရွှင်ချိန်တွေပဲ ဖြစ်ဖြစ် ဒီစကားလေးကို အမြဲတမ်း ဆောင်ထားပြီး ကိုယ့်ကိုကိုယ် သတိပေး နေထိုင်သွားတတ်အောင် ကြိုးစားကြတာပေါ့။

ဒဏ္ဍာရီ
အပြည့်အစုံဖတ်ရန်...

ခုတလော..စလုံးနဲ့ှ့ဗမာပွဲဆူနေတဲ့ သတင်း...ဗမာတစ်ယောက်ရဲ့ comment..

ဒါနဲ့ Tan ဆိုတဲ့ကောင်တော်တော်မိုက်ရိုင်းတယ်ဗျ...အဲဒါကြောင့်ကျွန်တော်ကတော့ အောက်ပါအတိုင်းရေးခဲ့ပြီဗျို့။

Tan, don’t blame us. Blame yourself and your useless brain thinking about like that. If you don’t want foreign S’pass, EP and professional worker, I sure your country will goes down in some decades. Actually, your government is great. There is no natural resources like this country was improved because of your good and brilliant government. Your government knows that there are many useless shit like you in Singapore. That’s why your government open immigration widely for foreign professional workers. If you want to blame us, make yourself to qualify at first. If you are not qualify in your profession, you left behind from us. Isn’t fair?
အပြည့်အစုံဖတ်ရန်...

ခုတလော..စလုံးနဲ့ှဗမာပွဲဆူနေတဲ့ သတင်း..

ကိုပေါရဲ့ site မှာတင်ထားတဲ့ post လေးကို သဘောကျလို့ ပြန်လည်ဝေမျှလိုက်ပါတယ်...

တင်းမားဆက်ရီဗျူးမှာ ပါတဲ့ ဆောင်းပါးတပုဒ်ကြောင့် မြန်မာတွေ အဲဒီမှာ အစုလိုက် အပြုံလိုက် ကော်မန့်တွေ ရေးနေကြတာ တွေ့ရတယ်။ တချို့ကလည်း အကျိုးသင့်အကြောင်းသင့်၊ တချို့ကလည်း လူမျိုးနဲ့ချီပြီး ဆဲသူဆဲ၊ နောက်ယောင်ခံပြီး လိုက်သတ်မယ်လို့ ကြိမ်းဝါးတဲ့လူတောင် ပါသေးတယ်။ အက်ဒမင်က အဲဒီ ကြိမ်းဝါးချက်ကိုတော့ ဖျက်ပစ်လိုက်ပါတယ်။

ဒီပြဿနာ စဖြစ်ပုံက စထရိတ်စ်တိုင်းမ် သတင်းစာမှာပါတဲ့ သတင်းတပုဒ်ကို ကိုးကားပြီး တင်းမားဆက်ရီဗျူးမှာ ဂျာနယ်လစ်တယောက်က ဆောင်းပါးတပုဒ်ရေးတယ်။ ဆောင်းပါးထဲမှာ မြန်မာအမျိုးသမီး စာရင်းကိုင် မယဉ်ယဉ်ဦးဟာ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်လိုတဲ့အတွက် Community Club မှာ စာရင်းသွင်းတယ်ဆိုတဲ့အချက်က အစချီပြီး သူမရဲ့ အင်္ဂလိပ်ဘာသာ အရည်အချင်းဟာ Intermediate Level မှာ ရှိတယ်ဆိုတာ သူမ ဝန်ခံပုံ၊ သူမရဲ့ အလုပ်ဟာ အလတ်စားနဲ့ အငယ်စား ကုမ္ပဏီမှာ စာရင်းအင်းပြုစုရတဲ့လုပ်ငန်းကို လုပ်ခသက်သက်သာသာနဲ့ လုပ်တဲ့အလုပ်မျိုး ဖြစ်နိုင်ကြောင်း၊ အဲဒီအလုပ်မျိုးကို စင်္ကာပူက အိုင်တီအီးလို့ခေါ်တဲ့ စက်မှုလက်မှုအထက်တန်းကျောင်းဆင်း (သို့မဟုတ်) O Level အောင်လက်မှတ်ရထားတဲ့ စင်္ကာပူနိုင်ငံသားတယောက်နဲ့ အစားထိုးလို့ ရနိုင်ကြောင်း စသဖြင့် ရေးသားထားပြီး စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ဗုံးဗောလအော ငှားရမ်းသုံးစွဲခွင့်ပြုထားတဲ့ ပေါ်လစီကို ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးပါ။
အသေးစိတ်ကို ဒီမှာ သွားဖတ်ပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာလူမျိုးတွေကလည်း မြန်မာနိုင်ငံသားကို ထိရမလားဆိုပြီး အဲဒီက ကော်မင့်ကဏ္ဍမှာ မြန်မာတွေ ဝင်ပြီး ဆဲကြတယ်။ ငြင်းခုန်ကြတယ်။ စင်္ကာပူဖက်က တချို့စင်္ကာပူနိုင်ငံသားတွေကလည်း မြန်မာတွေကို ပြန်နှိပ်တယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒီပို့စ်မှာ ကျနော်ရေးသားခဲ့တဲ့ ကွန်မင့်ကို ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။

■Ko Paw (Padauk-Yeik) on Mon, 18th Jan 2010 8:49 pm

မြန်မာညီအစ်ကို၊ ညီအစ်မများတို့….
စိတ်အေးအေးထားပြီး ဆင်ဆင်ခြင်ခြင် ရေးသားကြဖို့ တိုက်တွန်းလိုပါတယ်။ မလိုလားအပ်တဲ့ လူမျိုးရေးမုန်းတီးမှုတွေဆီကို ဦးတည်သွားမှာကို မိတ်ဆွေတို့လည်း လိုလားကြမယ်မထင်ပါဘူး။

ဒီပို့စ်မှာ မူလက တင်ထားတဲ့ မဆီလျော်တဲ့ ခေါင်းစဉ်ကိုလည်း အက်ဒမင်များက ပြင်ဆင်လိုက်တာကို သတိထားမိပါတယ်။ နောက်ပြီး ဒီဆောင်းပါးကိုယ်၌က စထရိတ်တိုင်းမ်စ်ပါ ဆောင်းပါးကို ရည်ညွှန်းကာ ရေးတဲ့အတွက် မယဉ်ယဉ်ဦးရဲ့ နာမည်နဲ့ မြန်မာလူမျိုးဆိုတဲ့ အချက်ပါသွားတာ ဖြစ်နိုင်ပါတယ်။ နောက် ဒီဆောင်းပါးရဲ့ အမှားတခုကတော့ သူမရဲ့ အလုပ်အကိုင်အရည်အချင်းကို သူမရဲ့ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအဆင့်အတန်းနဲ့ အလောတကြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဆောင်းပါးရဲ့ အနှစ်သာရက နိုင်ငံခြားသားအလုပ်သမားတွေကို ဗုံးဗောလအော ခွင့်ပြုထားတဲ့ စင်္ကာပူအစိုးရရဲ့ မူဝါဒကို ဝေဖန်ထားခြင်းမျှသာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသားတွေ အနေနဲ့ သူတို့အစိုးရရဲ့ မူဝါဒကို သူတို့ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှ သူတို့ကို တားမြစ်ပိတ်ပင်ပိုင်ခွင့် မရှိပါဘူး။

ကျနော့်အမြင်ပြောရရင်တော့ လုပ်ငန်းကျွမ်းကျင်မှုကို အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ အင်္ဂလိပ်စာမတတ်တဲ့ ဂျာမန်လူမျိုးပညာရှင်တွေ၊ တရုတ်လူမျိုးပညာရှင်တွေ၊ စသဖြင့် နိုင်ငံခြားသားမျိုးစုံ စင်္ကာပူမှာ အလုပ်လုပ်နေကြပါတယ်။

နောက်တချက်က ကျနော်တို့ မြန်မာတွေကို အင်္ဂလိပ်စကား ကျွမ်းကျင်မှုမရှိဘူးလို့ ဝေဖန်ရင်လည်း အဲဒါကို နာစရာလို့ မမြင်ပါနဲ့။ ကျနော်တို့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ရယ်၊ အင်္ဂလိပ်ဘာသာစကားသုံးစွဲမှု နည်းပါးတဲ့ အလေ့အထရယ်ကြောင့် ကျနော်တို့ မြန်မာအများစုဟာ အင်္ဂလိပ်စကားပြော ပတ်ဝန်းကျင်ဖြစ်တဲ့ စင်္ကာပူလူမျိုးတွေလောက်တော့ မကျွမ်းကျင်နိုင်ဘူးဆိုတာ ယေဘုယျ လက်ခံကြရမယ့် အချက်ပါ။ သူတို့ရဲ့ အသံထွက်ပုံ လေယူလေသိမ်းကြောင့်သာ တကယ့်အင်္ဂလိပ်လူမျိုးတွေအနေနဲ့ သူတို့ပြောစကားကို နားမလည်နိုင်ကြတာက လွဲရင် အကြမ်းဖျင်းအားဖြင့်တော့ ကျနော်တို့ထက် သူတို့ ပိုပြောနိုင်ကြပါတယ်။ အဲဒီအချက်ကို လက်ခံလိုက်ရင် ဘာသာစကားနဲ့ ပတ်သက်လို့ ကျနော်တို့အပေါ် သူတို့ထားတဲ့ အမြင်ကို သိပ်ပြီး ဘဝင်မကျစရာမရှိပါဘူး။

နောက်တခုက….. နိုင်ငံခြားသား အလုပ်သမား ငှားရမ်းမှုနဲ့ပတ်သက်ပြီး သူတို့အစိုးရအပေါ် သူတို့ ဝေဖန်တာ သဘာဝကျပါတယ်။ တချို့သော စင်္ကာပူနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် အမြင်မကြည်လင်မှုကိုလည်း သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်း မလုံခြုံမှုအပေါ် စာနာ နားလည်ပေးလိုက်ရင် ခွင့်လွှတ်နိုင်ပါလိမ့်မယ်။

တဖက်မှာလည်း စင်္ကာပူနိုင်ငံသားအချို့အနေနဲ့ နိုင်ငံခြားသားအလုပ်လုပ်ကိုင်သူများအပေါ်မှာ မှားယွင်းပြီး အပြစ်ပုံချတာမျိုးကို ရှောင်ရှားသင့်တယ်လို့ မြင်မိပါတယ်။ တကယ်တော့ ကုမ္ပဏီတွေက ငှားရမ်းလို့၊ လူဝင်မှုကြီးကြပ်ရေးက ခွင့်ပြုလို့ ဘဝတိုးတက်ရေးအတွက် ရေခြားမြေခြားမှာ လာရောက်လုပ်ကိုင်နေကြသူတွေမှာ အပြစ်မရှိပါဘူး။ တကယ်တမ်း မိမိတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကာကွယ်လိုတယ်ဆိုရင် မိမိတို့အစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားတင်သွင်းမှုနဲ့ ပတ်သက်တဲ့ ပေါ်လစီကိုသာ ပြောင်းလဲပေးဖို့ တောင်းဆိုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့….. အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုတဲ့စကားလို မလိုအပ်ဘဲ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်လာနိုင်စေတဲ့ မှတ်ချက်မျိုးတွေကို မချမိကြဖို့ မြန်မာနိုင်ငံသား ညီအစ်ကိုညီအစ်မများကို တိုက်တွန်းလိုက်ပါတယ်။



လေးစားစွာဖြင့်….
ကိုပေါ (ပိတောက်ရိပ်)
အပြည့်အစုံဖတ်ရန်...

လူသားတို့ အတွက်အရေးပါသောပစ္စည်းတခု

နယူးယောက်မြို့ရှိ မိုးမျှော် အဆောက်အဦး ပိုင်ရှင်တဦးသည် လစဉ် ကုန်ကျသော ဓာတ်လှေကား ပြုပြင်ခအတွက် စိတ်ဆင်းရဲနေရသည်။ အကြောင်းမှာ မြင့်မားသော အဆောက်အအုံ ဖြစ်သောကြောင့် ခလုတ်နိုပ်တိုင်း ချက်ချင်း ရောက်မလာသော ဓာတ်လှေကားကို လူအချို့က စိတ်မရှည်သဖြင့် ခလုတ်ကို ထပ်သလဲလဲ နှိပ်ကြသော ကြောင့်ဖြစ်သည်။ ခလုတ်မီးလင်းနေသည်ကို တွေ့သော်လည်း တချို့လူများက တခြားလူ နှိပ်ပြီးဖြစ်သော်လည်း မိမိ၏ ထူးဆန်းသော လက်ညိုးနှင့် နှိပ်လိုက်ရမှ ဓာတ်လှေကား အမြန်ရောက်လာမည်ဟု ထင်တတ်ကြသည်။ သတိပေး ကြော်ညာစာများ ရေးကပ်ခဲ့ သော်လည်း အချည်းနှီးသာ ဖြစ်သည်။ နောက်ဆုံးတွင် အကြံဥာဏ်ပေးနိုင်သူအား ထိုက်တန်သောဆု ချီးမြှင့်မည်ဟု ပိုင်ရှင်က ကြော်ညာလိုက်သည်။

စိတ်ပညာရှင် တဦးက လှေကားရှေ့တွင် ကြည့်မှန်တချပ် တပ်ဆင်လိုက်မှ ပြဿနာမှာ ပြေလည်သွားခဲ့သည်။ အကြောင်းမှာ ဓာတ်လှေကား အသုံးပြုသူများက မိမိ၏ အလျှင်စလိုနိုင်သောရုပ်ကို မှန်ထဲတွင် တွေ့ရသောကြောင့်ဖြစ်သည်။ မှန်ထဲက ကိုယ့်ပုံကို ပြန်တွေ့မှ လူများက စည်းကမ်း သိမ်မွေ့သွားတတ်ကြသည်။ လူအုံကြားထဲ တိုးနေသူများပင် မှန်ရှေ့ရောက်လျှင် ယဉ်ကျေးကုန်ကြသည်။ စိတ်ရှည်ရှည်နှင့် လှေကားအလာ ကို စောင့်တတ်ကြသည်။ မှန်ကား ဤမျှ အစွမ်းထက်လှသည်။

တစ်ခါတရံ လူများက ကြည့်ရဆိုးသော အမှုအရာများကို တမင် လုပ်နေကြခြင်း မဟုတ်ပေ။ ထိုအမှုအရာများကို ကိုယ်တိုင် မတွေ့မြင်ရ၍သာ လုပ်မိကြခြင်းဖြစ်သည်။ လူအဖြစ် ဖန်ဆင်းလာစဉ်က အဘယ်ကြောင့် မျက်စိနှစ်လုံးကို တစ်နေရာစီခွဲပြီး တလုံးက တခြားလူကို ကြည့်ဖို့နှင့် ကျန်တလုံးက မိမိကိုယ့်ကို ကြည့်ဖို့အဖြင့် မဖန်ဆင်းခဲ့သနည်း။ ယခုအခါ မျက်လုံးနှစ်လုံးမှာ တခြားလူကို ကြည့်ရန် အတွက်ဖြစ်ပြီး အကယ်၍ မှန်သာ မရှိခဲ့လျှင် လူများက ကိုယ့်ပုံစံကို ကိုယ်သိနိုင်ကြမည် မထင်ပေ။

“ငါ (self referent)” ဆိုတော့ အသုံးနှုန်းသည် နောက်ကျမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကလေးငယ်များသည် မှန်ထဲက ပုံရိပ်မှာ မိမိဖြစ်ကြောင်းကို (၂နှစ်)သား အရွယ်ရောက်မှ သိကြသည်။ လူဝံ မှလွဲ၍ အခြား မျောက်များက မှန်ထဲမှ ကိုယ့်ပုံရိပ်ကို မသိကြချေ။ စမ်းသပ်မှုတခုတွင် တိရိစ္ဆာန်များကို မေ့ဆေးပေးပြီး မျက်နှာကို အနီမှတ်ဖြင့် ခြစ်လိုက်ကြသည်။ မေ့ဆေးပြယ်သောအခါ မှန်ထဲက မိမိပုံကို ကြည့်စေခဲ့သည်။ လူဝံက မှန်ကြည့်ပြီး ကိုယ့်မျက်နှာကို ပွတ်သပ်တတ်သည်မှ လွဲ၍ အခြားအကောင်များက မိမိပုံရိပ်ကို မသိကြချေ။ ဤစမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် မှန်ထဲက မိမိပုံရိပ်ကို သိနိုင်ရန် မှတ်ဥာဏ် အရည်အချင်း မြင့်မားရမည်ဖြစ်ကြောင်း သိရသည်။

ပို၍ စိတ်ဝင်စားစရာကောင်းသော စမ်းသပ်မှုတခုက မျိုးမတူသော ဥမှ ပေါက်ဖွားလာသော ငှက်ကလေးများ မိမိ၏မျိုးရိုးကို သိနိုင် မသိနိုင်ခြင်းပင်ဖြစ်သည်။ ပညာရှင်များက ကျွဲဇရက် (cowbird,starling) ဟု ခေါ်သော ငှက်ဥကို စာကလေးသိုက်ထဲ ထည့်ထားခဲ့သည်။ ဥမှ အကောင်ပေါက်သော် ကျွဲဇရက်က မိမိကိုယ်ကို စာကလေးဟု မထင်ခဲ့သည့်အပြင် မျိုးတူငှက်များနှင့်သာ မိတ်လိုက်ခဲ့သည်။ မိမိကိုယ်ကို စာကလေး မဟုတ်မှန်း မည်သို့ ခွဲခြား သိနိုင်ခဲ့သနည်း.?

Cornell University ရှိ စမ်းသပ်မှုတခုမှာ ဥမှပေါက်စ ကျွဲဇရက်အား အခြားငှက်များနှင့် ခွဲမွေးခဲ့သည်။ ထို့နောက် ငှက်တချို့၏ အမွေးများအား အရောင်ဆိုးပေးပြီး ကျန်ငှက်များကို နဂိုအတိုင်းရှိစေသည်။ ခွဲမွေးထားသော ငှက်ကလေး(၂)လပြည့်သောအခါ အရောင်ဆိုးထားသော ငှက်နှင့် မဆိုးထားသော ငှက်များကြား လွတ်ပေးလိုက်သည်။ ခွဲမွေးခံရသော ငှက်မှာ မိမိနှင့် အရောင်တူသည့် ငှက်နှင့်သာနေကြောင်း တွေ့ခဲ့ရသည်။ စမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် ငှက်မှာ မိမိ၏အကျင့်နှင့် စရိုက်ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိခဲ့သည်။ ဦးနှောက်ထဲရှိ ပုံစံပြား (template)က အခြားငှက်များနှင့် မိမိကိုယ့်ကို နိုင်းယှဉ်ကြည့်နိုင်ခဲ့သည်။ ထို့ကြောင့် “မျိုးတူချင်းစု” ဆိုသော အရာများ ပေါ်ပေါက်လာခဲ့သည်။

ဤစမ်းသပ်မှုမှာ အလွန်အရေးပါသည်။ တိရိစ္ဆာန်များက မိမိ၏ အကျင့်စရိုက်နှင့် ကိုယ့်ကို သိမြင်နိုင်စွမ်းရှိ သည်။ လူဖြစ်သော ကျွန်တော်တို့မှာမှု မျက်လုံး နှစ်လုံးစလုံးကို တခြားလူ၏ မျက်ချေးကိုသာ ကြည့်ရန်ထားပြီး ကိုယ့်မျက်ချေးကို မမြင်တတ်ခဲ့ကြပေ။ သို့သော် ထိုအားနည်းချက်ကို မှန်က ဖြည့်ပေးခဲ့သည်။ အလွယ်ဆုံး ဥပမာတစ်ခုမှာ အိမ်ရှင်၏ ခက်ထန်သော မျက်နှာကိုတွေ့မှ ရိုသေ သိမ်မွေ့သွားတတ်သော အိမ်စေကဲ့သို့ပင်။ မှန်သည် လူသားတို့အတွက် အလွန်အရေးပါသော ပစ္စည်းတခုဟုဆိုလျှင် မှားလိမ့်မည် မထင်ပေ။

မူရင်းစာရေးသူ“ဟုန်လန်”မှာ ထိုင်ဝမ်ကျွန်းရှိ National Yang Ming Universityမှ Neuroscience ဆရာတဦးဖြစ်သည်။

ရေးသားသူ....... နိုင်းနိုင်းစနေ
အပြည့်အစုံဖတ်ရန်...

ဘ၀မြေသြဇာ..

တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကလေးဟု ထင်နေသည်။ အကြောင်းမှာ သူတွင် ကျောရိုးနာ ရောဂါကြောင့် ခြေထောက် မသန်မစွမ်း ဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ် မညီမညာ ပေါက်နေသောကြောင့်ဖြစ်သည်။ သူသည် အခြားကလေး သူငယ်များနှင့် ပျော်ပါး ဆော့ကစားခြင်း မရှိဘဲ တဦးတည်း ထီးထီးနေတတ်သည်။ ဆရာ စာမေးတိုင်းလည်း ပြန်ဖြေခြင်း မရှိ ခေါင်းငုံ့ကာ နေတတ်သူဖြစ်သည်။

တစ်ခုသော နွေဦးပေါက်တွင် သူ၏ဖခင်သည် အိမ်နီးချင်း မိတ်ဆွေထံမှ ရခဲ့သော သစ်ပင်ပျိုးပင်များကို သားသမီးများအား တစ်ယောက်တစ်ပင်စီ ခွဲဝေပြီး အိမ်နောက်တွင် စိုက်ပျိုးစေခဲ့သည်။ ပျိုးပင်ကို အကောင်းဆုံး အရှင်သန်ဆုံး စိုက်ပျိုးနိုင် သူအား ဆုချမည်ဟုလည်း ကြေညာခဲ့သည်။

ဖခင်ပေးမည့် ဆုအား သူလည်း လိုချင်ခဲ့သည်။ သို့သော် တခြားသူများက ပျိုးပင်ကိုယူပြီး အားရ၀မ်းသာ စိုက်ပျိုးနေချိန်တွင် သူ့စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ မကောင်းသော အတွေးတချို့ဝင်ခဲ့သည်။ ကိုယ်စိုက်ပျိုးသောပျိုးပင် အမြန်ဆုံး ညိုးနွမ်း သေဆုံးသွားရန်သာ သူ မျှော်လင့်ခဲ့သည်။ သို့နှင့် အပင်ကို ရေ တစ်ခါ နှစ်ခါ လောင်းပြီး နောက်ပိုင်း သူလှည့်ပင် မကြည့်ခဲ့မိပေ။

ရက်အတန်ငယ် ကြာသောအခါ စိုက်ထားသော အပင်အား သူ သွားရောက် ကြည့်ခဲ့ပြန်သည်။ ထူးဆန်းစွာ အပင်မှာ မညိုးနွမ်း မသေဆုံးသည့်အပင် ရွက်နုများပင် ထွက်လို့လာသည်။ တစ်ခြားအပင်များထက်ပင် ပိုရှင်သန်နေသည်ကို အံ့သြစွာ သူတွေ့လိုက်မိသည်။

ဖခင်မှာ ဂတိအတိုင်း သူကြိုက်သော ဆုကိုပေးခဲ့ပြီး သူအား “သားစိုက်ထားတဲ့ အပင်ကို ကြည့်ခြင်းအားဖြင့် သားဟာ ကြီးလာရင် ရုက္ခဗေဒပညာရှင် တစ်ဦးဖြစ်လိမ့်မယ်”ဟု အားပေးစကား ပြောခဲ့သည်။

ထိုနေ့မှစ၍ သူသည် တဖြေးဖြေး ပျော်ရွှင်လာခဲ့သည်။ တစ်ယောက်တည်း ထီးထီးမနေတော့ဘဲ အခြားလူများနှင့် ၀င်ဆန့်ရဲလာခဲ့သည်။ တစ်ညတွင် သူသည် အိပ်မပျော်သောကြောင့် ပြုတင်းပေါက်ကိုဖွင့်ပြီး လှပသော လရောင်ကို ခံစားရင်း ဇီဝဗေဒဆရာပြောခဲ့သော “ အပင်တွေဟာ အများအားဖြင့် ညမှာ ရှင်သန် ကြီးထွားကြတယ်” ဟုသော စကားတစ်ခွန်းကို သတိရလာမိသည်။ သို့နှင့်သူသည် မိမိစိုက်ခဲ့သော အပင်အား သွားရောက် ကြည့်ရှုလိုခဲ့သည်။

အိမ်နောက်ရှိ သစ်ပင်နားရောက်ခါနီးတွင် လူရိပ်တစ်ခုကို တွေ့လိုက်မိသည်။ ထိုသူမှာ ဖခင်ဖြစ်ပြီး မိမိစိုက်ခဲ့သော အပင်အား တူးဆွပြီး အပင်ခြေရင်းကို မြေသြဇာများဖြင့် ဖို့ပေးနေသည်ကို သူတွေ့လိုက်မိသည်။

ဖခင်၏လုပ်ရပ်ကို ကြည့်ပြီး အရာအားလုံးကို သူ သဘောပေါက်သွားမိသည်။ သူစိုက်ပျိုးပြီး ညိုးနွမ်းသေဆုံး စေချင်သောအပင် ရှင်သန်နေခြင်း၏ အကြောင်းရင်းကို သူသိသွားမိသည်။ အိပ်ခန်းသို့ သူ တိတ်တဆိတ် လှည့်ပြန်လာပြီး တစ်ညလုံး သူ ငိုကြွေးခဲ့မိသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ။ ထိုခြေမသန်မစွမ်းသော ကလေးမှာ ရုက္ခဗေဒပညာရှင် တစ်ဦး ဖြစ်မလာခဲ့ပါ။ သို့သော် သူသည် အမေရိကန်၏ သုံးဆယ့်နှစ်ဦးမြှောက် သမတ္တကြီးဖြစ်လာခဲ့သည်။ သူ့အား တွန်းလှည်းပေါ်တွင် ထိုင်နေသော ပဲ့ကိုင်သူ အဖြင့်လည်း တင်စားကြသည်။ သူ၏ အမည်မှာ Franklin D. Roosevelt ဖြစ်သည်။


မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပဲ ဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ ဘ၀ကိုတောင် ရှင်သန်စေပါတယ်။


ရေးသားသူ....... နိုင်းနိုင်းစနေ
အပြည့်အစုံဖတ်ရန်...

လူ့ ဘ၀၏ ၆ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ”

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း” သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

ရေးသားသူနိုင်းနိုင်းစနေ....
အပြည့်အစုံဖတ်ရန်...

ပေးတာ နည်းနေသေးလို့များလား


၁၉၇၂ ခုနှစ်က စင်ကာပူခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီး လီကွမ်ယုကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။

စာထဲမှာ “ငါတို့စင်ကာပူဟာ အီဂျစ်နိုင်ငံလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါမရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ရီလို ၁၀မီတာ အမြင့်ရှိတဲ့ လှိုင်းတွေမရှိဘူး။ ငါတို့နိုင်ငံမှာ ၁၂ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်ကလွဲလို့ ဘာမှထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်”လို့ ရေးထားတယ်။

ဝန်ကြီး လီကွမ်ယုက စာဖတ်ပြီး ဒေါသထတော့တယ်။ နောက် စာတစ်စောင်ရေးပြီး ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလိုရေးထားတယ်။

“ဘုရားသခင် ငါတို့ကို ပေးထားတာ မလုံလောက်သေးဘူးလား! နေရောင်ခြည်... နေရောင်ခြည်သာရှိရင် ငါတို့ လုံလောက်ပြီ”

အဲဒီနောက် စင်ကာပူဟာ တစ်နှစ်ပတ်လုံးရတဲ့ နေရောင်ခြည်ကို အသုံးပြုပြီး သစ်ပင် ပန်းမာလ်တွေ စိုက်ခဲ့တယ်။ အချိန်တိုတိုအတွင်းမှာ လှပတဲ့ပန်းဥယျာဉ် မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး အာရှတိုက်မှာ တတိယ ကမ္ဘာလှည့်ခရီးသည် အများဆုံး နိုင်ငံဖြစ်ခဲ့တယ်။

နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူတိုင်းကို ဘုရားသခင်က ပစ္စည်းများများစားစား မပေးခဲ့ပါဘူး။ နယူတန်ကို ပန်းသီးတစ်လုံးပဲ ပေးခဲ့တယ်။ ဒါတောင် သေချာပေးတာ မဟုတ်ဘဲ ပစ်ချပေးခဲ့တယ်။ ဒစ်စနီကို ကြွက်တစ်ကောင်ပဲ ပေးခဲ့တယ်။ ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ ပေးခဲ့တာဖြစ်တယ်။ တရုတ်ပြည် ဆန်တုံနယ်က Qūfùဆိုတဲ့မြို့ကို CONFUCIUS တစ်ယောက်ပဲ ပေးခဲ့တယ်။

ဘုရားသခင်က နေရာတစ်ခုကို နည်းနည်းစီပေးခဲ့ပေမယ့် အသုံးပြုတတ်ရင်တော့ အဲဒီနည်းနည်းဟာ အများကြီးဖြစ်လာနိုင်ပါတယ်။ တွေးတောနေတဲ့ နယူတန်ဟာ အဲဒီပန်းသီးကြောင့် ရူပဗေဒပညာရှင်ကြီး ဖြစ်ခဲ့တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ ကြွက်ကို ဒစ်စနီက သတ်မစားခဲ့ပါဘူး! အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ်နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ CONFUCIUS ကို အသုံးပြုပြီး Qūfù ဟာ ခရီးသွားတွေမဆဲတဲ့ ရှေးဟောင်းမြို့ တစ်မြို့ဖြစ်ခဲ့တယ်။

သူက ဌေးလိုက်တာ! သူက လှလိုက်တာ! သူက တော်လိုက်တာ! ငါကျတော့ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကိုပေးတာ နည်းတယ်များတယ်လို့ ညည်းညူကြဖူးလား! သူကျတော့ ရာထူးမြင့်မြင့်နဲ့ ထိုင်တဲ့ခုံက ဆိုဖာခုံ! ငါကျတော့ ခုံစုတ်တစ်လုံးပဲ ရတယ်လို့ မညည်းခင် လီကွမ်ယု စကားကို ပြန်စဉ်းစားမိရင် အော်...ဘုရားသခင် ငါ့ကို ဒီခုံစုတ်ပေးတာ အကြောင်းရှိရမယ်လို့ တွေးမိခဲ့ရင်........

(မြန်မာပြည်ကို ပေးခဲ့ရင်တော့ ထင်းဆိုက်လိုက် မလားပဲ... သံယဇာတ ပေါကြွယ်ဝ ပါတယ်။ သဘာဝ ဘေးအန္တရာယ်လဲ မရှိပါဘူး.. ဒါပေမယ့် ဘာကြောင့်... ဘာကြောင့်...ဘုရားသခင်ပေးတာ နည်းနေသေးလို့များလား....)

စိတ်ချလက်ချ အိပ်..ပျော်ပျော်ပါးပါး စား..ကျန်းမာစွာ ကျင့်၊ အပြုံးကို အမြဲဆောင် ထားး) အင်တာနက်မှာ ဖတ်ရတာလေး ကြိုက်လို့ မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
အပြည့်အစုံဖတ်ရန်...

မြန်မာတို့ နှင့် ပညာရေး..

ဲမြန်မာတို့နှင့်ပညာရေး

ပညာရေးကိုမြန်မာတွေတန်ဖိုးထားရဲ့လား ဟူသောမေးခွန်းနှင့် ပင်ဒီဆောင်းပါးငယ်လေးကို နိဒါန်းပျိုးချင်ပါသည်။ ယင်းမေးခွန်းကို ကျွန်တော် ၂၄ နှစ် လွန်ခဲ့သော သုံးနှစ်တာ ကာလက မိမိကိုယ်ကိုယ် ပညာရေးတွင်စိတ်ဝင်စားရဲ့လား၊ တန်ဖိုးထားရဲ့လား ဟုအစပြု စဉ်းစားခဲ့ရာမှ ဒီမေးခွန်းနှင်းပတ်သက် ပြီး Survey အတော်များများလုပ်ခဲ့ဘူးပါတယ်။ ခုချိန်ထိလဲ လုပ်ဆောင်နေဆဲပါ။ ကျွန်တော် ထိုအတွက် အချိန်အများကြီးပေးခဲ့ရပါသည်။ မြန်မာ လူကြီးလူငယ်အတော်များများ၊ S-Pass, EP, PR, Citizen နှင့်ကျောင်းသားအတော် များများကို အိတ်စိုက် လက်ဘက်ရယ်တိုက် စကားပြောဆိုကာ မသိသာတစ်မျိုး၊ သိသိသာသာ တမျိုးဖြင့် ယင်းတို့၏ ပညာရေးအမြင်များ ကို အစ်အောက်စကားနှိုက်ခဲ့ရပါသည်။ Survey ကိုတော့ Sampling Method နှင့် Population Method တို့ကိုအသုံးပြုကာ လူဦးရေ ၅၀၀၀ တွင်အခြေခံထားပါသည်။ ၅၀ရာခိုင်နှုန်းမှာ ဘွဲ့ဒီကရီများကို လက်ဝယ်တွင်ကိုင်ထားကြသော်လည်း ပညာရေး၏ Definition တောင်မှမှုန်ဝါးဝါး ဆိုသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိရပါသည်။ “အစိုးရ ကသောက်သုံးမှမကျတာ”၊ “ကျောင်းမှာဆရာတွေကမှမသင်တာ” ဆိုသော တောင်စဉ်ရေမရ သူတပါးကို ပုတ်ခတ်ပြောဆိုသော စကားများကား နားနှင့်မဆံ့အောင်ကြားခဲ့ရပါသည်။

သင်ပညာတတ်ဖို့ရာအရေး ဘယ်သူကစိတ်ဝင်စားမည်တုန်း။ အစိုးရမှစိတ်မ၀င်စားသကဲ့သို့ ဆရာများမှလည်း စိတ်ဝင်စားမည်မဟုတ်ပါ။ သင်ပညာတတ်ရေး သင့်အတွက်သင်ကသာစိတ်ဝင်စားရပါမည်။ Spoon Feeding System Education ကိုကျင့်သုံးရာတွင် မြန်မာနိုင်ငံသည် စံတင်လောက်ပေသည်။ အနောက်နိုင်ငံများနှင့်အမေရိကရှိ University အတော်များများတွင် Self-Teaching & Learning ကို အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပင်ရှိတော့မည်။ မည်သည် ဆရာ ဆရာမ မှ အရေးကြီး Principle များမှလွဲကာ Lecturing မလုပ်တော့ပါ။ “ကျောင်းဆရာတွေမှမသင်တာ”၊ California Technology ကဲ့သို့သော University ကြီးများတွင် Video Lecture Off-Campus System များဖြင့်သက်ဆိုင်ရာ ဘာသာတွဲများကို ပို့ချသည်။ ဆရာတွေမှမသင်တာ။ George W.Bush သည်လည်းကောင်း၊ Barrack Obama သည်လည်းကောင်း သင်၏ပညာရေး Grade များကိုစိတ်ဝင်စားမည် မဟုတ်ပါ။ အစိုးရကသောသုံး မှမကျတာ။ ဘာလို့သူတို့လူမျိုးတွေပညာတတ်သနည်း။

ထို့ကြောင့်သင်ပညာမတတ်ချင်းသည် သင်သောက်သုံးမကျသောကြောင့်ဖြစ်သည်။ သင်ပညာတတ်ရန်သင့်တာဝန်ဖြစ်သည်။ သင့်ပညာရေးကို အစိုးရ၊ ဆရာများ၊ ဂေါတမ၊ ယေရှု တို့သည် စိတ်ဝင်စားကြမည်မဟုတ်ပါ။

နောက်တစ်ပိုင်းအနေနှင့်လေ့လာလိုစိတ်နှင့်လေ့လာသင်ကြားခြင်း နှင့် သိလိုစိတ် တတ်လိုစိတ်များကိုဆွေးနွေးချင်ပါသည်။ မြန်မာလူမျိုးတို့သည် တင်းတိမ်ရောင့်ရဲလွယ်ကာ၊ လောဘစိတ်လည်းပဲ အလွန်အမင်းနည်းကြပါသည်။ ထိုစိတ်ဓါတ်များသည် ပညာရေးဘက်ပါကူးဆက်ကာ ပညာရေးတွင်ပါရောင့်ရဲ ကြပါသည်။ ဘွဲ့လေးတစ်ခုရရင်တော်ပြီ ဆိုသော လူတန်းစားအများပြားရှိလာ ပါသည်။ ရောင့်ရဲချင်း နှင့် လောဘတို့မရှိသည့် အခါ လည်းကောင်းတို့၏အခြေခံ Driver ဖြစ်သော ဇွဲ (Zeal) လည်းလျော့နည်းလာပါသည်။ လေ့လာမှူအလွန်အမင်းနည်းသော လူများ၊ အချောင်ခိုရေသာခိုသောလူများ ဖြစ်လာပါသည်။ ဒါ ငါနဲ့မှ မဆိုင်တာ ဟူသော အရှက်မရှိ ထိုစကားကိုလွယ်လွယ်ပြောသည့် လူမျိုးအများအပြားကို တွေ့လာရပါသည်။

ငါတို့ကဘွဲ့ရပြီ ပညာရေးဆုံးခန်းတိုင်ပြီဟုဆိုသော ဘွဲ့ရပညာမတတ်သူများကိုလည်းတွေ့ရပါသည်။ Bachelor Degree ဆိုသောစကားလုံးသည် ပြင်သစ်စာလုံး baccalaureate မှသက်ဆင်းလာကာ English လိုဘာသာပြန်ရင်ဖြင့် a farewell sermon to a graduating class at their commencement ceremonies ဘွဲ့သည် ပညာရေးဆုံးခန်းတိုင်ခြင်းမဟုတ်ပါ။ ဥပမာ BSc Physics ဆိုပါတော့။ Bachelor of Science ဆိုသောကြောင့် လောကဓာတ်ဘာသာ နှင့် သက်ဆိုင်သော အခြေခံများကို သင်ကြားပေးကာ ရူပဗေဒ ၏ အခြေခံများကို မူ အထူးပြုသင်ကြားပေးလိုက်သော ဘွဲ့ဒီဂရီ ဖြစ်သည်။ ပုံမှန်ဘွဲ့တန်းတစ်ခု၏ သင်ရိုးသည် သက်ဆိုင်ရာဘာသာရပ်၏ Terminologies များနှင့် Basic Concept ကိုသာသင်ကြားရခြင်းဖြစ်သည်။ ထို့ကြောင့် ဘွဲ့ဒီဂရီ ဆိုသည် မှာပညာရေးဆုံးခန်းတိုင်ခြင်းမဟုတ် ထိုပညာရပ်နှင့်ပတ်သက်ကာ အခြေခံ များသိရှိကြောင်း၊ ဆက်လက်လေ့လာနိုင်ကြောင်း ထောက်ခံစာ ဖြစ်သည်။

မြန်မာတို့၏လက်ဆွဲစကားနောက်တမျိုးကား စာအုပ်စာတမ်းမှမရှိတာ။ ကျွန်တော်ပြောချင်တာက မရှိရင်ရှိအောင်ရှာ။ ဗိုလ်ချုပ်အောင်ဆန်းကာ လက်နက်မှမရှိတာ၊ လွတ်လပ်ရေးမှမရတာ ဆိုကာ ထိုင်ပြီးမနေ။ ရှိအောင်ရှာသည်၊ ရအောင်ယူသည်။ စာအုပ်စာတန်းမရှိဆိုသူများသည် မြို့ကြီးများတွင်နေထိုင်သူများဖြစ်က British Council တွင်လည်းကောင်း၊ USIS တွင်လည်းကောင်းရှာဖွေနိုင်သည်။ မြို့ငယ်များတွင်နေထိုင်သူဖြစ်ပါကလည်း လိုအပ်လျင်ရရှိနိုင်သည်။ ကုန်ကုန်ပြောရရင် အဝေးသင် တက်ရောက်နေသူများပင် စာကိုကွက်ကာ Spot တိုက်မကျက်ပဲ အဝေးသင် သင်ရိုးအားလုံးကို နှစ်စမှစကာ တနေ့တနာရီ လေ့လာလျင် နှစ်ဆုံးသောအခါထိုက်သင့်သော ပညာရပ်ကို ထိုက်ထိုက်တန်တန်ရရှိမည် ဖြစ်သည်။ စာအုပ်ဖတ်သည်ဟုဆို မြန်မာပရိသတ် က၀ိ ပညာရှိအတော်များများသည် စာအုပ်ဆိုင်မှ ပိုးသိုင်းကျမ်းများ၊ နေစကြာသိုင်းကျမ်းများ ဖြင့်သောင်လည်းကောင်း၊
ကိုရီးယားဇာတ်ထုပ် copy ဒရိုင်ဘာနှင့်အိမ်ရှင်သမီး၊ အခိုင်းအစေနှင့် ဇောတိကသား လူ့ငနွား စောစောစီးစီး အိမ်ထောင်ပြုကာ သားတွဲလောင်း မယားတွဲလောင်း အစရှိသည့် အချစ်ဇာတ်လမ်းများကို လည်းကောင်း၊ Internet ရှိသော်လည်း Online တွင် Burglish နှင့် Typing လုပ်ကာ အရေမရ အဖတ်မရ ရည်းစားရှာနေခြင်းဖြင့်လည်းကောင်း၊ ချစ်ကြိုက်ကွားညား ဇာတ်လမ်းများ များဖြင့် ရသမစုံလင် မြန်မာ့ရုပ်ရှင် E-Educational VCD များကိုလည်းကောင်း ကြည့်ရှုကာ ပညာရှာနေသည်ကိုတွေရပါသည်။

အလွန်အမင်းဝမ်းနည်းမိပါသည်။ အလုပ်ထဲတွင် အခြားသောမြန်မာများ အနှိမ်ခံရသည်ကိုမြင်သောအခါ ကျွန်တော်ယူကျုံးမရဖြစ်မိပါသည်။ ကျွန်တော့် လက်အောက်ရှိမြန်မာ Engineer တစ်ယောက်ခွေးပြော၊နွားပြောခံရသည်ကို မြင်သောအခါ ကျွန်တောယူကျုံးမရဖြစ်ကာ ထိုနေ့ညနေတွင်သူ့အိမ်သွားရောက်အားပေးမိပါသည်။ ထိုသူက သူတို့ AutoCad ဖြင့်ဆွဲခိုင်းသောဒီဇိုင်းကို မရသဖြင့် မအေနှမ မကျန်ပြောဆိုဆဲဆိုကြောင်း ပြောဆိုပါသည်။ ကျွန်တော အတော်စိတ်ဆိုးသွားကာ ထိုသူကို အားပေးရင်း ကျွန်တော် MOM ကိုတိုင်ကြားမည် ဇြစ်ကြောင်း ပြောဆိုပါသည်။ ပြောဆိုရင်း သူမဆွဲနိုင်သည့် Gear သွားကိုကြည့်တော့ အလွန်အမင်းအံ့သြကာ ဘာဖြစ်လို့မဆွဲနိုင်တာတုန်းဟု မေးမိသည်။ Dimension မရှိသောကြောင့် မဆွဲနိုင်ဟုဖြေပေးသည်။ Gear ၏ Pitches များ အတွက် Dimension မလိုပါ။

Pitch Formula ရှိပါသည်။ ပထမနှစ် Engineering ကျောင်းသားပင်သိသော Formula များဖြစ်ပါသည်။ သူထွက်ဆိုသော စကားလုံးများ ကို ဆက်လက် ကြားသောအခါ ကျွန်တော်သူ့ကို တော်တော်ဒေါသထွက်ပါသည်။ သူပြောတော့ သူက BA Psychology နဲ့ကျောင်းပြီးတာတဲ့။ BEng လက်မှတ်ကအတုကြီးတဲ့။ AutoCad ပဲတတ်တာတဲ့။ AutoCad သည် Engineering Assist Software တစ်ခုပါ။ Engineering Knowledge မရှိပဲသုံးလျင် တစ်ခါတစ်ခါ Formula ပြသနာတက်တတ်ပါသည်။ အလုပ်ရှင်မှကြည့်မည် ဆိုမမှားပါ။ သူ့တွင် Engineering Degree ရှိသောကြောင့် Pitch Dimension ကိုတွက်ချက်နိုင်မည်ထင်သောကြောင့် ခိုင်းလိုက်ခြင်း ဖြစ်ပါသည်။ လက်မှတ်တုနှင့် လုပ်စားတာ ကျွန်တော် စိတ်မဆိုးပါ။ သို့သော် ကိုယ်ထမင်းစားနေသော ဘာသာရပ်ကို သေချာမလေ့လာပဲ ထိုအလုပ်ဖြင့် ၅ နှစ်သိသိ ထမင်းစားနေခြင်းဖြစ်သည်။ နောက်တစ်နေ့မနက် Meeting တွင် Director ကပြောတာ ကတော့ မြန်မာ Engineer တွေသောက်သုံးမကျဘူးတဲ့။ ကျွန်တောရှက်ပါသည်။ ကျွန်တော် Graduate Engineer ဖြစ်သော်လည်း မြန်မာလူမျိုး Engineer ဖြစ်သည့်အတွက်။ အခန့်မသင့်လျင် ကျွန်တော့ဘွဲ့ပါ အတုထင် နိုင်သည်။ ကဲ မခက်ပေဘူးလား အရပ်တတော်တို့ရေ။ ပညာ မရဲရင့် ပဲ ပွဲလယ်တင့်ချင်ကြတာကို။
အပြည့်အစုံဖတ်ရန်...