http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

2012 ခုနှစ် (နှစ်သစ်ကူး) ၁၂ရာသီခွင်ဟောကိန်းများ

2012 ခုနှစ် (နှစ်သစ်ကူး) ၁၂ရာသီခွင်ဟောကိန်းများ

.
နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုတော့ ပြောင်းပြန်ပြီပေါ့။ Happy New Year !!! ဆို တဲ့ ပျော်ရွှင်စွာ အော်ဟစ်ကြတဲ့ အသံတွေလည်း သောသောညံ ခဲ့ပါပြီ။ 2012 ခုနှစ်ကို လူတော်တော်များများက ကံမကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်လို့ ပြောဆိုနေကြတဲ့ အသံတွေကတော့ နေရာတိုင်းလိုလိုမှာ ကြားနေ ရပါတယ်။ 
ဒီနှစ်ဟာ လူသားတွေရဲ့ စိတ်ထဲမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ များနေတဲ့ နှစ် လည်း ဖြစ်ပါတယ်။
(၂၀၁၂မှာ ကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့ ကောလာဟလရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်) ဒါပေမယ့် ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ပျော်ရွှင်စွာ ကြိုဆိုကြဖို့ကတော့ ကမ္ဘာသူ ကမ္ဘာသား တွေရဲ့ တာဝန်ဘဲ မဟုတ်လားဗျာ။
ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် 2012 ခုနှစ်အတွက် (၁၂)ရာသီခွင် ဟောကိန်းများကို ရေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။ ဒီတော့ ကျွန်တော် ဒီလိုလုပ်လိုက်တယ်။ မိဿ ၊ ပြိဿ . . . အစရှိတဲ့ (၁၂)ရာသီခွင်တွေမှာ မွေးဖွားလာကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် “နှစ်သစ်ကူးအကြို (၁၂)ရာသီခွင် ဟောကိန်း “အကျဉ်းချုပ်” ကလေးကို ပဏာမ (အမြည်းသဘော)အနေနဲ့ တင်ဆက် ပေးလိုက်ပါတယ်။ နောက်ထပ် ရာသီတစ်ခုခြင်းစီရဲ့ “အသေးစိတ်ဟောကိန်းများ” ကိုတော့ ဇန်န၀ါရီလထဲမှာ အပြီးတင်ပေး သွားမယ် လို့ စိတ်ကူးလိုက်တယ်။
သဘောကျကြရဲ့လားဗျာ။ မကျရင်လည်း သည်းခံပြီးသာ ဖတ်ကြပေတော့။ လုံးလုံး တင်မပေးတာထက် စာရင်တော့ အများကြီး ကောင်းလိမ့်မယ် မဟုတ်လားဗျာ။ ကဲ – 2012 ရဲ့ ကံဇာတာ အကျဉ်းချုပ်ကလေးတွေကို ဖတ်ကြည့်ကြရအောင်လား။
.

မိဿရာသီဖွားများ

.
မိဿရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ဒီနှစ်မှာ အတိုက်အခံများမယ်။ ရန်များမယ်။ ဒါပေမယ့် ရန်အတိုက်အခံ၊ အပြိုင်အဆိုင် တွေရဲ့ ကြားကနေ  အောင်မြင်မှုရမယ်။
-      ငွေကြေးလာဘ်လာဘ အလွန်များပြားစွာ ၀င်ရောက်နိုင်တယ်။ ငွေကြေးကံကောင်းမယ်။ ငွေကြေး အတွက် လုံးဝ မပူပင်ရတဲ့ နှစ်မျိုးဖြစ်နိုင်တယ်။
-      ကျန်းမာရေးတော့ အတော်ဂရုစိုက်ရမယ်။ ချုခြာနေမယ်။ ရောဂါကြီးတွေဖြစ်နိုင်တယ်။
-      နိုင်ငံရပ်ခြားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံကောင်းမယ်။ နိုင်ငံခြားခရီးတွေ သွားရတတ်တယ်။
-      အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ပြုရန် အခက်အခဲများမယ်။ ရွှေ့ဆိုင်းရမယ်။ လက်ထပ်ဖို့ကိစ္စ နှောင့်နှေးကြန့်ကြာမယ်။ ဒါပေမယ့် အိမ်ထောင်ကျကိန်းလည်း အလွန်များတယ်။
-      အိုးအိမ်ခြံမြေ ၊ ယာဉ်ကား နဲ့ ပတ်သက်ပြီး ကံကောင်းမယ်။ အထူးသဖြင့် ယာဉ်ကား ၀င်ကိန်းရှိတယ်။
-      တစ်နှစ်လုံး စိတ်ပိုင်းဆိုင်ရာ ဆတ်ဆတ်ထိမခံ ဖြစ်နေတတ်တယ်။ တော်လှန်ပုန်ကန်လိုတဲ့ စိတ်တွေ ဖြစ်နေတတ်တယ်။ မကြာခဏ စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုတွေဖြစ်မယ်။ စိတ်နှစ်ခွ ဖြစ်နေမယ်။ စိတ်ခံစားချက်တွေ အလွန်ပြင်းထန်မယ်။
-      ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စတွေ ၊ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်ခွင့်ကြုံ တတ်တယ်။ ဒီလို လုပ်ဆောင်လိုက်တာနဲ့ ကိုယ့်ရဲ့ ကံကြမ္မာဟာလည်း အံ့သြလောက်အောင် ကောင်းမွန်တိုးတက်မှုတွေ ကြုံရမယ်။
-      သားသမီးရှိသူများ သားသမီးအတွက် ဂုဏ်ယူစရာ ကိစ္စတွေ ကြုံမယ်။ အထူးသဖြင့် ပညာရေးကြောင့် ဂုဏ်ယူစရာ ကိစ္စမျိုးဖြစ်ဖို့များပါတယ်။
-      အိမ်ထောင်ရေးအတွက် စိတ်အလွန်ဆင်းရဲရတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ အိမ်ထောင်ဘက် ကျန်းမာရေး ချို့တဲ့လို့ဖြစ်စေ၊ အိမ်ထောင်ဘက်က တနည်းတနည်းနဲ့ ဒုက္ခပေးလို့ဖြစ်စေ မကြာခဏ စိတ်ဆင်းရဲ့ ရမယ့်နှစ်ဖြစ်တယ်။
-      ကိုယ်တိုင် အိမ်ထောင်ရေး ရှုပ်ထွေးတတ်သူများ မိမိဂုဏ်သိက္ခာကျစရာ ကိစ္စတွေ ကြုံမယ်။ နာမည်ပျက်ကိန်း ကြုံတတ်တယ်။
-      ၂၀၁၂ ခုနှစ်မှာ မိဿရာသီဖွားမွေးသူများထဲက ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ သောကြာ နဲ့ စနေသားသမီးတွေက ကံအထူးကောင်းဖို့ရှိပါတယ်။
-      ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် အိမ်ကဘုရားမှာ “သစ်ကြားသီး” (သို့) “သကြား” လုံး (၈)လုံး ကပ်လှူပူဇော်လိုက်ပါ။ (သစ်ကြားသီးကို အခွံခွဲပြီးမှ ကပ်ပါ)
.

ပြိဿရာသီဖွားများ

.
ပြိဿရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ဒီနှစ်မှာ ကံကောင်း/ကံညံ ရောထွေးနေမယ်။ ကောင်းတာတွေက စုတ်ကြီး၊ လာဘ်ကြီးဝင်မယ်။ (ကောင်းတဲ့)လိုအင်ဆန္ဒဟူသမျှ ပြည့်ဝတတ်တဲ့ နှစ်မျိုး ဖြစ်လိမ့်မယ်။ ဘာသာတရားရဲ့ အဆုံးအမကို အမြဲလိုက်နာ ကျင့်ကြံနေသူ ၊ အလှူရေစက် လက်နဲ့ မကွာသူများတွေမှာ သိသာထင်ရှားတဲ့ အကျိုးပေးမှုတွေ ရရှိနိုင်မယ်။
-      အနုပညာရှင်များ ၊ နာမည်တစ်လုံးနဲ့ အလုပ်လုပ်စားသူများ နာမည်အလွန်ကြီးနိုင်တဲ့ နှစ်ဖြစ်တယ်။ နာမည်ကျော်ကြားကိန်းရှိတယ်။
-      ဒါပေမယ့် ငယ်ရွယ်သူများ အချစ်ရေးကံ ညံ့နေမယ်။ ချစ်သူနဲ့ မကြာခဏ စကားများ ရန်ဖြစ်ရမယ်။
-      အိမ်ထောင်ရှင်များအတွက်လည်း သိပ်ကံမကောင်းလှတဲ့ နှစ်မျိုးဖြစ်နိုင်တယ်။ နဂိုကတည်းက “တဇောင်းစေး နဲ့ မျက်ချေး” ဖြစ်နေသူများ အိမ်ထောင်ရေးပြဿနာ အလွန်ကြီးမားနိုင်တယ်။
-      အကောင်း နဲ့ အဆိုးရော ဆိုတာလို စီးပွားရေး နဲ့ လာဘ်လာဘတွေမှာ ကောင်းနိုင်ပေမယ့် ဒီနှစ်ထဲမှာ ဘေးဥပဒ်ကြီးတွေ ကြုံနိုင်တယ်။ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) နဲ့ စနေ သားသမီးတွေ အထူးသတိထားရမယ်။ Accident တွေကြုံနိုင်တယ်။
-      ညီအစ်ကို မောင်နှမ ၊ မိခင် တစ်ဦးဦး ဆုံးရှုံးတတ်တယ်။ ယာယီ (သို့) ထာဝရ ခွဲခွာရတတ်တယ်။
-      အမွေရကိန်း ရှိတယ်။ အမွေနဲ့ ရပိုင်ခွင့် ကိစ္စ တရားတစ်ဘောင်ဖြစ်ရင် ကိုယ်က အနိုင်ရကိန်း ရှိတယ်။
-      လျှို့ဝှက်သော ၊  လူသိမခံနိုင်သော နေရာများမှ ငွေကြေးအမြောက်အများ ၀င်ကိန်းရှိတယ်။
-      သားသမီးရှိသူများ သားသမီးအတွက် အပူသောက ကြုံရတတ်တယ်။
-      အိမ်ထောင်ရှိသူများ အကျင့်စာရိတ္တမကောင်းသော ဆန့်ကျင်ဘက် လိင်များနှင့် ညိစွန်းတတ်တယ်။ သို့မဟုတ် မလွတ်လပ်သော သူများနှင့် ညိစွန်းတတ်တယ်။
-      ၂၀၁၂ ခုနှစ်မှာ ပြိဿရာသီဖွားမွေးသူများထဲက ကြာသပတေး နဲ့ သောကြာသားသမီးများ  ကံကောင်းမှုကို အထူး ရရှိ နိုင်တယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် မကျန်းမမာဖြစ်နေတဲ့ သံဃာတစ်ပါးကို “ရဲယို” ဆေးဓာတ်စာကို လှူဒါန်းလိုက်ပြီး ၊ တန်ခိုးကြီးဘုရားတစ်ဆူမှာ ရွှေသင်္ကန်း ကပ်လှူလိုက်ပါ။
.

မေထုန်ရာသီဖွားများ

.
မေထုန်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      မိမိရဲ့ ကိုယ်စွမ်းကိုယ်စများ ထက်မြက်နေမယ်။ ကိုယ်စွမ်းအား စိတ်စွမ်းအားတွေ မြင့်တတ်နေမယ်။ အရာရာကို အကောင်းမြင်နေပြီး မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေမယ်။
-      အလုပ်အကိုင် အပြောင်းအလဲဖြစ်ကိန်း ရှိတယ်။ ကံဇာတာမကောင်းသူများအတွက် အလုပ်ပြုတ်ကိန်း ၊ အလုပ်တာဝန်မှ ရပ်စဲခံရကိန်းမျိုး ရှိတတ်တယ်။ ကံဇာတာ ကောင်းရင်တော့ ပိုကောင်းတဲ့ အလုပ်နေရာကို ပြောင်းလဲရကိန်း ရှိတယ်။
-      လူပျို၊ အပျိုများ မမျှော်လင့်ဘဲ ရုတ်တရက် အိမ်ထောင်ကျတတ်တယ်။ အိမ်ထောင် ရှိသူများလည်း အိမ်ထောင်ရေး အရှုပ်အထွေးများ ၀င်လာတတ်တယ်။ လျှို့ဝှက်သော အိမ်ထောင်ရေး ကိစ္စများ ကြုံတွေ့လာနိုင်တယ်။ နဂိုကတည်းက အိမ်ထောင်ရေး အလွန်အမင်း အဆင်မပြေသူများ အိမ်ထောင် ဘက်နှင့် လမ်းခွဲရတတ်သည်အထိ ဖြစ်တတ်လို့ သတိပြုပါ။
-      တစ်ချို့ကျပြန်တော့လည်း အိမ်ထောင်ဘက်ဖြစ်သူ တနယ်တစ်ကျေး ၊ နိုင်ငံရပ်ခြားများကို အလုပ်အကိုင်အတွက် သွားရောက်ရလို့ ခေတ္တခဏ ကွဲကွာကိန်း ရှိနိုင်တယ်။
-      ယာဉ်ကား ၊ အိမ်ခြံမြေ ကိစ္စတွေမှာတော့ ကံကောင်းတွေ များစွာ ရှိနိုင်တာကို တွေ့ရပါတယ်။ ယာဉ်ကား ၊ စက်ပစ္စည်း ကရိယာ ၊ စက်မှုလက်မှုလုပ်ငန်း ၊ စာပေထုတ်လုပ်ရေးလုပ်ငန်း ၊ ပုံနှိပ်လုပ်ငန်း များကနေ အကျိုးအမြတ်များစွာ ရရှိနိုင်တယ်။
-      နိုင်ငံရပ်ခြားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံကောင်းနိုင်တယ်။ နိုင်ငံခြားထွက်မည့်သူများ လွယ်ကူ အဆင်ပြေစွာ ထွက်ခွာခွင့် ရနိုင်တဲ့ နှစ်မျိုြးုဖစ်တယ်။
-      အစုရှယ်ယာ လုပ်ငန်း ၊ ဖက်စပ်လုပ်ငန်း လုပ်ကိုင်သူများ ပါတနာအချင်းချင်း ပြဿနာ ပေါ်နိုင်တယ်။ လုပ်ဖော်ကိုင်ဖက်များအတွင်း မရိုးသားမှု ၊ သစ္စာဖောက်မှုများ ကြုံနိုင်တယ်။
-      ယျေဘူယျအားဖြင့် မေထုန်ရာသီဖွားများအတွက် အညံ့များနိုင်တဲ့ နှစ်လို့ ယူဆနိုင်ပေမယ့် မမျှော်လင့်ဘဲ ငွေကြေးအလုံးအရင်း နဲ့ ၀င်ရောက်ကိန်းမျိုးတွေလည်း ရှိနေတာကို တွေ့ရ ပြန်ပါတယ်။ စိုင်ကော်လို့ ခြံပေါ်ရောက်တဲ့ကိန်းမျိုး ၊ မရွယ်ဘဲနဲ့  စော်ကဲမင်းဖြစ် ကိန်းမျိုးတွေလည်း ရှိနေပါတယ်။
-      ၂၀၁၂ ခုနှစ်မှာ မေထုန်ရာသီဖွားမွေးသူများထဲက တနင်္လာ ၊ အင်္ဂါ ၊ သောကြာ သားသမီးများ ကံဇာတာ ကောင်းမွန်မှုကို ပိုမို ရရှိနိုင်မှာဖြစ်ပါတယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် မိမိနေအိမ် ဧည့်ခန်း အမြင့်တစ်နေရာမှာ  ရွှေရောင် ဇီးကွက်ရုပ် (၂)ရုပ်ကို ၀ယ်ယူထားရှိလိုက်ပါ။
.

ကရကဋ်ရာသီဖွားများ

.
ကရကဋ်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ရှေးဘ၀များစွာက မိမိပြုဖူးတဲ့ ကုသိုလ်အကျိုးဆက်တွေ ၊ ယခုဘ၀မှာ ပြုထားတဲ့ ဒါန ၊ သီလ ၊ ဘာဝနာ အကျိုးတွေကို အများအပြား ခံစားရရှိမယ့် နှစ်ဖြစ်ပါတယ်။
-      မိမိရဲ့ ဂုဏ်သိက္ခာ မြင့်မားတိုးတက်ပြီး လူအများရဲ့ လေးစားမှုကို ခံရမယ့် နှစ်မျိုးဖြစ်တယ်။ နိုင်ငံတော် ချီးမြှင့်တဲ့ ဘွဲ့ထူး ၊ ဂုဏ်ထူးတွေ ရရှိတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ ပညာရေးကံ ကောင်းတာကြောင့် ကျောင်းသူကျောင်းသားများ ၊ အဆင့်မြင့် ပညာများကို သင်ကြားနေသူများအတွက် အဆင့်မြင့်မားစွာ အောင်မြင်မှု ရရှိမယ့်နှစ်မျိုး ဖြစ်တယ်။
-      လုပ်ငန်းရှင်များအတွက် အလုပ်ခွင်အတွင်းမှာ အလုပ်သမား အဓိကရုဏ်တွေ ၊ အလုပ်သမား ပြဿနာ တွေ များစွာကြုံတွေ့နိုင်ပေမယ့် အောင်မြင်စွာ ဖြေရှင်းနိုင်မယ့် အခြေအနေ မျိုးမှာရှိပါတယ်။
-      တီထွင်ဖန်တီးလိုတဲ့စိတ် ၊ တိုးတက်အောင် ကြံဆလိုတဲ့ စိတ်တွေမြင့်မားနေပြီး မိမိလုပ်ငန်းကို ဆန်းသစ်တီထွင်မှုနဲ့ အောင်မြင်အောင် လုပ်နိုင်လိမ့်မယ်။
-      တစ်ချို့သော ကရကဋ်ရာသီဖွားများမှာတော့ ငွေကြေးလာဘ်လာဘတွေ များစွာဝင်ရောက်ပေမယ့် အများအပြား ပြန်လည်ဆုံးရှုံးရကိန်းလည်း ရှိနေတာကို တွေ့ရတယ်။ မစင်ကြယ်တဲ့ ငွေမျိုးဆိုရင် ဒီလို ဖြစ်ကိန်းရှိတယ်။
-      ဒီနှစ်ထဲမှာ အရာရာမှာ ရဲဝံ့စွန့်စားလိုစိတ် ရှိနေမယ်။ တုန်းတိုက်ကျားကိုက် လုပ်ချင်စိတ်တွေ များနေမယ်။ ဆုံးဖြတ်ချက်တွေ မြန်ဆန်မယ်။ (အမှန်လည်း များနေတတ်တယ်)။ အရာရာမှာ သတ္တိကောင်းနေလိမ့်မယ်။
-      ဘဏ်များနှင့် ဆက်သွယ်ပြီး ငွေကြေးချေးငှားလုပ်လိုသူများ ငွေကြေးအမြောက်အများ ချေးငှားရရှိ နိုင်တယ်။ ဘဏ်များနှင့် ဆက်သွယ်လုပ်ကိုင်ရတဲ့ လုပ်ငန်းများမှ အကျိုးပေးမယ်။
-      တစ်ခုသတိထားရမှာက ဒီနှစ်ထဲမှာ ကုန်သည်လုပ်ငန်း ၊ ပွဲရုံလုပ်ငန်း ၊ ရွှေဆိုင်လုပ်ငန်းများ လုပ်ကိုင်သူများ ငွေကြေးလောဘနောက်ကို သိပ်မလိုက်ပါနဲ့။ ယုံကြည်စိတ်ချရမှု တစ်ခုထဲနဲ့ ရင်းနှီးမြုတ်နှံရမှုမျိုး မလုပ်စေလိုပါ။ အဆုံးအရှုံး များစွာရှိနိုင်ပါတယ်။
-      ၂၀၁၂ ခုနှစ်မှာ ကရကဋ်ရာသီဖွားမွေးသူများထဲက တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး သားသမီးများ ကံဇာတာ တိုးတက် ကောင်းမွန်မှု အထူးရရှိနိုင်ပါတယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် မိမိနေအိမ်ဘုရားမှာ “စံပယ်ပန်း”  များကို မကြာခဏ ကပ်လှူပူဇော်ပေးပါ။
.

သိဟ်ရာသီဖွားများ

.
သိဟ်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ဒီနှစ်ထဲမှာ ဘာလုပ်လုပ် ချောချောမွေ့မွေ့ အဆင်ပြေပြေ ဖြစ်ခဲတယ်။ အခက်အခဲများနေမယ်။ မိမိကို အတိုက်အခံ ရန်ပြုမယ့်သူ များနေမယ်။
-      ကျန်းမာရေးကလည်း ချုခြာနေမယ်။ တစ်နေ့ရွှေ တစ်နေ့ငွေ ဆိုတာလို ဖြစ်နေတတ်တယ်။ ရောဂါအခံရှိသူဆိုရင် ရောဂါပိုတိုးတတ်တယ်။
-      အေးအေးလူလူ အငြိမ်မနေရဘဲ လှုပ်ရှားသွားလာရမှုတွေ များလွန်းနေမယ်။ ခရီးတိုတွေ မကြာခဏ သွားနေရတတ်တယ်။
-      ဒီနှစ်ထဲမှာ စိတ်ဓာတ်ပြတ်သားမှု အားနည်းနေမယ်။ အရာရာကို တွန့်ဆုတ်နေမယ်။ စဉ်းစားတွေဝေ မှုတွေများနေမယ်။ သတ္တိရှိတဲ့လူဆိုရင်တောင်မှ အကြောက်တရားတွေ များနေတတ်တယ်။
-      ဒါပေမယ့် ဒီလို အလုပ်အကိုင် ၊ စီးပွားရေး အခက်အခဲတွေ များနိုင်ပေမယ့် အချစ်ရေးကံလေးက အဆင်ပြေနေတာကြောင့် လူပျို၊  အပျိုများ အိမ်ထောင်ကျနိုင်တဲ့ နှစ်လည်း ဖြစ်တတ်တယ်။
-      အိမ်ထောင်ရေး အဆင်မပြေလို့ အမြဲရန်သတ်နေတဲ့ အိမ်ထောင်ရေးများကျပြန်တော့လည်း ဒီနှစ်မှာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုတာလို မဖြစ်သင့် မဖြစ်အပ်တာတွေ ဖြစ်တတ်ပြန်ရော။
-      အလုပ်အကိုင် အချီကြီးတွေ ၀င်လာလိမ့်မယ်။ ဒါပေမယ့် တကယ်လုပ်ကြည့်တော့ အဆင်မပြေတာက ပိုများနေမယ်။ “တွက်ရေးကတော့ စက်သူဌေး ၊ တွက်ကြည့်တော့ အမြတ်မရှိ” ဆိုတာမျိုး ဖြစ်နေတတ် တယ်။
-      ငွေကြေး ကံကတော့ ကောင်းနေမယ်။ ငွေစုံငွေပုံဝင်ကိန်းတောင်မှ ရှိတတ်ပါတယ်။ ဒီနှစ်ထဲမှာ ကံကြမ္မာ အညံ့တွေ ပြေပျောက်အောင် အလှူဒါနကိုများများပြုပေးပါ။ ငွေများများဝင်တဲ့ အခါတိုင်း အလှူဒါနတစ်ခုခုပြုဖို့ မမေ့ပါနဲ့။ ဒါဆို ကံအညံ့တွေ အတော်ပြေပျောက်သွားနိုင်ပါတယ်။
-      ဒီနှစ်ထဲမှာ အိမ်ခြံမြေ (သို့) ယာဉ်ကား များနဲ့ ပတ်သက်ပြီး ကံကောင်းမှု များနိုင်တယ်။ အကျိုးအမြတ် များနိုင်တယ်။ အိမ်ခြံမြေ ယာဉ်ကား ပိုင်ဆိုင်ရတတ်တဲ့ ကံဇာတာရှိတယ်။
-      ၂၀၁၂ ခုနှစ်မှာ သိဟ်ရာသီဖွားမွေးသူများထဲက တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး သားသမီးများ ကံဇာတာ ပိုမိုတိုးတက်ကောင်းမွန်နိုင်ပါတယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် မိမိနေအိမ်ဘုရားမှာ ကံ့ကော်ပန်း ၊ ကံ့ကော်ညွန့်များ မကြာခဏ ကပ်လှူပူဇော်ပေးပါ။
.

ကန်ရာသီဖွားများ

.
ကန်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ငွေကြေး မြောက်များစွာ ၀င်ကိန်းရှိတဲ့ နှစ်မျိုးဖြစ်တယ်။ ၀င်နိုင်တဲ့ နည်းလမ်းတွေကတော့  ထီပေါက် ခြင်း ၊ အမွေရခြင်း ၊ ချေးယူ၍ ရရှိခြင်း ၊ ဘဏ်မှ ချေးငွေ ထုတ်ပေးခြင်း ၊ တရားမမှုများ အနိုင်ရခြင်းကြောင့် ဘာသာရေး နှင့် ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စတွေဆောင်ရွက်ရကိန်း ရှိပါတယ်။ အလှူဒါန ကြီးကြီးမားမား ပြုရကိန်း ရှိပါတယ်။ တရားဘာဝနာ အားထုတ်ခြင်း ကိစ္စများလည်း ပြုလုပ်လိုစိတ် များပြားနေတတ်ပါတယ်။
-      အလှူဒါန ပြုလုပ်လေလေ ငွေကြေးလာဘ်လာဘ ၀င်လေလေ ဖြစ်နိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။ “ဘယ်ဘက်က တစ်ဆုပ်ကြဲ ၊ ညာဖက်က တစ်လှည်းဝင်” ဆိုတဲ့ စကားလိုပေါ့။
-      မတော်တဆ ထိခိုက်မှု Accident ဖြစ်မှုများကို အထူးသတိပြုရပါမယ်။ ဒါပေမယ့် သူတော်ကောင်းကို နတ်ကောင်းစောင့် ဆိုတာလို ကုသိုလ်အားများသူအဖို့ အန္တရာယ်ကနေ လွတ်နိုင်ပါတယ်။ အကုသိုလ် များသူများအတွက်တော့ အသက်ဆုံးရှုံးနိုင်လောက်တဲ့ ဘေးဥပဒ် မျိုးကြီးတွေ ကြုံနိုင်တာ သတိထားပါ။ အထူးသဖြင့် ကား Accident နှင့် မီးဘေး ၊ ပေါက်ကွဲမှုဘေး ၊ လျှပ်စစ်ဘေးများ သတိထားပါ။
-      အိုးအိမ်အဆောက်အဦး နဲ့ ယာဉ်ကာများနဲ့ ပတ်သက်ပြီး ကောင်းကျိုးခံစားရမယ်။ အိုးသစ်အိမ်သစ် ၊ ယာဉ်ကားအသစ်များ ၀င်ကိန်းရှိတယ်။ ပိုင်ဆိုင်ရတတ်ပါတယ်။
-      အချစ်ရေးကံ ကောင်းမွန်တတ်တဲ့ နှစ်မျိုးဖြစ်ပြီး အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူများ အိမ်ထောင်ပြု ဖြစ်မယ့် နှစ်မျိုးဖြစ်ပါတယ်။ တင့်တယ်ကောင်းမြတ်သော မင်္ဂလာ အခမ်းအနားမျိုး ကျင်းပပြုလုပ် ရတတ်ပါတယ်။
-      ဒီနှစ်ထဲမှာ အထူးသတိထားရမှာက Accident ဖြစ်တာကြောင့် မိမိကိုးကွယ်ရာ ဘာသာတရားကို မမေ့ပါနှင့်။ ဒီနှစ်ထဲမှာ သူတော်ကောင်းပါမှ နတ်ကောင်း မ, မှာဖြစ်ပြီး သူတော်ကောင်း မဟုတ်ပါက နတ်များ၏ ပြစ်ဒဏ်ခတ်မှုကို ခံရမည့် နှစ်ဖြစ်ကြောင်း စေတနာဖြင့် သတိပေးချင်ပါတယ်။
-      ၂၀၁၂ ခုနှစ်မှာ ကန်ရာသီဖွားမွေးသူများထဲက တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ ၊ ကြာသပတေး သားသမီးများ ကံဇာတာ ကောင်းမွန်မှုများကို ပိုမိုရရှိခံစားနိုင်တယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိပြီး ကံဆိုးလွတ်အောင် အဓိဌာန်ပုတီးစိပ်ခြင်း ၊ အလှူဒါန မကြာခဏပြုပေးခြင်း ၊ လူမှုရေးလုပ်ငန်းများကို (လူချီးမွမ်းခံရဖို့မဟုတ်ဘဲ) စေတနာ မှန်စွာဖြင့် ဆောင်ရွက်ပေးခြင်းများကို ယတြာအနေဖြင့် ပြုလုပ်ပေးသင့်ပါကြောင်း။
.

တူရာသီဖွားများ

.
တူရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ကံကောင်းမှု ကံညံ့မှုတွေ ရောထွေးနေတဲ့ နှစ်ဖြစ်လိမ့်မယ်။ မိမိကြိုးစားမှု အသီးအပွင့်တွေကို ခံစားရမယ့်နှစ် ဖြစ်တယ်။ စိတ်ကူးကောင်း ၊ အကြံကောင်းဉာဏ်ကောင်း တွေကြောင့် မိမိအခြေအနေ တိုးတက်မြင့်မားလာရမယ့် နှစ်မျိုးဖြစ်တယ်။
-      ဒါပေမယ့် ငွေကြေး အမြောက်အများ ဆုံးရှုံးကိန်း ရှိနေတယ်။ သတိအတော်ထားနိုင်မှ ရမယ်။ များသောအားဖြင့် လူလိမ်ခံရတာမျိုးဖြစ်နိုင်ပြီး ၊ ရန်သူမျိုးငါးပါး (မီးဘေး ၊ ရေဘေး ၊ လေဘေး၊ ငလျှင်ဘေး) များကြောင့်လည်း ဖြစ်နိုင်တယ်။
-      အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးကတောက်ကဆ ဖြစ်ရာမှ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသကဲ့သို့ မထင်မှတ်ဘဲ အိမ်ထောင်ရေး ရုတ်တရက် ပြိုကွဲသွားနိုင်တဲ့ ကံမျိုးလည်း ရှိနေတယ်။ သို့မဟုတ်ရင်လည်း အိမ်ထောင်ဘက် ကျန်းမာရေး အလွန်အမင်း ထိခိုက်မှုမျိုးလည်း ဖြစ်နိုင်တယ်။
-      အစုစပ်လုပ်ငန်းများ ၊ ရှယ်ယာလုပ်ငန်းများ လုပ်သူများ အထူးသတိထားပါ။ မရိုးသားသသော ရှယ်ယာရှင်တစ်ဦးကြောင့် ငွေကြေးဆုံးရှုံးရကိန်းများ ရှိနိုင်ပါတယ်။
-      ၀န်ထမ်းများအတွက်မူ ရာထူးတက်ကိန်း ၊ လစာတိုးတက်ကိန်း ၊ နေရာကောင်းများသို့ ရောက်ကိန်းများ ရှိနေတတ်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်များကတော့ လုပ်ငန်း အမှားအယွင်း မဖြစ်အောင် သတိထားဖို့လိုပါတယ်။
-      ကောင်းသော အချက်တစ်ခုမှာ မိမိအား အမြဲတိုက်ခိုက် နေသူများ ၊ ရန်သူများ ၊ လုပ်ငန်းပြိုင်ဘက်များ အင်အားနည်းသွားရာမှ သူ့အလိုလို နောက်ဆုတ် သွားခြင်းမျိုး ကြုံရတတ်ပါတယ်။ ရန်ချုပ်ငြိမ်းနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။
-      ၂၀၁၂ ခုနှစ်မှာ တူရာသီဖွားမွေးသူများထဲက တနင်္ဂနွေ ၊ သောကြာ ၊ တနင်္လာ ၊ စနေ သားသမီးများ ကံဇာတာ ပိုမို တိုးတက်မှုကို ရရှိခံစားနိုင်ပါတယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိပြီး ကံဆိုးလွတ်အောင် ဘာသာတရားများများ လုပ်ပေးခြင်း ၊ လုပ်ငန်းများကို အကျယ်မချဲ့ခြင်း ၊ ၀ိပဿနာ ဘာဝနာများကို အခါအားလျှော်စွာ ကျင့်ကြံပွားများပေးခြင်းများကို မကြာခဏ ပြုလုပ်ပေးပါလို့ အကြံပြုလိုပါတယ်။
 .

ဗြိစ္ဆာရာသီဖွားများ

.
ဗြိစ္ဆာရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ဒီနှစ်မှာ “ကြံတိုင်းအောင် ဆောင်တိုင်းမြောက်” ဆိုတာလို ဖြစ်နိုင်တဲ့နှစ် ဖြစ်တယ်။ ငွေကြေးစီးပွားဥစ္စာ များစွာဝင်ရောက်ခြင်း ၊ အလုပ်ရာထူးတိုးတက်ခြင်း ၊ လစာတိုးတတ်ခြင်း ၊ နေရာဌာနကောင်းကို ရောက်ခြင်း စသော ကောင်းခြင်းများ တစ်ခုမဟုတ်တစ်ခု ခံစားရရှိကိန်း ရှိပါတယ်။ တစ်ဦးခြင်း ကံကြမ္မာအလိုက် တစ်ချို့သော သူများမှာ ဆိုရင် ဘ၀မှာ တစ်ကြိမ်တစ်ခါမှ မကိုင်ဘူးတဲ့ ၀င်ငွေပမာဏ မျိုးတောင်မှ ရရှိနိုင်တယ်။
-      အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ကျဖို့ အလွန်အားများတဲ့ နှစ်ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ရင်လည်း နေဖို့ထိုင်ဖို့ ကိစ္စတွေမှာပါ ဆက်ပြီး အဆင်ပြေနိုင်တယ်။
-      ဒီနှစ်ဟာ စီးပွားရေးလုပ်ငန်းရှင် ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်သူများအတွက် အလွန်စီးပွား တိုးတက်ပြီး ငွေကြေးစုဆောင်းမိနိုင်တဲ့ နှစ်မျိုးဖြစ်လို့ ကံကောင်းမှုအပေါ်မှာ ဉာဏ် ၊ ၀ီရိယကို အစွမ်း ကုန်အသုံးချပြီး ကြိုးစားလုပ်ကိုင်ပါ။
-      သို့သော် မိမိဂုဏ်သိက္ခာ ၊ နာမည်ဂုဏ်သတင်းနဲ့ ပတ်သတ်ပြီး လျှို့ဝှက်လုပ်ကြံဖန်တီး ဖျက်ဆီး ခံရမယ့် ကိန်းမျိုးလည်း ရှိနေတာ သတိပြုပါ။
-      မိခင်၊ ဖခင် အကြီးအကဲများ ကျန်းမာရေးချို့ယွင်းတတ်ပြီး အသည်းအသန်ဖြစ်တတ်တယ်။
-      ယာဉ်ကား အသစ်များဝယ်ယူမည့်သူများ ၀ယ်ယူရရှိနိုင်မဲ့ ကံကြမ္မာအခွင့်အရေးများ ပေါ်ပေါက်မယ်။
-      ဒီနှစ်ထဲမှာ အိမ်ခြံမြေ ၊ တိုက်ခန်း အိမ်ယာ ၊ မိခင်ဖခင် ၊ ညီအစ်ကိုမောင်နှမ များထဲက တစ်ခုမဟုတ် တစ်ခု “ထွက်ကိန်း” ရှိတယ်။ ကောင်းသောထွက်ခြင်း နဲ့ မကောင်းသောထွက်ခြင်း ဖြစ်မဖြစ်ဆိုတာ ကတော့ တစ်ဦးခြင်းစီရဲ့ ရောက်နေတဲ့ အသက်ပိုင်းနဲ့ ဆိုင်မယ်။ (ကောင်းသော ထွက်ခြင်းဆိုတာ အကျိုးအမြတ်၊ ကောင်းကျိုးရပြီးထွက်တာ/ မကောင်းသော ထွက်ခြင်းဆိုတာ ဆုံးရှုံးခြင်း ၊ ကြေကွဲခြင်း ဖြစ်ပြီးထွက်တာ)
-      လူမှုဆက်ဆံရေးပိုင်း မပြေမပြစ်ဖြစ်မယ်။ ဒီနှစ်ထဲမှာ စိတ်ခံစားချက်အနေနဲ့ တော်လှန်ပုန်ကန်လိုစိတ် ၊ သူတစ်ပါးကို ဝေဖန်ရှုတ်ချလိုစိတ် ၊ ကိုယ့်စိတ်ထဲမှာ မှန်တယ်ထင်ရာကို သိပ်ပြောချင်လွန်းတဲ့ စိတ်တွေ ဖြစ်နေမယ်။
-      ဒီနှစ်ထဲမှာ  နိုင်ငံခြားကို ထွက်မည့် ကိစ္စများနှင့် ပတ်သက်ပြီး အခက်အခဲများစွာ ရှိနိုင်တယ်။ ထွက်ဖြစ်ရင်တောင် နှောင့်နှေးကြန့်ကြာမှုများ ကြုံရပြီးမှ ထွက်ရတတ်တယ်။
-      ၂၀၁၂ ခုနှစ်မှာ ဗြိစ္ဆာရာသီဖွားမွေးသူများထဲက အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး သားသမီးများ ကံဇာတာ အထူးတိုးတက် ကောင်းမွန်မှုကို ခံစားရရှိနိုင်တယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိသည်ထက် ရရှိအောင် ရပ်ကွက်ထဲမှာ သီလရှင်တွေ၊ သီလရှင်ကျောင်းတွေမှာ “ဆန်” ကို အဓိကထားပြီး အလှူဒါနပြုပေးပါ။ သို့မဟုတ် နွမ်းပါးတဲ့ ကျောင်းသားငယ်လေးတွေကို “စာအုပ်၊ စာရေးကရိယာများ” လှူဒါန်းလိုက်ပါ။
 .

ဓနုရာသီဖွားများ

.
ဓနုရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ဒီနှစ်မှာ ကိုယ့်ဘ၀မှာ မှတ်လောက်သားလောက်အောင် “ရှုတ်ထွေးပွေလီမှု” များနဲ့ ကြုံနိုင်တယ်။ အထူးသဖြင့် အိမ်ထောင်ရေး ရှုတ်ထွေးမှုက အဓိကနေရာက ပါလိမ့်မယ်။
-      ဘာလုပ်လုပ် အတိုက်အခံ ၊ အနှောင့်အယှက် များနေမယ်။ ရန်များမယ်။ အလိုလိုနေရင်း ရန်ရှနေသူမျိုး ကြုံရမယ်။
-      ဘယ်လောက်ချမ်းသာသူဖြစ်ဖြစ် အကြွေးတင်တတ်တယ်။ အနည်းဆုံး ဘဏ်ကြွေး တင်တတ်တယ်။ လုပ်ငန်းမှာ ငွေမလည်ဘဲ ငွေကြပ်နေတတ်တယ်။
-      အလုပ်တာဝန်တွေ အလွန်ပိမယ်။ သူများတွေ မယူချင်တဲ့ တာဝန်တွေ ယူရမယ်။ ခက်ခဲပြီး အန္တရာယ် များတဲ့ အလုပ်တွေ တာဝန်ယူရတတ်တယ်။
-      အချို့သော ဓနုရာသီဖွားများမှာ တရားတစ်ဘောင် အမှုအခင်းဖြစ်ဖွယ်ရှိတယ်။ ယာဉ်ကား နဲ့ ပတ်သက်ပြီးသော်၎င်း ၊ ညီအစ်ကိုမောင်နှမခြင်း အမွေလုတဲ့ ကိစ္စများကြောင့်သော်၎င်း ဖြစ်ဖို့ ရှိတယ်။
-      အိမ်ထောင်ရှိသူများ ၊ အိမ်ထောင်ရေး ကတောက်ကဆ မကြာခဏဖြစ်နေမယ်။ မျက်နှာခြင်း ဆိုင်လိုက်တာနဲ့ ပြဿနာဖြစ်တော့တဲ့ အခြေအနေမျိုးတွေထိ ရောက်နိုင်တယ်။
-      မကောင်းတာတွေ များလှချည်းလားလို့ မညဉ်းပါနဲ့ဦး။ ကောင်းတာတစ်ခု ရှိပါတယ်။ ဒါကတော့ ဒီနှစ်ထဲမှာ ငွေစုငွေပုံ  မြောက်များစွာ ၀င်ကိန်းရှိပါတယ်။ ထီပေါက်ခြင်း၊ အမွေရခြင်း ၊ မြေအောက်မှ ရတနာပစ္စည်း ၊ ရွှေသတ္တု ၊ ရေနံ အစရှိသော တွင်းထွက်ပစ္စည်းများ ရရှိခြင်း ၊ လျှို့ဝှက်သော နည်းလမ်းများမှ၎င်း ၊ ငွေကြေးအစုအပုံရရှိနိုင်တယ်။ အထူးသဖြင့် “ထီပေါက်ကိန်း” သိပ်များနေလို့ လစဉ်ပုံမှန် ထီထိုးပေးပါ။
-      လူမှုရေးလုပ်ငန်း ၊ အများအကျိုးလုပ်ငန်းများ လုပ်နေသူများအတွက်တော့ ဒီနှစ်မှာ နာမည်ဂုဏ် သတင်း အလွန်မွှေးပျံ့နိုင်ပြီး လူအများကြားမှာ အလွန်ထင်ရှားလာမယ်။ ပြည်တွင်း ပြည်ပက ချီးမြှင့်တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ ရနိုင် တယ်။
-      သားသမီးရှိသူများ သားသမီးအတွက် အပူတွေ့နိုင်တယ်။ ငယ်သောသားမီးများမှာ ကျန်းမာရေး ၊ ကြီးသော သားသမီးများမှာ ပညာရေး နဲ့ အချစ်ရေးတွေကြောင့် စိတ်ဆင်းရဲရကိန်း ရှိတတ်တယ်။
-      ဒီနှစ်ထဲမှာ သဘာဝဘေးဥပဒ်တွေဖြစ်တဲ့ ရေ၊ မီး ၊ လေဘေး ၊ ငလျှင်ဘေး ၊ ပေါက်ကွဲမှု ဘေးများ ကြုံရဖွယ်ရှိလို့ ရတနာ(၃)ပါးကို မမေ့မလျော့ဆည်းကပ်ပါ။ အကုသိုလ်တရားနည်းအောင် နေပြီး ကုသိုလ်တရားများ များများပွားများပေးပါ။
-      ၂၀၁၂ ခုနှစ်မှာ ဓနုရာသီဖွားမွေးသူများထဲက တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) နဲ့ စနေ သားသမီးများ အဆိုးနည်းပြီး ကံဇာတာကောင်းမှုများကို ပိုမိုခံစားရဖွယ်ရှိတယ်။ ဒါပေမယ့် Accident များကိုတော့ အထူးသတိထားရပါမယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံအညံ့တွေ လွတ်ပြီး ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် ရတနာ(၃)ပါးကို အမြဲဆည်းကပ်ကိုးကွယ်ခြင်း ၊ လူအို ၊ လူနာ (မကျန်းမာသောသူများ) အား ဆေးဝါးဒါနပြုပေးခြင်း၊ နေအိမ်ဘုရားမှာ အင်္ဂါနံနဲ့ စ,တဲ့ “ဇွန်ပန်း ၊ ဇော်စိမ်း၊ စွယ်တော် ၊ ဇလပ် ၊ ဇီဇ၀ါ” ပန်း၊ အညွှန့်များ မကြာခဏ ကပ်လှူပေးပါ။ အင်္ဂါနံနဲ့စ, ပေမယ့် (စံပယ်)ကိုတော့ ရှောင်ပါ။
 .

မကာရရာသီဖွားများ

.
မကာရရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      နာမည်ဂုဏ်သတင်း ကျော်စောမယ်။ လူသိများပြီး ထင်ရှားလာမယ်။ ဘုန်းတန်ခိုး သြဇာတက်လာမယ်။ နမည်ကျော်ကြားမှုနဲ့အတူ ငွေကြေး ၊ ဓန ၊ လာဘ်လာဘများလည်း အတူဝင်ရောက်လာမယ်။
-      ဒါကြောင့် ဒီနှစ်ဟာ အနုပညာသမားများ ၊ နာမည်တစ်လုံးနဲ့ အသက်မွေးသူများ အလွန်ကောင်းစား နိုင်တဲ့ နှစ်ဖြစ်တယ်လို့ ဆိုနိုင်တယ်။
-      ဒီနှစ်ဟာ မကာရရာသီဖွားများအတွက် “ငွေကြေး နဲ့ ကျော်ကြားမှု” တွေကို ဆောင်ကျဉ်းပေးမယ့် နှစ်ဖြစ်လို့ တစ်ဖက်ကလည်း ကံတရားကိုချည်း မှီခိုမနေဘဲ ဉာဏ် ၊ ၀ီရိယများကိုလည်း အစွမ်းကုန် စိုက်ထုတ်ကြီးစားမယ်ဆိုရင် “ဘ၀အလှည့်အပြောင်း” (Turning Point) ဖြစ်သွားနိုင်တဲ့ နှစ်မျိုး ဖြစ်နိုင် ပါတယ်။
-      အိမ်ထောင်ရှင်များအတွက်တော့ အိမ်ထောင်ရေး ပြဿနာ အနည်းအကျဉ်းတက်နိုင်ပေမယ့် သိပ်ဆိုးဆိုးဝါးဝါး ဖြစ်လောက်တဲ့ နှစ်တော့ မဟုတ်နိုင်ပါဘူး။
-      ဒီနှစ်ထဲမှာ အိမ်မှာ သိပ်မကပ်ရတဲ့ဘဲ မိသားစုနဲ့ နီးနီးကပ်ကပ်နေရမှု နည်းလိမ့်မယ်။ ခရီးတို ခရီးရှည် တွေ များပြားနိုင်တယ်။ အလုပ်ကြီး အကိုင်ကြီး လုပ်သူများ နိုင်ငံခြားတိုင်းပြည်မျာကို အိမ်ဦးနဲ့ကြမ်းပြင် ဆိုတာလို မကြာခဏသွားလာနေရတတ်တယ်။
-      စိတ်ကူးကောင်း ၊ အကြံဉာဏ်ကောင်းများ ထွက်ပေါ်လာပြီး အကြံကောင်း ဉာဏ်ကောင်း များကြောင့် အလုပ်အကိုင် တိုးတက်မှုများ ကြုံရမယ်။
-      နဂိုကတည်းက “ဇ” ရှိသူများ အိမ်ထောင်ရေး အရှုတ်အထွေးတွေဖြစ်မယ်။ အိမ်ထောင်ရှိသူများ ၊ မလွတ်လပ်သူများ ၊ အကျင့်စာရိတ္တမကောင်းသူများနှင့် တွေ့ကြုံညိစွန်းတတ်တယ်။
-      ၂၀၁၂ ခုနှစ်မှာ မကာရရာသီ မွေးဖွားသူများထဲက – တနင်္ဂနွေ ၊ အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ ၊ စနေ သားသမီးများ အထူးကံကောင်းနိုင်တယ်။ ဗုဒ္ဓဟူး(ရာဟု)မွေးသူများ စီးပွားရေး ၊ အောင်မြင်ရေး ကိစ္စတွေမှာ ကောင်းပေမယ့် အသက်ဘေးနီးတဲ့ ဘေးဥပဒ်ကြီးတွေ ကြုံရပြီး အံ့သြဖွယ်ရာကောင်း အောင် လွတ်မြောက်နိုင်တယ်။ ဗုဒ္ဓဟူး(ရာဟု)မွေးသူများ Accident နဲ့ ပေါက်ကွဲမှုဘေး၊ လေ/ရေ/မီး ဘေးများ သတိထားပါ။ ရတနာသုံးပါးကို အမြဲဆည်းကပ်ပါ။
-      ဒါကြောင့် ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် -  ရဲယိုသီး ဓာတ်စာဆေးကို နာမကျန်းသူများ ၊ သက်ကြီးရွယ်အိုများ ၊ သံဃာတော်များကို မကြာခဏ ကပ်လှူပေးပါ။ ကျိန်းကျေအောင် မိတ်ဆွေများထဲက ဆေးရုံဆေးခန်း တက်ရောက် ကုသနေရသူများ ရှိရင် လူနာမေး သွားဖြစ် အောင်သွားလိုက်ပါ။
 .

ကုံရာသီဖွားများ

.
ကုံရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ဒီနှစ်ဟာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲခြင်းတွေနဲ့ ကြုံဆုံရမယ့် နှစ်မျိုးဖြစ်တယ်။ ရုတ်တရက် မထင်မှတ်ဘဲ ဘ၀ ၊  အလုပ် ၊ နေရာထိုင်ခင်း အပြောင်းအလဲတွေ ကြုံနိုင်တယ်။ ဒါပေမယ့် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လိမ့်မယ်။
-      မိမိရဲ့ ကောင်းသော လုပ်ရပ်များ ၊ စွန့်လွှတ်အနစ်နာခံခဲ့ရမှုများ ၊ လှူဒါန်းပေးကမ်းခဲ့မှုများ ၊ အားနည်းသူများကို ကူညီစောင့်ရှောက်ခဲ့မှုများရဲ့ အကျိုးရလာဒ်များကို ခံစားရမယ့်နှစ် ဖြစ်နိုင်တယ်။ ကိုယ်လုပ်ခဲ့တဲ့ “ကုသိုလ်” တရားများ ကိုယ့်ကို ပြန်စောင့်ရှောက်မယ့် နှစ်ဖြစ်ပါတယ်။
-      လူပျို ၊ အပျိုများ “စန်း” အလွန်ပွင့်နိုင်တဲ့ နှစ်ဖြစ်ပြီး “စန်း” ပွင့်မှု အလွန်အရေးပါတဲ့ အနုပညာရှင်များ အတွက် အလွန်ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်လိမ့်မယ်။
-      ထီဝါသနာရှင်များအတွက် ဒီနှစ်ဟာ “ထီဆုကြီးများ” ပေါက်ဖို့ အခွင့်အလမ်း အများဆုံးနှစ်ဖြစ်တာ ကြောင့် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ လစဉ် ထီထိုးဖို့ မမေ့ပါနဲ့။ ကိုယ်တိုင်လည်းထိုးသင့်သလို စပ်တူလည်း ထိုးသင့်တယ်။ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု)သားများနဲ့ စပ်တူထိုးသင့်တယ်။ (ထီ ဆိုသည်မှာ အောင်ဘာလေ ထီကိုသာ ဆိုလိုပါသည်။ နှစ်လုံး ၊ ၃လုံးများနှင့်မသက်ဆိုင်ပါ)
-      နောက်ပြီး “အမေရိကား ရူး, ရူးနေသူများ” အတွက် အမေရိကန် ကံစမ်းမဲ ဗီဇာမျိုးလည်း ပေါက်တတ်တယ်။ မျှော်လင့်ချက်ရှိတယ်။
-      ယာဉ်ကား နဲ့ ပတ်သက်ပြီး Accident ကြုံရဖွယ်ရှိတယ်။ အားတော့ သိပ်မပြင်းလှပါဘူး။ ဒါပေမယ့် “သက္ခတ်” အညံ့ထဲ ရောက်နေရင်တော့ မပေါ့ဆကြပါနဲ့။
-      ပညာရေး အားကောင်းတဲ့ နှစ်ဖြစ်လို့ ကျောင်းသူကျောင်းသားများ ၊ ဘွဲ့လွန် တက်ရောက်နေသူများ ၊ လုပ်ငန်းဝင်ခွင့် စာမေးပွဲ ဖြေနေသူများ ထူးချွန်စွာ အောင်မြင်ဖို့ အခွင့်အလမ်းများ ရှိနေပါတယ်။
-      အိမ်ခြံမြေ ၊ ယာဉ်ကားများ နဲ့ ပတ်သက်ပြီး ကံကောင်းမှုများကို ခံစားရရှိနိုင်တယ်။ အိမ်ခြံမြေ၀င်ကိန်း (သို့) အိမ်ခြံမြေနှင့် ပတ်သတ်ပြီး အကျိုးအမြတ်များပြားမှုများ ကြုံရနိုင်တယ်။
-      ဖခင်ဖြစ်သူနဲ့ ပတ်သက်ပြီး ဂုဏ်ယူစရာ ကိစ္စတွေ ကြုံရနိုင်တယ်။ ဖခင်ဖြစ်သူရဲ့ ကံဇာတာ တက်ကိန်း ရှိပါတယ်။ ဖခင်ရဲ့ အကျိုးကျေးဇူးကို ခံစားရတာမျိုးလည်း ဖြစ်တတ်ပါတယ်။
-      နိုင်ငံရပ်ခြားကို သွားမည့်သူများအတွက် လွယ်ကူစွာ ထွက်ခွာခွင့် ရရှိနိုင်ပြီး သွားရင်လည်း အဆင်ပြေ တတ်ပါတယ်။
-      နိုင်ငံရပ်ခြား နှင့် ဆက်သွယ်လုပ်ကိုင်နေသော လုပ်ငန်းရှင်များလည်း အလွန်အကျိုးကျေးဇူး ရှိတတ် ပါတယ်။
-      ၂၀၁၂ ခုနှစ်မှာ ကုံရာသီ မွေးဖွားသူများထဲက ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာ နဲ့ စနေ သားသမီးများ ထူးခြားသိသာစွာ ကံကောင်းနိုင်ပါတယ်။ ကျန်နေ့သားသမီးများလည်း ထိုက်သင့်တဲ့ အကျိုးကျေးဇူးကို ခံစားရရှိပါလိမ့်မယ်။
-      ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် – သီဟိုစေ့ ၊ သရက်သီး ၊ သရက်သီး သနပ် များကို ဘုရားဆွမ်းကပ်ခြင်း ၊ သံဃာများအား ဆွမ်းလောင်းလှူပေးခြင်း ၊ မိတ်ဆွေများအား လက်ဆောင်ပေး ခြင်းများကို မကြာခဏပြုလုပ်ပေးပါ။ “သန္တာကျောက်” ကို အဆောင်အဖြစ် (ယခုနှစ်အတွက်) ၀တ်ဆင်ပေးပါ။
.

မိန်ရာသီဖွားများ

.
မိန်ရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
-      ယခုနှစ်အတွက် ကံကောင်း/ကံညံ့ ရောထွေးနေမယ့် နှစ်မျိုးဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝသူဘဲ ဖြစ်စေ ၊ လူလတ်တန်းစားဘဲ ဖြစ်စေ၊ အောက်ခြေလူတန်းစားဘဲဖြစ်စေ အားလုံးဟာ သူနည်းနဲ့သူ ဘ၀အတွက် လှုပ်ရှားရုန်းကန်ရမှု များမယ့်နှစ်ဖြစ်မယ်။ စိတ်အေးချမ်းသာယာစွာ နေရမယ့် နှစ်ဖြစ်ဖို့ မပါပါ။
-      အိမ်ထောင်ရေးကံ ညံ့နိုင်တဲ့ နှစ်ဖြစ်လို့ အိမ်ထောင်ရှိသူများ သတိထားပါ။ အနည်းဆုံး မကြာခဏ ကတောက်ကဆဖြစ်တာကနေ အိမ်ထောင်ရေး ပြဿနာကြီးများဝင်သည်အထိ ဖြစ်နိုင်တယ်။
-      အသက်ဘေးနီးတဲ့ ကိစ္စကြီးတွေ ၊ Accident တွေ ကြုံရကိန်း ရှိပြီး ကပ်ပြီး လွတ်မြောက်နိုင်တဲ့ အဖြစ်အပျက်မျိုးလည်း ကြုံရကိန်းရှိပါတယ်။
-      သားသမီးလိုချင်နေပြီး မရနိုင်သူများ သားသမီးရရှိနိုင်တဲ့ နှစ်မျိုးဖြစ်ပါတယ်။
-      မိမိအလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဒွိဟ ဖြစ်စရာ ကိစ္စမျိုးတွေ ကြုံမယ်။ အလုပ်အကိုင် ရွေးချယ်ရာမှာ စိတ်နှစ်ခွဖြစ်စရာ ကိစ္စတွေကြုံမယ်။
-      လူမှုရေးလုပ်ငန်း ၊  ပရဟိတလုပ်ငန်းများ လုပ်ခွင့်ရမယ်။ အလှူဒါနတွေ များများ ပြုလုပ်ဖြစ်လိမ့်မယ်။
-      စာအုပ်စာပေလုပ်ငန်း ၊ သတင်းနဲ့ ဆက်သွယ်ရေးလုပ်ငန်း ၊ ယာဉ်ကားလုပ်ငန်း ၊ လူမှုရေးပရဟိတ  လုပ်ငန်း တစ်ခုမဟုတ် တစ်ခု ကိုယ်တိုင် တည်ထောင်သူ ၊ အဓိကနေရက ပါဝင်သူ ဖြစ်လာဖို့ ရှိတယ်။ လူအများနဲ့ ဆက်သွယ် ၊ စပ်ဆိုင်နေတဲ့ လုပ်ငန်းသစ်တစ်ခုခု လုပ်ရဖို့ ရှိတယ်။
-      အချို့သော အိမ်ထောင်ရှင်များမှာ အိမ်ထောင်ဘက်ဖြစ်သူ နိုင်ငံရပ်ခြားကို အလုပ်လုပ်ဖို့ထွက်ခွာခြင်း ကြောင့် ယာယီခေတ္တ ကွဲကွာကိန်းမျိုး ရှိနိုင်တယ်။
-      ကိုယ်တိုင် နိုင်ငံရပ်ခြားကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ကိစ္စဆိုရင်တော့ အခက်အခဲ အလွန်များ လိမ့်မယ်။ ဒါပေမယ့် အပြီးအပိုင်ထွက်ခွာနေထိုင်ဖို့ ကိစ္စဆိုရင်တော့ အခက်အခဲရှိပေမယ့် အောင်မြင်စွာ ပြောင်းရွှေ့နေထိုင်ရကိန်း ရှိပြန်တယ်။
-      ဒီနှစ်ဟာ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဖြစ်သူဟာ နာမည်ကျော်ကြားကိန်း၊ အောင်မြင်တိုးတက်ကိန်း များ ရှိနေပြီး အိမ်ထောင်ဘက်ဖြစ်သူရဲ့ ဘ၀ကံဇာတာ မြင့်မားနေပါလိမ့်မယ်။ (သို့သော် အိမ်ထောင်ဘက်၏ ကြီးပွား အောင်မြင်တိုးတက်မှု နှင့် အိမ်ထောင်သာယာချမ်းမြေ့မှုတို့သည် ထပ်တူမကျနိုင်ပါ)
-      ၂၀၁၂ ခုနှစ်မှာ မိန်ရာသီ မွေးဖွားသူများထဲက -  အညံ့စင်စင်ကြယ်ကြယ် နှင့် ကောင်းသူ မရှိနိုင်ပါ။ အကောင်းအညံ့များ ရောထွေးနေနိုင်ပါတယ်။ ဒီထဲက တနင်္လာ နှင့် ဗုဒ္ဓဟူး(ရာဟု) သားသမီးများသာ အကောင်းဖက်သို့ အားများတယ်လို့ ပြောရ မလိုပါဘဲ။ ဒါပေမယ့် ဘာသာရေး နှင့် လူမှုရေး အကျိုးဆောင်မှု လုပ်ငန်းများ များများလုပ်သူများသာ အညံ့နည်းပြီး အကောင်းများဖို့ ရှိပါတယ်။
-      ဒါကြောင့် ဒီနှစ်အတွက် ကံအညံ့တွေ လွတ်ပြီး ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် -  နာမကျန်းဖြစ်နေပြီး ဆေးကုဖို့ငွေမရှိသူတွေကို ငွေကြေးလှူဒါန်းခြင်း ၊ လမ်းပြုပြင်တဲ့ အလှူကို လှူပေးခြင်း၊ ဆေးရုံသုံး စက်ကရိယာ တစ်မျိုးမျိုး လှူဒါန်းပေးခြင်းများကို ပြုလုပ်သင့်ပါတယ်။
.

ပြီးပါပြီ။

.
(၁၂)ရာသီခွင်တွင် မွေးဖွားလာကြသော (၇)ရက်သားသမီးအားလုံး နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်း ခညောင်းနိုင်ကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.
မှတ်ချက်။        ။ အထက်ပါ ဟောကိန်းများမှာ အနီးကပ် အမြန်ရေးလိုက်သော “အကျဉ်းချုပ်” ဟောကိန်းများ ဖြစ်သောကြောင့် အားလုံး အပြည့်အစုံ မဟုတ်သေးပါ။ ကျန်ရှိနေသော အချက်များလည်း ရှိပါသေးသည်။ ထို့ကြောင့် နောက်ထပ် ထပ်မံ၍ Update ပြုလုပ်ပေးသွားဦးမည် ဖြစ်ပါသည်။ 2010 ခုနှစ်ကအတိုင်း “ရုပ်ပိုင်း စိတ်ပိုင်းအခြေအနေ ၊ ကျန်းမာရေး ၊ ငွေကြေး ၊ အလုပ်အကိုင် ၊ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ သားရေးသမီးရေး . . . စသည့်ဖြင့် ခေါင်းစီးငယ်များ ပိုင်းခြားပြီး ထပ်မံ၍ Update ပြုလုပ်ပေးသွားပါဦးမယ်။ မကြာခဏ လာရောက်ဖတ်ရှုပေးပါရန် ဖိတ်ခေါ်ပါသည်။
.

2012 အတွက် အထူးအစီအစဉ်

မိမိထံသို့ ကွန်းမန့်များအတွင်းမှ မေးခွန်းပေါင်းများစွာကို မေးမြန်းထားသည်ကို တွေ့ရသော်လည်း ပြန်လည်၍ ဖြေမပေးနိုင်သည်ကို အနူးအညွတ်တောင်းပန်ပါသည်။ သို့ဖြစ်၍ ၂၀၁၂ အထူးအစီအစဉ်အဖြစ် ယခု ၂၀၁၂ တစ်နှစ်အတွက်နှင့် သက်ဆိုင်သော မေးခွန်းများကို ဖြေပေးပါမည်။
မေးခွန်းသည် အထွေထွေ (ရောကောသောကော) မေးခွန်းမဖြစ်ရပါ။ ဥပမာ – ဒီနှစ် ၂၀၁၂ ထဲမှာ ရာထူးတက်မလား ? အိမ်ထောင်ကျမလား ? အိမ်ထောင်ပြုသင့်လား ? ချစ်သူရမလား ? နိုင်ငံခြား သွားရမလား ? ကျန်းမာရေး ကောင်းမလား ? အိမ်ထောင်ရေး အဆင်ပြေမလား? နေရာ ၊ ရာထူး ပြောင်းရကိန်း ရှိလား ? အမှုအခင်းဖြစ်ကိန်း ရှိလား ?     စသည့် မေးခွန်းများဖြစ်ပါသည်။
၂၀၁၂ တစ်နှစ်ထဲနှင့်သာ သက်ဆိုင်သော မေးခွန်းဖြစ်ရပါမည်။ နောက်နှစ်များနှင့် မသက်ဆိုင်ရပါ။ မိမိ၏ အဖြေသည်လည်း ၂၀၁၂ တစ်နှစ်ထဲနှင့်သာ သက်ဆိုင်ပါမည်။ ဥပမာ – ဒီနှစ် (၂၀၁၂)မှာ ရာထူးတက်မလား ? ဟု မေးသည်ကို မိမိက “မတက်နိုင်သေးပါ” ဟုဖြေလျှင် ၂၀၁၂ အတွက်သာဖြစ်ပါသည်။ ၂၀၁၃မှာတော့ တက်ချင်တက်မှာပေါ့။ ဒါကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုပါသည်။ မေးခွန်းတိုများသာ မေးပါ။ မေးခွန်းအရှည်ကြီးများ ၊ ဘာကို မေးချင်မှန်းမသိသော မေးခွန်းများကို ဖြေပေးမည် မဟုတ်ပါ။ မေးခွန်း (၄-၅-၆)မျိုး မေးခြင်းမျိုးလည်း သည်းခံပါ။ တစ်ကြိမ်လျှင် မေးခွန်းတစ်ခုသာလျှင် မေးပါ။
လိုအပ်သည့် အချက်များမှာ -
(၁) ၂၀၁၂ အတွက် သိလိုသော မေးခွန်းတစ်ခု
(၂) မွေးသက္ကရာဇ် အပြည့်အစုံ (ဘာနေ့သားသမီးဆိုတာပါ ထည့်ရန်)
(၃) ဘလော့ ညာဖက် အောက်နားရှိ “ဟူးရားဂဏန်း” ယူကြမယ် ကို နှိပ်ပြီး ပေါ်လာသော ဂဏန်းတစ်ခု။
ဤ (၃)ခု ပြည့်စုံပါစေ။ ယခု ပို့စ်၏ အောက်ဖက်မှ ကွန်းမန့်အတွင်းမှာဘဲ မေးရမည် ဖြစ်ပါသည်။ အခြားနေရာ များတွင် မေးလျှင် ဖြေမည်မဟုတ်ပါ။ တွက်ရသည်မှာ ပင်ပန်းခက်ခဲသောကြောင့် အပျော်မမေးပါနှင့် ၊ အပျင်းပြေ မမေးပါနှင့်ဟု တောင်းပန်လိုပါသည်။ လောလောဆယ် မေးစရာ မရှိသေးလျှင် နောက်မှ မေးပါ။ ၂၀၁၂ တစ်နှစ်လုံး ဖွင့်ပေးထားပါမည်။
မိမိတင်လိုက်သော Comment ချက်ခြင်းပေါ်မလာလျှင် ခဏစောင့်ပါ။ ထပ်ရိုက်စရာမလိုပါ။ Anti Spam Software မှ Spam ဟုတ်မဟုတ် စစ်ဆေးပါဦးမည်။ Spam မဟုတ်လျှင် မိမိ ကွန်းမန့် (သို့) မေးခွန်း သူ့ဟာသူ ပေါ်လာပါလိမ့်မည်။ မိနစ် အနည်းငယ်မှ နာရီအနည်းငယ်အထိ စောင့်ရန် လိုပါသည်။ ခဏခဏ ထပ်ရိုက်ရန် မလိုပါ။
.
ကျန်းမာချမ်းသာကြပါစေကုန်သော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
 
ကျနော့် ဘလော့ဂ်မှာ လာရောက် တောင်းခံတဲ့အတွက်  ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ) ရဲ့ ပို့စ်ကို တင်ပေးလိုက်ပါတယ်.....တခြားပို့စ်များဆက်လက်ဖတ်ရှု့လိုလျှင် http://compubaydathukhuma.com/ မှာ ဖတ်နိုင်ပါတယ်...
အပြည့်အစုံဖတ်ရန်...

အိုသွေးပိုင်ရှင်များအကြောင်း

အိုသွေးပိုင်ရှင်များအကြောင်း

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့
စရိုက်သဘာဝက ထူးခြားပါတယ်...
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့
သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်
နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ
ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို
စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့
လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ
လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို
အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း
ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...
ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း
ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်...
အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်...
တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး
သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား
ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့...
တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို
ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ

အို-အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင်
မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို
ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လို
အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့်ဆိုရင်တော့
အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်း
နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့
အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။
အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း
ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့
ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်
မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ယောင်္ကျားတစ်ယောက်လို့
ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့
ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့
စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့
အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့ မိန်းကလေးမျိုးကို လိုလားသလို
အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။
ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့ မိန်းကလေးကြားမှာ
မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း
ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။ လမ်းမှာ သူတောင်းစားများ
တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့ ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး
အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို-အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့
အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ
သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား
ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။
ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။
အပြည့်အစုံဖတ်ရန်...

Aသွေးပိုင်ရှင်များအကြောင်း

Aသွေးပိုင်ရှင်များအကြောင်း

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့
သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို
စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်
အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်
အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင်
အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်
အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ
လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်
မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့
လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်...
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ
အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း
နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့်
ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်
မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်...
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့
စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်...
ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက်
ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို
ဆက်လက် တင်ပြသွားပါဦးမည်...

အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .

.အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့ ဒီကနေ့တော့
ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့ လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက်
ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့ အေသွေးအတွက် ပေါ့နော်။

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့ ရာခိုင်နှုန်းကတော့ ၇၀%
ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ
ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း
အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက
သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ
ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကို
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့ အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက
အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့ ထူးခြား ဆန်းကြယ်မှုကို
အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးများက
အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက်
ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။ ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။
အပြည့်အစုံဖတ်ရန်...

ဂဏန်းဗေဒင်

အပြည့်အစုံဖတ်ရန်...

2010 (၁၂)ရာသီခွင် ဟောကိန်းများ


***2010 (၁၂)ရာသီခွင် ဟောကိန်းများ***

မိတ်ဆွေ ညီအစ်ကို မောင်နှမ အားလုံး Happy New Year ! 2010 လို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ အားလုံး နှစ်သစ်မှာ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းတို့နဲ့ ပျော်ရွှင်နိုင်ကြပါစေ။ နှစ်သစ်တစ်ခု ကူးတိုင်းကူးတိုင်း ကံကြမ္မာ ကောင်းလေးတွေ ဖြစ်လာလို့ မျှော်လင့်ကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် နှစ်သစ်ကူးလက်ဆောင် (၁၂)ရာသီခွင် ဟောကိန်းလေးတွေ တင်ဆက်ပေးလိုက် ပါတယ်။

အပြည့်အစုံဖတ်ရန်...

နက္ခတ်ဗေဒင်မှတ်စုများ

အပြည့်အစုံဖတ်ရန်...

ဗေဒ သုခုမ

အပြည့်အစုံဖတ်ရန်...

မြန်မာ့ရိုးရာနက္ခတ်ဗေဒင်

အပြည့်အစုံဖတ်ရန်...

သင့်နာမည်လေးကို စစ်ကြည့်ပါ

သင့်နာမည်လေးကို စစ်ကြည့်ပါ

သူငယ်ချင်းရေ...
သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။ ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို .......

ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ

ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကြပေတော. ။

အပြည့်အစုံဖတ်ရန်...

သွေးအမျိုးအစား ကပြောသော ဗေဒင်

သွေးအမျိုးအစား ကပြောသော ဗေဒင်

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..

အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ
အပြည့်အစုံဖတ်ရန်...

မွေးဂဏန်းဗေဒင်

မွေးဂဏန်းဗေဒင်

၁ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု
ခေါ်သည်။ ၁ ဂဏန်းသမားများဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည်
မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုး အတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘ၀အဖေါ် ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ အထင်လွဲ ခြင်းခံရ တတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ်
ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့် ဆုံဆည်းကိန်းမရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည်။


အပြည့်အစုံဖတ်ရန်...

စိတ်ဝင်စားဖွယ်နာမည်ဗေဒင်


" ဗေဒင်နော် စိတ်ဝင်စားရင်တွက်ကြည့်လိုက်ပါ လွယ်ပါတယ်။ "
--------------------------------------------------------------------------------

က 1

ခ 2
ဂ 3
ဃ 4
င 5
စ 6
ဆ 7
ဇ 8
စ် 9
ည 10
ဋ 11
ဌ 12
ဍ 13
ဎ 14
ဏ 15
တ 16
ထ 17
ဒ 18
ွဓ 19
န 20
ပ 21
ဖ 22
ဗ 23
ဘ 24
မ 25
ယ 26
ရ 27
လ 28
၀ 29
သ 30
ဟ 31
ဠ 32
အ/ဥ 33

ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။
အဆင့် 1 - မိမိနာမည်ကိုပေါင်းပါ။(နာမည်အရှေ့က မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေထည့်တွက်စရာမလိုပါ။)
(ဥပမာ - မဖြူဖြူသော် ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ ဖ + ဖ + သ = ရလဒ် ကိုသာ ယူရမှာဖြစ်ပါတယ်။)
အဆင့် 2 - မိမိချစ်သူ နာမည်ကိုပေါင်းပါ။
အဆင့် 3 - မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။
အဆင့် 4 - နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။

အကြွင်း 1 ကြွင်းလျှင် ။ အသက်မကချစ်ကြမည်။
။ 2 ။ ။ ရင်နာစရာကြုံရမည်။
။ 3 ။ ။ ဘ၀ဖူးစာဖက်များဖြစ်သည်။
။ 4 ။ ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။
။ 5 ။ ။ အစကချစ်လည်း .. နောင်မုန်းမည်။
။ 6 ။ ။ တစ်ဦးက တစ်ဖတ်သက်သာချစ်ရရှာသည်။
။ 7 ။ ။ ချစ်သော်လည်း မညားကြချေ။
။ 8 ။ ။ မိဘများက သဘောမတူကြချေ။
။ 0 ။ ။ ဘယ်လိုမှ အပ်စပ်လို့မရနိုင်ပါဘူး တဲ့ ။


သူငယ်ချင်းများအားလုံး ........
အဆင်ပြေနိုင်ပါစေဗျာ ............

မှတ်ချက်။ ။ စိတ်ဝင်စားဖို့ ကောင်းလို့  feature dream မှကူးယူတင်ပြပါတယ်
အပြည့်အစုံဖတ်ရန်...

ရာသီခွင်နဲ. အချစ်ဗေဒင်



အခုဟာက အချစ်ဒဿနတွေပါ ။ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်ထဲကတင်ပေးလိုက်ပါတယ် ။ ဒါရိုက်တာကို က၁ပတ်ကြာတယ်။ မအားတာနဲ့၊ပျင်းတာနဲ့ပေါ့။ဟုတ်သည်ရှိ မဟုတ်သည်ရှိ အပျင်းပြေပေါ့။ သင်ဖတ်တယ်ဆိုတာကိုလည်း ဘယ်သူမှသိမှာမဟုတ်ဘူး။ [?] ကိုယ့်ကောင်မလေး ကောင်လေး အကြောင်းတွေ သိချင်တော့ဖတ်ကြည့်ပေါ့

မိဿအချစ်ဒဿန (ARIES)

မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ "နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ် ချက်များ၊မီးတောက်၊မီးလျှံများ ကြားမှအလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။ လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။
သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။
"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။
မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍ ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း ဦးစားပေးတတ်သည်" အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင်.....
အပြည့်အစုံဖတ်ရန်...