http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

☛ WELCOME TO MYANMAR NURSES IN SINGAPORE



ချစ်လှစွာသောညီကိုမောင်နှမများနှင့်သူငယ်ချင်းများ


      စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို စင်္ကာပူရောက် မြန်မာသူနာပြုများ ဘလော့ဂ် သို့ ဖိတ်ခေါ်အပ်ပါသည်။ကျနော်တို စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ် (www.myanmarnurses-sg.com)ကို 15.12.2009 မှာ စတင်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပြောင်းလဲနေသော ခေတ်နှင့်အညီ စင်္ကာပူရောက် မြန်မာသူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ ဒေသန္တရ ဗဟုသုတ အတွေ့အကြုံများ၊ မတူညီသော လူနေမှု ဓလေ့ထုံးစံများ၊ ခံယူချက်အတွေးအခေါ်များ၊ စိတ်ဝင်စားဖွယ် သုတရသများ စသည့် အတွေးအမြင်၊အတွေ့အကြုံ ခံယူချက် အမျိုးမျိုးကို မျှဝေဖလှယ်နိုင်ရန်နှင့် နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ဒီဘလော့ဂ်ထဲတွင် ကော်မဲန့်ပေးခြင်းဖြင့် ၀င်ရောက်အကြံပေးခြင်း၊ ဆွေးနွေးခြင်းများ၊ အသိပညာများပေးခြင်းပြုလုပ်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
အပြည့်အစုံဖတ်ရန်...

☛ လိုက်နာရန် စည်းကမ်းများ


ချစ်လှစွာသော ညီအကိုမောင်နှမများနှင့် သူငယ်ချင်းများအားလုံး စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်နှင့် ပတ်သက်၍ အောက်ဖော်ပြပါ စည်းကမ်းများကို လိုက်နာစေလိုပါသည်။
  • နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေးနှင့် ပတ်သက်သော ပုတ်ခတ်ရေးသားမှုများ၊ လိင်မှုဆိုင်ရာရေးသားမှုများ လုံးဝ မပြုလုပ်ကြပါရန်။ 
  • နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး စော်ကားမှုနှင့် ငြိစွန်း စေနိုင်သော (သို့မဟုတ်) လိင်မှုဆိုင်ရာ Forum, Blog, Photo, Music, Video, Event နှင့် Group များ ဖော်ပြခြင်း၊ ဖန်တီးခြင်းများ လုံးဝ မပြုလုပ်ကြပါရန်။ 
  • ကျတော်၊ကျမတို့သည် သူနာပြုများဖြစ်သည့်အားလျှော်စွာ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဒီဘလော့ဂ်အား ထိန်းသိမ်းစောင့်ရှောက်ကြပါရန်။ 
  • မသင့်လျှော်ဟုယူဆရသော အကြောင်းအရာတစ်စုံတစ်ခုတွေ့ရှိပါက အလျဉ်းသင့်သလို ဖျက်သိမ်းခဲ့လျှင် နားလည်ခွင့်လွှတ် ပေးကြပါရန်။  
  • အကယ်၍ အဆင်မပြေမှုများတွေ့ရှိခဲ့လျှင် ကျတော်တို့သည် IT ပညာရှင်များမဟုတ်သည့်အတွက် နားလည်ခွင့်လွှတ် ပေးကြပါရန် ကြိုတင်အသိပေး တောင်းပန်အပ်ပါသည်။
အပြည့်အစုံဖတ်ရန်...