http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

" ကောင်းရော "

အများသုံးအိမ်သာထဲတစ်ခုထဲဝင်ပြီး ကမုတ်ထဲဝင်ထိုင်ကာရှိသေးတယ် ဟိုဘက်အိမ်သာထဲက

" နေကောင်းလား " တဲ့ လှမ်းနှုတ်ဆက်တယ် ။

ဒီနေရာမျိုးမှာ အလာပ သလာပ စကားပြောရတာ စိတ်မသက်သာရှိလှသည် ။ ဒါပေမယ့် မကောင်းတတ်တော့ . . .

" နေကောင်းပါတယ် "

ဟုသာပြန်ပြောလိုက်သည် ။ ဘာပဲဖြစ်ဖြစ်လေ . . . .

ကိုယ့်ကိစ္စကိုယ်ဆက်ရှင်းမယ်ကြံကာရှိသေး . . . . ဟိုဘက်ကထပ်မေးလာပြန်သည် ။

"ခင်ဗျားဘာတွေအလုပ်ရှုပ်နေလဲဗျ" တဲ့

ဘယ်လိုလဲဟ . . ဒီနေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းမျိုးကို ဘယ်လိုလုပ်ဖြေရမလဲ ။

"ခင်ဗျားလိုပဲပေါ့ဗျာ" လို့ပြန်ဖြေလိုက်ပါတယ် ။

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့စိတ်ကူးလိုက်တယ် ။ ဒါပေမယ့် နောက်မေးခွန်းတစ်ခုထပ်ထွက်လာပြန်သည် ။

"ကျွန်တော်လာခဲ့ရမလား" တဲ့

ဘာတွေမေးနေတာလဲဟ ။ စိတ်ထဲမှာတော်တော်လေးအံ့သြစိတ်ညစ်ဖြစ်သွားတယ် ။ ဒါပေမယ့် အလိုက်သင့်ပဲ ပြန်ပြောလိုက်တယ်။

" မလုပ်ပါနဲ့ဗျာ ကျွန်တော်လဲဒီမှာအလုပ်ရှုပ်နေတယ်လို့ပေါ့ "

ဟိုဘက်ကလဲထပ်မေးလာပြန်တယ် ။

" စားပြီးပြီလားတဲ့ "

စိတ်ထဲမှာတော်တော်လေး ဘုသွားတယ် ။ ဘယ်လိုလူလဲရိုင်းလှချည်လားဆိုပြီး ပြန်ပြီးရန်တွေ့မယ်လုပ်တော့ . . . . . . . . . .
ဟိုဘက်ကအသံတစ်ခု ထပ်ပြန်ကြားလိုက်တယ် ။

" နောက်မှပဲပြန်ဆက်လိုက်မယ်နော် ။ သူငယ်ချင်းကို ကိုယ်မေးနေသမျှ ဟိုဘက်ခန်းက
ဘယ်က ငကြောင်လဲမသိဘူး ရူးကြောင်မူး ကြောင်နဲ့ ငါပြောသမျှလိုက်လိုက်ဖြေနေတာတဲ့လေ "

" ကောင်းရော "
အပြည့်အစုံဖတ်ရန်...

စိုးရိမ်အခြေအနေ

ကုမ္ပဏီသူဌေးတစ်ယောက်သည် မနက်တိုင်းကော်ဖီသောက်ပြီး ကော်ဖီပန်းကန်များကိုကိုက်စားလေသည်။
သူဌေးကတော်လည်း သတိထားပြီးစောင့်ကြည့်ရာ ရက်သတ္တတစ်ပတ်ကျော်လာသည်။ထို့ကြောင့် စိတ်ရောဂါအထူးကုထံသွား၍ သူဌေး၏အခြေအနေကိုပြောပြလေသည်။
ဆရာဝန်။ ။ခင်ဗျားခင်ပွန်းက ဒီလိုလုပ်တာဘယ်လောက်ကြာပြီလဲ
သူဌေးကတော်။ ။ ၁ ပတ်ကျော်ပါပြီဆရာ။
ဆရာဝန်။ ။ ပန်းကန်တစ်ခုလုံးစားပစ်တာလား။
သူဌေးကတော်။ ။မဟုတ်ပါဘူး...ဆရာ။ လက်ကိုင်ကွင်းလေးကိုတော့ ချန်ချန်ထားတတ်ပါတယ်ဆရာ။
ဆရာဝန်။ ။ တော်တော်အခြေအနေဆိုးနေတာပဲ။
သူဌေးကတော်ကပြာပြာသလဲပြန်မေးလေသည်
သူဌေးကတော်။ ။ဟုတ်လား....ဘယ်လိုဖြစ်လို့လဲဆရာ
ဆရာဝန်ပြန်ပြောလိုက်သည်မှာ
ဆရာဝန်။ ။တကယ်တော့ ကော်ဖီပန်းကန်မှာ အဲဒီလက်ကိုင်ကွင်းလေးက အရာသာအရှိဆုံးဗျ။ ။
အပြည့်အစုံဖတ်ရန်...

မစခင်

စတင်ခြင်း


ဆူဆန်ရဲ့ ခင်ပွန်း အလုပ်က ပြန်လာတဲ့အချိန်မှာ အလွန်ကို ပင်ပန်း နွမ်းနယ်နေပုံပါပဲ။

ရောက်တာနဲ့ တီဗီရှေ့က ဆိုဖာပေါ် ပစ်လှဲရင်း "ဟိုဟာ မစခင် ငါ့ကို ဘီယာ တစ်ခွက်လောက် ပေးစမ်းပါ"တဲ့။

ဒါနဲ့ ဆူဆန်လည်း ဘီယာတစ်ခွက် သူ့ကိုပေးလိုက်ပါတယ်။

သိပ်မကြာပါဘူး။

"ဟိုဟာ မစခင် ငါ့ကို ဘီယာတစ်ခွက်ထပ်ပေးစမ်းပါ" လို့ ဆိုတာနဲ့ ထပ်ပေးလိုက်ပေမယ့် သိပ်တော့ကြည့်မရတော့ပါဘူး။ ထပ်ပြီး

"နောက်ထပ် ဘီယာထပ်ပေးစမ်းပါ။ သိပ်မကြာခင်စတော့မှာ" ဆိုတာနဲ့ ဆူဆန် ဒေါသကို ထိန်းမထားနိုင်တော့ဘဲ

"နေပါဦး၊ ရှင်တစ်ညလုံး ဒါပဲပြောနေတော့မှာလား။ တီဗီရှေ့ထိုင်၊ ဘီယာသောက်၊ အလကားလူ၊ ငပျင်း၊ အသုံးမကျတဲ့သူ .."

ဆူဆန် တရစပ်ပြောနေချိန်မှာ ယောက်ျားဖြစ်သူက သက်ပြင်းလေးတွဲတွဲချရင်း ဆိုတာက "ကြည့် ..အခုတော့စပြီ.."တဲ့။
အပြည့်အစုံဖတ်ရန်...

joke

လွတ်လပ်မှုရှာဖွေခြင်း


“ကျွန်တော့်အဖိုး ရဲ့အဖေ၊ကျွန်တော့်ရဲ့အဘေးက လွတ်လပ်စွာ နေထိုင်လိုတဲ့အတွက် အမေရိကန်နိုင်ငံကို

လာခဲ့တာပဲ။ဒါပေမယ့် ထင်သလိုမဖြစ်ပါဘူး”

“ဘာဖြစ်လို့လဲ”

“ကျွန်တော့်အဘေးရဲ့ မိန်းမက နောက်သင်္ဘောနဲ့ ချက်ချင်း လိုက်လာခဲ့တယ်လေ..



မျှဝေခံစားမှုများ


“လက်မြှောက်၊ရှိတာအကုန်ထုတ်”

သေနတ်ဖြင့်ချိန်၍ ဓားပြက ဟောက်လိုက်သည်။

“ကျုပ်ကို ဓားပြလာတိုက်တာဟာ ခင်ဗျားအချိန်ဖြုန်းတာ သက်သက်ပဲ။ကျုပ်အိတ်ထဲ ပိုက်ဆံတစ်ပြား

မှမကပ်တာ ၊ သီတင်းတစ်ပတ်မကတော့ဘူး”

ဓားပြတိုက်ခံရသူက ညည်းတွားလိုက်သည်။

“ခင်ဗျားက ညည်းစရာမဟုတ် ညည်းနေပြန်ပြီ”ဓားပြက ပြန်ပြောလိုက်သည်။

“ခင်ဗျားရဲ့ဒုက္ခက ဘာဟုတ်သေးလို့တုံး။ကျုပ်သေနတ်အတွက် ကျည်ဆန်မ၀ယ်နိုင်တာတောင်

နှစ်လလောက်ရှိပြီ”



ရလိုက်သည့်ပညာ


ကောင်လေးသည် စွပ်ပြုတ်ကို စွပ်ပြုတ်သောက်သည့်ဇွန်းမဟုတ်သည့် ဇွန်းဖြင့် သောက်နေခဲ့သည်။

ဇွန်းခက်ရင်းတို့ကို ဘယ်ညာလက်မှာကိုင်သည်။လက်ဖက်ရည်ကို ပန်းကန်ပြားထဲလောင်းထည့်ပြီး

မှုတ်သောက်သည်။

အမျိုးသမီးကြီးက ကောင်လေးကို ဘ၀င်မကျစွာ ကြည့်နေရာမှ မေးလိုက်သည်။

“ထမင်းဝိုင်းမှာ မင်းရဲ့အဖေအမေကို ကြည့်ပြီး ဘာပညာမှ မရခဲ့ဘူးလား”

“ရခဲ့ပါတယ်”ကောင်လေးက ဖြေလိုက်သည်။

“ဘယ်တော့မှ အိမ်ထောင်မပြုဖို့လေ”



အစွမ်းသိပြီးသား

“ရှင့်လင်က ငါးမျှားထွက်တယ်ဆိုတာကို ရှင်ယုံသလား”အိမ်နီးချင်းအမျိုးသမီးက အတို့အထောင်

လုပ်နေခဲ့သည်။

“သူပြန်လာတော့ ငါးတစ်ကောင်မှ မပါတာကို သတိပြုမိသလား”

“အဲဒီလို ငါးတစ်ကောင်မှ မပါလို့ကို သူငါးသွားမျှားမှန်း ယုံကြည်တာပေါ့”
အပြည့်အစုံဖတ်ရန်...

၂၀၁၀ နှစ်ဦး လျှော့ဈေးအဖြစ် နှစ်ချို့ နှလုံးသားတစ်စုံ ရောင်းရန်ရှိသည်

အောက်ပါ အရည်အချင်းများကို ပိုင်ဆိုင်သည်။

၁။ မြန်မာပြည်ဖြစ် ကြင်နာတတ်သောနှလုံးသား တစ်စုံဖြစ်သည်။
၂။ ကျန်ရစ်မင်းနှင့် အမျိုးမကင်းသောကြောင့် ချိန်ပါ ခဏခဏဖြစ်ဖူးသည်ဟု ဝန်ခံထားသည်။
၃။ ချစ်မီးတဟုန်းဟုန်းတောက်လောင်နေသူ ဖြစ်၍ မီးသတ်ကားပင် မနိုင်ဟုဆိုကြသည်။
၎။ Handphone ရထားသော မျောက်ကဲ့သို့ တခါတလေ ဂဏာမငြိမ် ဖြစ်နေတတ်သည်။
၅။ လူပျိုကြီးဘဝမှ တမူပိုတိုးပြီး လူပျိုသိုးကြီး ဖြစ်မှာကို ကြောက်ဟန်တူသည်။
၆။ အဝေးမှ ကြည့်လျှင် ဗေလုဝထက် ပိုချောသည်ဟု ထင်ရသည်။
၇။ အရပ်အမောင်းအားဖြင့် ကိုချစ်စရာထက် လက်တစ်လုံးပိုဟန် ရှိသည်။
၈။ အသားအရည်မှာ ကိုငှက်ပျောကြော်ကဲ့သို့ ခန့် ညားသည်ဟု ကြွားလုံးထုတ်ထားသည်။
၉။ အစားအသောက်တွင် ဇီဇာကြောင်တတ်ပြီး ပွစိပွစိ ပြောတတ်သည်။
၁၀။ .............. .................... .....................

အသေးစိပ် သိလိုပါက ထိုလူပျိုကြီးအကြောင်းကို ဧဒင်ဥယျာဉ်မှAdminKOMYO ထံ စာရေးမေးမြန်းနိုင်သည်။

မှတ်ချက်။ ။ ဘဝတူ အပျိုကြီးများအား မရောင်းပါဟု မှတ်ချက်ပေးထားသည်။

herostar
အပြည့်အစုံဖတ်ရန်...

သတ်ပုံမှားတဲ့ နေ့ ..

ကိုယ့်ရဲ့အဖြစ်ချင်ဆုံး အိမ်မက်တစ်ခုက စာရေးဆရာ။ ဖြစ်ချင်တာမှ ဆရာမြသန်းတင့်တို့၊ အမေမာတို့လို့ စာရေးဆရာမျိုး၊ မန္တလေးကိုရောက်ရင် မန်းတောင်ရိပ်ကို မတက်ခင် အမေ့မာအိမ်အပြေးသွားလိုက်ရမှ ကျေနပ်သူ။ သို့သော် ကိုယ့်ရဲ့ အားနည်းချက်က ခံစားတတ်သော နှလုံးသားသာရှိသည်။ ဖန်တီးထုဆစ်နိုင်သော သညာကား မရှိ။ ဤသို့ဖြင့် ကိုယ်သည် ဟိုနေရာ လက်ဆော့၊ ဒီနေရာ လက်ဆော့ဖြင့် ခပ်ချာချာ စာရေးသူတစ်ယောက်ဖြစ်လာခဲ့သည်။ သူငယ်ချင်းများက ဝေဖန်သည်။ ကလော်ဆဲသည်။ မေတ္တာပို့သည်။ ရှက်ရကောင်းမှန်းမသိ။ စာရေးဆရာတစ်ယောက်ဖြစ်ရန် အိပ်မက် မက်ကောင်းဆဲ။

ကိုယ့်ကို စာရေးဖြစ်အောင် တွန်းအားပေးခဲ့သူက ကိုယ့်ဆရာ စာရေးဆရာဦးရဲနိုင်။ အင်မတန် စိတ်တိုတတ်သူ။ အခန့်မသင့်လျှင် ဆဲတတ်သူ။ ဆရာစာတည်းမှူးချုပ်အဖြစ် မဂ္ဂဇင်းထုတ်ချိန်တွင် ကိုယ်ကစာတည်းအဖွဲ့ဝင် အငယ်ဆုံး။ ဆန်ရင်းနာနာဖွပ် ဆိုသည့်စကားသည် ကိုယ့်အတွက်ဖြစ်ခဲ့သည်။ စာပေစီစစ်ရေးသို့ စာကြမ်းအစစ်ခံရန်သွားလျှင်လည်း ကိုယ်....။ စာအုပ်အဖုံးရိုက်ဖို့ မင်းသမီးထမိန်ထုပ်ထမ်းပြီးနောက်က တကောက်ကောက်လိုက်ရလျှင်လည်း .. ကိုယ် ....။ အနယ်နယ်အရပ်ရပ်က ညီအစ်ကိုတော်များ။ ညီအစ်မတော်များ၏ လက်ရာစုံကို မငြီးမငြူဖတ်ရလျှင်လည်း ကိုယ်...။ လိုအပ်လို့ အငှားခန္ဓာမြှောင်ရလျှင်လည်း ကိုယ်..။ စာအုပ်တကယ်တန်း ထွက်လာချိန်တွင် ဌာနဆိုင်ရာတွေမှာ ရှေ့မျက်နှာနောက်ထားပြီး ဦးဆောင်ဖြန့်ဝေရလျှင်လည်း .... ကိုယ်...။ ဤသို့ အသုပ်စုံကိုယ်သည် စာရေးသူကောင်းတစ်ယောက် ဖြစ်မလာသည်မှာ အံ့သြစရာမဟုတ်ပါတကား...။


သည်ကြားထဲ မဂ္ဂဇင်းတွင် အမှားတစ်စုံတစ်ရာပါလာပါက ကွမ်းတမြုံ့မြုံ့ဝါးတတ်သော ဆရာ၏အဆဲကို မျက်နှာတွင် ကွမ်းဖတ်စင်အောင် ခံရပြန်သေးသည်။ သို့သော် ကိုယ်သည် မည်သို့သော အခက်အခဲများရှိရှိ ... အိပ်မက်မက်နေရသည်ကို ကျေနပ်နေသည်သာဖြစ်သည်။

----------------× × × × × × × × × × × × × × × × × × × × × × --------------------------

ဒီနှစ်စာအုပ်မှာ ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အင်တာဗျူးကဏ္ဍလေး ထည့်ချင်တယ်ကွာ။ ဓါတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့ အရမ်းကြီးလည်း မရှည်စေနဲ့။ ဒီဆရာမကြီးက လွတ်လပ်ရေးမရခင်ကာလကစပြီး တကယ့်ကို စွမ်းစွမ်းတမံ လုပ်ခဲ့တာကွ။ အသက်အကြီးဆုံးဝန်ထမ်းကောင်းကြီး... ။ သူ့ကို စထည့်မယ်...။ အမျိုးသမီးချင်းဆိုတော့ မင်း သွားဗျူးခဲ့....။

ဆရာက ငပိဆို တပည့်ဖြစ်တဲ့ကိုယ်က ဖုတ်ပီးသားလေ။ ဆရာမကြီးအိမ်ရှိတဲ့ အင်းယားကန်နားက တိုက်ပုလေးဆီကို ချက်ချင်းပဲ အရောက်သွားခဲ့တယ်။ ငွေရောင်ဆံပင်ဖြူလွလွနဲ့ အဖွားအိုတစ်ယောက်ရဲ့ အပြုံးတွေ့ ချမ်းမြေ့စရာကောင်းလိုက်တာ။ အရင်တုန်းက တောက်ပခဲ့တဲ့ ကြယ်ပွင့်တွေဟာ ခုတော့လည်း ဇရာရဲ့အောက်မှာ.... ။

အမေ .. သမီးတို့ မဂ္ဂဇင်းမှာ နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုဖော်ပြချင်လို့ မေးမြန်းခွင့်လေး ပြုပါရှင်...
အော်.. သမီးလေး .. ထိုင် ထိုင် ..... အမေ နားကျပ်ယူလိုက်အုန်းမယ်နော်... ဟိုကုတင်ပေါ် လှဲလိုက်.....

ဟိုလေ .. အမေ .. ဟို .. ဟို. အင်တာဗျူး

အိုအေ.. အမေ သိပါတယ်... ကဲ ကျောကုန်းလှန် အသက်ပြင်းပြင်းရှု........။ အင်း .. အိုကေ .. ငါ့သမီး အဆုတ်တွေ နှလုံးတွေ အရမ်းကောင်းတယ်....။ ကဲ ဗိုက်ကိုလှန်အုန်း ...........

ဟိုလေ .. အမေ .. ဟို .. .ဟို ..........
မှန်းစမ်း .... ဘာမှ ရှက်စရာမလိုဘူး ..... တကိုယ်လုံးကိုလျှော့ထားလိုက် .... အင်း .. ဟုတ်ပြီ ကဲ .. လှန်အုန်း ...
ရှင် .. အမေ .... တော်ပီလေ .. အမေရဲ့....
အိုအေ ... ရှက်မနေနဲ့ မိန်းကလေး ....... Physical examination ဆိုတာ အကုန်စမ်းရတယ်အေ့ ....။ ကဲ .. လှန်မှာသာလှန်စမ်း ...။
(အင်း ... အကုန်အရှုံးပေးခဲ့ရပြီးပြီ.....။ ဒီတစ်နေရာတော့ အရှုံးမပေးနိုင်...။ ဘယ်ရမလဲ .. ငါကွ ...ထုတ်လိုက်စမ်း ဥာဏ်နီဥာဏ်နက်တွေ.....)

အား .. အမေ .. ဒူးခေါင်း .... ဒူးခေါင်းက တစ်အားနာနေတာ ကြာပြီ...။
အော် ... ပြဿနာက ဒူးမှာလား ...။ အေး အေး .. အမေ စစ်ဆေးပေးမယ်....။


အဲဒီနေ့က တူသေးသေးလေးနဲ့ ဒူးနှစ်ဖက်ကို အချက်ပေါင်းများစွာ အခေါက်ခံခဲ့ရတယ်.....။ ခြေထောက်တွေ မြှောက်လိုက် ချလိုက် လုပ်ရလွန်းလို့ ဗိုက်ကြောတွေလည်း နာလှပြီ.....။ အင်တာဗျူးလည်း မစရသေး....။ ဆရာ ဆူကာမှသာဆူပေရော့.....။ ပြန်တော့မည်..။

ကန်တော့ပါရစေ အမေ.....။
ကြမ်းပြင်ပေါ်က အထမှာ အရင်တုန်းက မနာတဲ့ ဒူးတွေက မျက်ခနဲ နာနေတယ်...။ အဖွားအိုရဲ့ ဆုတောင်းသံအဆုံးမှာ ကွတ ကွတ နဲ့ ထပြန်ခဲ့ရတယ်.....။ အပြန်ခရီးမှာ အဆဲပေါင်းများစွာနဲ့ စောင့်နေမဲ့ ဆရာ့မျက်နှာကြီးကို မြင်ယောင် ကျောချမ်းမိလို့ ကွမ်းကြိုက်တဲ့ဆရာ့ကို ဖားဖို့ ကွမ်း ၂၀၀ ဖိုး ၀င်ဝယ်ခဲ့ရတယ်....။

စာပေခရီးလမ်းက ငါ့အတွက် ကြမ်းလိုက်တာ...။ ကဲ ... သူငယ်ချင်း .... ။ ငါ စာရေးမကောင်းတာ မင်းအပြစ်တင်ချင်သေးလား....
ဒါပေမဲ့ .. ငါ အိပ်မက် မက်နေဆဲပါပဲလေ.........
အပြည့်အစုံဖတ်ရန်...